Saturday, April 27, 2013

လှိုင်မြို့နယ်ရှိ သိန်းဦးကုမ္ပဏီ ၀န်းအတွင်း ပုံထားသော Myanmar Asia Express ကုမ္ပဏီပိုင် သစ်လုံးများ မီးလောင်မှုဖြစ်ပွား

4.27.1
မီးလောင်ကျွမ်းနေသော သစ်လုံးများကို မီးသတ်တပ်ဖွဲ့မှ ငြိမ်းသတ်နေစဉ်
ဧပြီလ၂၇ ရက်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ်၊ လှိုင် (၂) ရပ်ကွက်ရှိ သိန်းဦးကုမ္ပဏီဝန်းအတွင်း ပုံ ထားသော Myanmar Asia Express ပိုင် သစ်လုံးများအား မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။
မီးမှာ ၉ နာရီ ၁၀မိ နစ်ဝန်းကျင်က စတင်လောင်ကျွမ်းကာ မီးသတ်မှ မီးသတ်ကား ၁၆ စီး၊ အုပ်ချုပ်ရေး ယာဉ် ၃ စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ပြီး ၉ နာရီ ၄၀ ခန့်တွင် ငြိမ်းသွားခဲ့ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းသည့် နေရာမှာ သိန်းဦးကုမ္ပဏီ ၀န်းအတွင်း ဖြစ်ပြီး မီးလောင်ကျွမ်းသည့် သစ်လုံး များမှာ Myanmar Asia Express မှ မြေနေရာ ငှားရမ်းကာ လာရောက်ပုံထားခြင်း ဖြစ်ကြောင်း သိန်းဦး ကုမ္ပဏီ မန်နေဂျာဖြစ်သူက ပြောကြားခဲ့သည်။
''မီးစလောင်တာက ဆေးလိပ်မီးတို ပစ်ချခဲ့ရာကနေ မြက်ခြောက်ကနေတဆင့် သစ်တုံးတွေကို ကူး စက်လောင်ကျွမ်းတာ ဖြစ်ပါတယ်'' ဟု လှိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သစ်လုံးများမှာ ၅ နှစ်ခန့် ကြာပြီဖြစ်ပြီး ဆွေးမြေ့နေပြီ ဖြစ်ကြောင်း သိန်းဦးကုမ္ပဏီ မန်နေဂျာဖြစ် သူက ပြောကြားခဲ့သည်။
From...Eleven

No comments:

Post a Comment