Tuesday, April 9, 2013

SSA(ယွက်ဆစ်)အဖွဲ့ သစ်စက်ပိုင်ရှင်များထံမှ ငွေကောက်ခံလျက်ရှိ

SSA(ယွက်ဆစ်)အဖွဲ့ သစ်စက်ပိုင်ရှင်များထံမှ ငွေကောက်ခံလျက်ရှိ
Tuesday, April 9, 2013

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲရှိ သစ်စက်ပိုင်ရှင်များထံမှ SSA(ယွက်ဆစ်) အဖွဲ့က ဧပြီ(၆)ရက်နေ့တွင် ငွေများကောက်ခံသွားသည်ဟု ဒေသခံများ ၏ ပြောပြ ချက် အရ သိရှိရသည်။

“SSA(ယွက်ဆစ်)အဖွဲ့ ခေါင်းဆောင် မုနိ ဦးစီးပြီး အဖွဲ့ဝင်(၁၅၀)ဦးလောက် မနေ့က ရွာထဲကို ၀င်လာတယ်၊ ပြီးတော့ သစ်စက်ပိုင်ရှင်တွေဆီက ငွေတောင်းတယ်၊ ဒီရွာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သစ်စက်ပိုင်ရှင်တွေကတော့ သစ်စက် ၁ လုံးရှိရင် ငွေ ၂ သိန်းခွဲ ချက်ချင်းပေးလိုက်ရတယ်၊ ချက်ချင်း မပေးနိုင်တဲ့ ပိုင်ရှင်တွေကို တစ်ပတ်ရက်ချိန်းနောက်ဆုတ်ပေးတယ်၊ အဲဒီငွေတွေကို လိုက်ကောက် ဖို့ SSA(ယွက်ဆစ်)အဖွဲ့က အမာခံတွေကို ရွာထဲ မှာ စောင့်ခိုင်းထားတယ်” ဟု ပါလိုင်ကျေးရွာမှ ရွာသား တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲတို့တွင် ယခုပွင့်လင်းရာသီ၌ သစ်စက်အလုံးရေ ရာကျော်ရှိသည် ဟု ဒေသခံများမှ ပြောပြသည်။ SSA(ယွက်ဆစ်)အဖွဲ့မှ တောင်းထားသော ငွေ ၂ သိန်းခွဲမှာ နှစ်စဉ် ပုံမှန်ပေးနေရသော အခွန်ကြေးဖြစ်ပြီး သစ်စက်ပိုင်ရှင်များမှ အစိုးရအဖွဲ့အစည်းများသို့ တိုင်ကြားမှုများ မပြုလုပ်ရဲကြောင်း နှင့် တိုင်ကြားသည်ဟု သတင်းထွက်ပေါ်က သစ်စက်အားလုံးကို SSA(ယွက်ဆစ်) အဖွဲ့မှ ပိတ်ခိုင်းပြီး သစ်စက် ပိုင်ရှင်များကိုလည်း ထိုးကြိတ်ရိုက်နှက်ကာ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတတ်သည်ဟု သစ်စက်အလုပ်သမားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

စော်ဘွားလေး
http://shannnews.blogspot.com/ ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲရှိ သစ်စက်ပိုင်ရှင်များထံမှ SSA(ယွက်ဆစ်) အဖွဲ့က ဧပြီ(၆)ရက်နေ့ တွင် ငွေများကောက်ခံသွားသည်ဟု ဒေသခံများ ၏ ပြောပြ ချက် အရ သိရှိရသည်။

“SSA(ယွက်ဆစ်)အဖွဲ့ ခေါင်းဆောင် မုနိ ဦးစီးပြီး အဖွဲ့ဝင်(၁၅၀) ဦးလောက် မနေ့ကရွာထဲကို ၀င်လာတယ်၊ ပြီးတော့ သစ်စက်ပိုင် ရှင်တွေဆီက ငွေတောင်းတယ်၊ ဒီရွာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သစ်စက်ပိုင်ရှင်တွေကတော့ သစ်စက် ၁ လုံးရှိရင် ငွေ ၂ သိန်းခွဲ ချက်ချင်းပေး လိုက်ရတယ်၊ ချက်ချင်း မပေးနိုင်တဲ့ ပိုင်ရှင်တွေကို တစ်ပတ်ရက် ချိန်းနောက်ဆုတ်ပေးတယ်၊ အဲဒီငွေတွေ ကို လိုက်ကောက် ဖို့ SSA(ယွက်ဆစ်)အဖွဲ့က အမာခံတွေကို ရွာထဲ မှာ စောင့်ခိုင်းထားတယ်” ဟု ပါလိုင်ကျေးရွာမှ ရွာသား တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲတို့တွင် ယခုပွင့်လင်းရာသီ၌ သစ်စက်အလုံးရေ ရာကျော်ရှိသည် ဟု ဒေသခံများမှ ပြောပြသည်။ SSA(ယွက်ဆစ်)အဖွဲ့မှ တောင်းထားသော ငွေ ၂ သိန်းခွဲမှာ နှစ်စဉ် ပုံမှန်ပေးနေရသော အခွန်ကြေးဖြစ်ပြီး သစ်စက်ပိုင်ရှင်များမှ အစိုးရအဖွဲ့အစည်းများသို့ တိုင်ကြားမှုများ မပြုလုပ်ရဲကြောင်း နှင့် တိုင်ကြားသည်ဟု သတင်းထွက်ပေါ်က သစ်စက်အားလုံးကို SSA(ယွက်ဆစ်) အဖွဲ့မှ ပိတ်ခိုင်းပြီး သစ်စက် ပိုင်ရှင်များကိုလည်း ထိုးကြိတ်ရိုက်နှက်ကာ တပ်သားသစ်အဖြစ် ဖမ်း ဆီးခေါ်ဆောင်သွားတတ်သည်ဟု သစ်စက်အလုပ်သမားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
From...Myawady News

No comments:

Post a Comment