Tuesday, April 23, 2013

KIO/KIA အဖွဲ့သည် တရုတ်သဘော တူညီမှု ရရှိမှသာ အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေးေ ဆွးနွေးပွဲ ပြုလုပ်လိမ့်မည်ဟု ဝေဖန်မှုများ ထွက်ပေါ်

၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနား၌ KIO/KIA အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ပြုလုပ်ရန် စီစဉ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO/KIA ဘက်မှ အကြောင်းပြချက် အချို့ဖြင့် ရွှေ့ဆိုင်းခဲ့ပြီးနောက်ပိုင်း သင်္ကြန် အပြီး ဧပြီလ ၂၂ ရက်နေ့၌ ဆွေးနွေးပွဲဖြစ်မြောက်လိမ့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့အချိန်ထိ အကောင်အထည် မဖော်နိုင်သေးကြောင်း သိရှိရ သည်။


KIO/KIA အဖွဲ့နှင့် အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ တရုတ်မှ ကန့်ကွက် ၍ ဖြစ်ကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက RFA သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း ၎င်းသတင်းဌာန၏ Facebook စာမျက်နှာ တွင် ဖော်ပြထားသည်။ ၎င်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာ အာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲမှုကို တရုတ်နိုင်ငံ အနေဖြင့် လေးစား မှုအပြည့်အ၀ ထားရှိခဲ့ကြောင်း ဆွေးနွေးပွဲရွှေ့ ဆိုင်းရခြင်းမှာ တရုတ်အစိုးရ၏ ကန့်ကွက်မှု ကြောင့် ဟု ဖော်ပြထားမှုနှင့် ပတ်သက်ပြီးများစွာ ၀မ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဧပြီ ၂၁ ရက်နေ့က ကချင်ပြည်နယ် KIA ဗဟိုဌာနချုပ်လိုင်ဇာမှ ခေါင်းဆောင်ပိုင်း အချို့သည် တရုတ်နိုင်ငံသို့ ထွက်ခွာသွားမှု အပေါ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကန့်ကွက်မှုရှိ၍ ရွှေ့ဆိုင်းခဲ့ရသည်ဟူသော သတင်းများမှာ မှန်နေပြီဟု ဒေသခံများက ဝေဖန်ပြော ဆိုနေကြောင်း သိရသည်။


“ KIA အနေနဲ့ကလည်း ကချင်တိုင်းရင်းသားအားလုံးမျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကို အကောင် အထည်ဖော် ချင်နေပြီ၊ ဒါပေမဲ့ တရုတ်ရဲ့လိုလားချက်ကိုလည်း ဘေးဖယ်ထားလို့မဖြစ်ပြန်ဘူး၊ တရုတ်က KIA ကိုခုလို အခြေအနေမျိုးနဲ့ ရပ်တည် နိုင်အောင် ကူညီပေးနေခဲ့တာမို့လား၊ တရုတ်ရဲ့သဘောကတော့ အမေရိကန်၊ ဗြိတိန်စတဲ့ အနောက်နိုင်ငံတွေ ပါဝင်ပတ်သက်လာမှာကို မကြိုက်ဘူး၊ ပြီးတော့ EU ကလည်း မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးလိုက်ပြီ ဆိုတော့ တရုတ်က ပိုစိုးရိမ် သွားတာပေါ့၊ တရုတ်က KIA ကို ‘၀´ အဖွဲ့လိုပဲ သူတို့ထောက်ပံ့ပေးတာ ယူနေရတဲ့ လက်ကိုင်တုတ်လို မျိုး အသုံးချချင်တာ၊ ကချင်ပြည်နယ်ထဲကို အနောက်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေဝင်လာမှာမလိုလားဘူး၊ တရုတ်က KIA ကို သူတို့ဖြစ်ချင်တဲ့ သဘော အတိုင်း လိုက်လျောပေးရင် ထောက်ပံ့ပေးထားမယ့် သဘောပဲဖြစ်မှာပေါ့ ” ဟု တရုတ် - မြန်မာ နယ်စပ်ရှိ ကချင်အရေးလေ့လာသုံးသပ်သူ တစ်ဦး က ပြော ကြားသွားသည်။


KIO/KIA အနေဖြင့် UN,US,UK မှကိုယ်စားလှယ်များ သက်သေအဖြစ်တက်ရောက်ရန် ဖိတ်ကြားခဲ့မှုကို တရုတ်က ကန့်ကွက်ခဲ့သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲရွှေ့ဆိုင်းခဲ့ရသည်ဟု သတင်း ထွက်ပေါ်ပြီး နောက် ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ရက် သတ်မှတ်နိုင်ခြင်း မရှိသေးဘဲ တရုတ်၏ လိုလားချက်အတိုင်း လုပ်ဆောင်မှာကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။ လိုင်ဇာမြို့ခံတစ်ဦးကတော့ “ ဒီမြို့ထဲမှာ အမျိုးမျိုးသတင်းတွေပျံ့နေတာပဲ၊ KIO/KIA ကခေါင်းဆောင် တွေတရုတ်ကိုသွားတာ စဉ်းစား စရာဖြစ်နေတယ်၊ ကိုယ့်ပြည်နယ် ငြိမ်းချမ်းရေး ကိုယ်ဘာသာဆုံးဖြတ်ပေါ့၊ ဘယ်သူ့သြဇာ မှခံစရာမလိုဘူး၊ အရင် ဆွေးနွေးပွဲပျက်တာလည်း တရုတ်ကန့်ကွက်လို့ဆိုပြီး ပြောနေကြတာပဲ၊ အခုလည်းကြားရတဲ့ သတင်းတွေကမကောင်းဘူး၊ တရုတ်က သူတို့သဘောအတိုင်းလိုက်လုပ်ရင် KIO/KIA အဖွဲ့ကို ‘၀’ အဖွဲ့လိုပဲ လက်နက်ခဲယမ်းနဲ့ ငွေအားလုံး ထောက်ပံ့ပေး မယ်ဆိုလား၊ တရုတ်ရဲ့လက်အောက်ခံ လုပ်ရင်တော့ ကျွန်တော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းဖို့ အလှမ်းဝေးနေအုံးမှာပါပဲဗျာ ” ဟု ပြောပြသွားခဲ့ သည်။
KIO/KIA အဖွဲ့မှ ခေါင်းဆောင်ပိုင်းအချို့ တရုတ်နိုင်ငံသို့ ထွက်ခွာသွားမှု အပေါ် ဒေသခံပြည်သူများ အကြား ဝေဖန်မှုများ ဖြစ်ပေါ် နေပြီး ကချင်ပြည်နယ်ငြိမ်းချမ်းရေးအလှမ်းဝေးသွားမှာကို စိုးရိမ်ပူပန်နေ ကြရကြောင်း သိရှိရပါသည်။

From...ကချင်နေစဉ်သတင်း


No comments:

Post a Comment