Sunday, April 7, 2013

နိုင်ငံကိုကိုယ်စားပြုတဲ့ သတင်းအေဂျင်စီ National News Agency ရှိသင့်တဲ့ အကြောင်းရန်း ပြန်ကြားရေး ဒုဝန်ကြီး ရှင်းပြ

ကျွန်တော်က မြန်မာ့သတင်းစဉ်ရဲ့ သတင်းဖြန့် ချိမှုစနစ် Wire Service ပြုပြင် ပြောင်းလဲမှုကို ရှင်းပြတဲ့အခါ တစ်ချို့ မှတ်ချက်ရေးသူများက ဘယ်နိုင်ငံမှာ အစိုးရက ဒီလိုလုပ်တာရှိသလဲလို့ မေးပါတယ်။

အဲဒီလို နိုင်ငံကိုကိုယ်စားပြုတဲ့ သတင်းအေဂျင်စီ National News Agency ရှိတဲ့နိုင်ငံအများအပြားရှိပါတယ်။ ဒီမိုကရေစီစနစ်လည်းကျင့်သုံး၊ မြန်မာနဲ့ လည်း အနီးဆုံးကိုပြောရရင်တော့ အင်ဒိုနီးရှားနိုင်ငံရဲ့ Antara သတင်းဌာန ပါ။ သူဟာလည်း နိုင်ငံပိုင် State Owned Enterprise ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပသတင်းများကို အေဂျင်စီအဖြစ် နဲ့ ဖြန့် ဖြူးပေးနေပါတယ်။

နောက်ထပ်အစိုးရပိုင်မဟုတ်ပဲ အကျိုးအမြတ်မယူသောစုပေါင်းအဖွဲ့အစည်း nonprofit cooperativeအဖြစ် ဖွဲ့စည်းပြီး National News Agency အဖြစ် ဆောင်ရွက်နေတာက အိန္ဒိယနိုင်ငံရဲ့ Press Trust of India , PTI ဖြစ်ပါတယ်။

ဒိသတင်းဌာနနှစ်ခုဆိုရင် သူတို့ နိုင်ငံတွင်းမှာသာမက တခြားနိုင်ငံများမှာပါ ကိုယ်ပိုင်သတင်းထောက်များထားပြီးဆောင်ရွက်နေတဲ့အဆင့်ကိုရောက်နေ ပါပြီ။

မြန်မာ့သတင်းစဉ်ကိုလည်း ပြည်ပမှာ မထားနိုင်ရင်တော့ ပြည်တွင်းမှာ သတင်းထောက်များကျယ်ကျယ်ပြန့် ပြန့်ထားပြီး မြန်မာနိုင်ငံနဲ့ ပတ်သက် တဲ့သတင်းများကို ပြည်တွင်း၊ ပြည်ပ မီဒီယာများကို ကျယ်ကျယ်ပြန့် ပြန့် ဖြန့် ချိနိုင်ဖို့ အထိ မျှော်မှန်းထားပါတယ်။ အစိုးရ သတင်းတစ်ခုတည်းမဟုတ်ပါဘူး။ တိုင်းရင်းသားအရေးတွေ၊ အင်အားနည်း အုပ်စုများဖြစ်တဲ့ ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူများနဲ့ ပတ်သက် တဲ့သတင်းတွေ၊ နယ်တွေမှာဖြစ်ပေါ်နေတဲ့ သတင်းတွေအားလုံးကို ရယူ ဖြန့်ချိ နိုင်တဲ့အထိ ရည်ရွယ်ထားတာပါ။

ဒီလိုမလုပ်ဘူးဆိုရင် မြန်မာနိုင်ငံမှာ လာအခြေစိုက်တဲ့ ၊ မြန်မာနိုင်ငံမှာ ဒေသခံ သတင်းထောက်ထားတဲ့ ပြည်ပသတင်းအေဂျင်စီများက တင်ချင်တဲ့ သတင်း လောက်ပဲ နိုင်ငံတကာက သိမှာဖြစ်ပါတယ်။ ပြည်တွင်းမီဒီယာအနေ နဲ့ ပြောရင်လည်း သတင်းထောက်များများထားနိုင်တဲ့ မီဒီယာကြိးတွေက တင်ချင်တဲ့ သတင်းလောက်ပဲ ပြည်တွင်းပရိသတ်က သိမှာဖြစ်ပါတယ်။

