Saturday, April 6, 2013

တန်ဖိုးနည်း Sim Card များ အပေါ် ပြည်သူတို့ အမြင်



"ကျနော့်နာမည်နဲ့ ၁၉၉၅ လောက်က နိုင်ငံတော်က GSM တစ်လုံးချပေးတယ်၊ ဆက်သွယ်ရေးကို ၅ သိန်းကျပ်သွင်းရတယ်လေ၊ ကျနော်ကလည်း ၀န်ထမ်းဆိုတော့ အသုံးလိုမဲ့ ဘုရင့်နောင်ပွဲရုံက ကျနော့ သူငယ်ချင်း တသ်ယောက်ကို ၄၃ သိန်းနဲ့ ရောင်းလိုက်တယ်၊ ခု အဲ့ဒီသူငယ်ချင်းကို အားနာနေမိပေမဲ့၊ သူကတော့ ကျနော် ခင်ဗျားဆီက ၀ယ်လိုက်တဲ့ ဖုန်းနဲ့ စီးပွားရှာနေတာပဲဗျာ၊ အားနာနေစရာ မလိုပါဘူး ဆိုလို့ တော်ပါသေးရဲ့ဗျာ" လို့ အငြိမ်းစား ဒု/ညွှန်မှူးတစ်ဦးက ပြောသည်။

ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား တစ်ဦးက " သတင်းအချက်အလက် နည်းပညာ တိုးတက်နေ တဲ့ခေတ်မှာ ပြည်သူတွေဆီမှာ ဖုန်းရှိသင့်ပါတယ်၊ ဒါမှ ကောလဟာလတို့ သတင်းမှားတို့ မယုံကြည် ကြတော့ဘဲ တိုင်းပြည် အေးချမ်းဖို့ တစ်ဖက်တစ်လမ်းက အထောက်ကူဖြစ်မယ် ထင်တယ် " ဟု အင်တာနတ်သတင်းစဉ်သို့ ပြောကြားသည်။

" ဖုန်းတွေပေါလာမယ်၊ Handset တွေ များလာမယ်၊ အကျိုးရှိတဲ့ နေရာတွေ မသုံးဘဲ တလွဲအသုံးအချဖို့ အတွက် ပြည်သူတွေမှာ Ethic ရှိမယ်ဆိုရင် ကောင်းတာပေါ့ဗျာ၊ အဲ့ဒီလို ethic တွေရှိဖို့လည်း နိုင်ငံပိုင် media တွေ ပြည်သူတွေ အတုယူလေးစားရတဲ့ အနုပညာရှင်တွေ အနေနဲ့ ရုပ်ရှင်မှာ ပဲ ဖြစ်ဖြစ် ပြည်သူတွေကို ပညာပေးသင့်တယ် " လို့ အငြိမ်းစား ပညာရေးမှူး ဦးမောင်လွင် မှ ပြောသည်။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမှု ၏ ပြယုဒ်တစ်ခု အဖြစ် Phone များကို မြန်မာနှစ်သစ် အခါသမယ တွင် ပြည်သူများသို့ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်မှုအပေါ် အင်တာနတ် သတင်းစဉ် ၀ိုင်းတော်သား များမှ ကြိုဆိုလိုက်ပါသည်။

(အင်တာနတ် သတင်းစဉ်)
From...Myawady News

No comments:

Post a Comment