ဒါဟာ ဒီမိုကရေစီစနစ်မှာလည်း သတင်းလက်ဝါးကြီးအုပ်မှုဖြစ်စေတဲ့ အချက်ပါ။ ဥပမာ မကြာခင်ကဖြစ်ခဲ့တဲ့ ရခိုင်ဒေသက အရေးကိစ္စများမှာ ဆိုရင် နိုင်ငံတကာသတင်းဌာနတစ်ချို့ ရဲ့ ဘက်လိုက်တဲ့သတင်းများကိုပဲ နိုင်ငံတကာသတင်းစာများက ကိုးကားသုံးစွဲခဲ့ကြရတာကိုတွေ့ ရမှာဖြစ်ပါ တယ်။

မြန်မာ့သတင်းစဉ်ကသာ ကျယ်ကျယ်ပြန့် ပြန့် ဖြန့်ချိနိုင်မယ်ဆိုရင် နိုင်ငံတကာမီဒိယာများက အခြားသတင်း အေဂျင်စီများရဲ့ သတင်းများနဲ့ ချိန်ထိုးပြီး ကိုးကားသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာဆိုရင်
သတင်းထောက်မထားနိုင်တဲ့ ဂျာနယ်အငယ်များအတွက်လည်း သတင်းစဉ်ရဲ့ သတင်းများကို ရယူသုံးစွဲလိုက သုံးစွဲနိုင်မှာဖြစ်ပါတယ်။

မြန်မာ့သတင်းစဉ်အနေနဲ့ ဆက်ပြီးသွားရမယ့် ခရီးက ရှည်ပါသေးတယ်။ ဒါပေမယ့် ပြည်တွင်း၊ပြည်ပက ပြည်သူများ၊ မီဒီယာများအနေနဲ့ မတူကွဲပြား တဲ့ သတင်းအရင်းအမြစ်များဆီက ကြွဲပားခြားနားတဲ့သတင်းအချက်အလက် များရရှိပိုင်ခွင့် Diversity of Information ဆိုတဲ့ အခွင့်အရေးကို ရနိုင်ဖို့ အတွက် မြန်မာ့သတင်းစဉ်ကို မှန်ကန်၊ မြန်ဆန် ထိရောက်တဲ့ နိုင်ငံကိုယ်စားပြု သတင်းအေဂျင်စီဖြစ်အောင် မဖြစ်မနေကြိုးစား သွားမှာပဲဖြစ်ပါတယ်။

တကယ်တော့ ၀ါရင့်စာနယ်ဇင်းဆရာကြီးများ၊ ပြည်ပအေဂျင်စီကိုယ်စားပြု သတင်းထောက်ကြီးများက ကျွန်တော်နမူနာပေးထားတဲ့ Antara, Press Trust of India တို့ ဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတာကို သိပါတယ်။ ဒါ့ကြောင့်လည်း မေ့ချင်ယောင်ဆောင်သူတွေ ပြန်သတိရအောင်ဆိုပြီး ပြောခဲ့ တာပါ။

အခြေအနေကိုတကယ်သိချင်တဲ့သူများကို ခြေခြေမြစ်မြစ်ရှင်းပြရတာကို ပင်ပန်းတယ်လို့ မထင်ပါဘူး။ မသိချင်ယောင်ဆောင်ပြီး အစိုးရလုပ်တာ တော့ ဆော်လိုက်ဦးမှ ဆိုပြီး ဝေဖန်တိုက်ခိုက်သူများကို ပြန်ရှင်းရတာတာ့ နည်းနည်းလေးခက်ပါတယ်။

မကြာခင်က ဒေါ်အောင်ဆန်းစုကြည်က ဂျာနယ်တစ်စောင်မှာ မီဒီယာများနဲ့ ပတ်သက်ပြီ

ဘာမဆို အာဏာပိုင်တွေကိုပဲ ဖိတယ်၊ ရဲကိုပဲ အပြစ်ဆိုတယ်ဆိုတဲ့ အနေ အထားမျိုးမဟုတ်ဘဲ အခြေအနေတွေကို ဓမ္မဓိဋ္ဌာန်ကျကျ မျှမျှတတသုံးသပ် ပြီးမှ အပြုသဘောဆောင်တဲ့ရေးသားချက်မျိုးဖြစ်ဖို့ လိုတယ်
ဆိုပြီးမှတ်ချက်ချခဲ့တာလေးကိုပဲ ပြန်ကိုးကားချင်မိပါတယ်။

Ye Htut  Facebook

No comments:

Post a Comment