Saturday, April 6, 2013

အလုံမြို့နယ် အလုံလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း မီးလောင်မှုကို သတင်းယူသည့် Weekly Eleven သတင်းထောက် နှစ်ဦးအပေါ် လျှပ်စစ်ဝန်ထမ်း အချို့က ကိုယ်ထိလက်ရောက် တားဆီးသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ တရားဝင် ကန့်ကွက်သွားမည်


အလုံမြို့နယ် အလုံလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း မီးလောင်မှုကို သတင်းယူသည့် Weekly Eleven ၏ သတင်းထောက် နှစ်ဦးအပေါ် လျှပ်စစ်ဝန်ထမ်း အချို့ကကိုယ်ထိလက်ရောက် တားဆီး သည့်ဖြစ်ရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ တရားဝင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလုံဓာတ်အားပေး စက်ရုံအတွင်း ၀ါယာရှော့ဟု ယူဆရသည့် မီးလောင်မှုတစ်ခု ဧပြီလ ၄ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်စဉ်အတွင်း သတင်းရယူသော Weekly Eleven သတင်းထောက် နှစ်ဦးကို ကိုယ်ထိလက်ရောက် တားဆီးခြင်းနှင့် ဓာတ်ပုံရိုက်ကူးရယူသော ပစ္စည်း လူယူခြင်းများ ရှိခဲ့ကြောင်း သတင်းယူသည့် သတင်းထောက် နှစ်ဦးထံမှ သိရသည်။

“မီးလောင်တဲ့နေရာကို ကျွန်တော်ရောက်ရှိခဲ့ပြီး ဓာတ်ပုံရိုက်နေတဲ့အချိန် လူနှစ်ဦးက လာခေါ်ပြီး အပြင်ခဏ ထွက်ခဲ့ပါလို့ ပြောတယ်။ မီးလောင်တဲ့ အခန်းအပြင် အရောက်မှာ ၀န်ထမ်းဆိုသူ နှစ်ဦးက ကျွန်တော်လည်ကုတ်နဲ့ လက်တစ်ဖက်ကို ချုပ်ကိုင်ခဲ့ပြီး တာဝန်ရှိသူဆိုသူက ကျွန်တော်ကို မင်းကဘာကောင်လဲ၊ ဘယ်သူရိုက်ခိုင်းလို့လဲလို့ ပြောတော့ Eleven Media (weekly eleven) မီဒီယာက သတင်းထောက် ဖြစ်ကြောင်း ရှင်းပြပေမဲ့ ထိုးကြိတ်ဖို့ အမှုအရာတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဦးမျိုးအောင်က ကြားဝင် ဖြေရှင်းပေးခဲ့ပြီး ၄င်းကလည်း ဓာတ်ပုံမရိုက်တော့ ဖို့ မေတ္တာ ရပ်ခံခဲ့တယ်။ သတင်းဓာတ်ပုံနဲ့ ဖြစ်စဉ်ကို ရရှိခဲ့ပြီးဖြစ်လို့ ကျွန်တော်တို့ အပြင် ပြန်ထွက် ခဲ့ပါတယ်။ အပြင်ထွက်တော့ လမ်းမပေါ်မှာ ကားတစ်စီးနဲ့ တာဝန်ရှိသူ တစ်ဦးဆိုပြီး ရောက်လာတယ်။ ကျွန်တော် တို့ကို မင်းတို့က ဘာကောင်တွေမို့လို့ ဒီအထဲကို ၀င်တာလဲ၊ ဘယ်သူခွင့်ပြုချက်နဲ့ ၀င်တာ လဲလို့ ကြိမ်ဖန်များစွာ အော်ဟစ်ခဲ့တယ်။ ကျွန်တော်တို့ ၀င်လာချိန်မှာ တာဆီးပိတ်ပင်တာတွေ မလုပ်လို့ အလွယ်တကူ ၀င်ရောက်ခွင့် ရရှိခဲ့ပြီး ကျွန်တော်တို့ ၀င်လာတာကို ဦးမျိုးအောင် (ခရိုင်ရဲတပ်ဖွဲ့မှူး)နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ သိပါတယ်။ ဆက်လက်ပြီး ကားနဲ့ရောက်လာတဲ့ တာဝန်ရှိသူဆိုသူက “မင်းတို့ကောင်တွေ နောက်မှတ်ထား ဘယ်တော့မှ အစိုးရဌာနတွေကို လုပ်ချင်တိုင်းလုပ်၊ ၀င်ချင်တိုင်း ၀င်လို့ မရဘူး” လို့ ပြောပြီး ထွက်သွားပါတယ်” ဟု Weekly Eleven သတင်းထောက် ကိုအောင်ရဲကိုက ရှင်းပြသည်။

Weekly Eleven အငယ်တန်းသတင်းထောက် ကိုကြည်နိုင်က ရှင်းပြခဲ့ရာ “ကျွန်တော် တို့ ရောက်သွား ချိန်မှာ လျှပ်စစ်ရုံးဝ တံခါးပွင့်နေပြီး ရဲတွေ မီးသတ်တွေက စောင့်နေပါတယ်။ စက်ရုံဝင်း အတွင်း ဘက်မှာ လောင်နေမှန်း သိရင်သိချင်း ခန့်မှန်း ပေ ၂၀၀ ကျော် အကွာအဝေးမှာရှိတဲ့ မီးလောင်နေတဲ့ စက်ရုံကို ပြေးသွားခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်သွားတော့ မီးတောက်တွေကို အပြင်ဘက်မှာ မတွေ့ ရတော့ဘူး။ ဘေးနားက မီးသတ်တစ်ဦးကို မေးကြည့်ပါတယ်။ အတွင်းမှာ မှောင်မဲနေတဲ့ စက်ရုံတစ်ခုကို ညွှန်ပြပါတယ်။ အဲဒါနဲ့ ကျွန်တော်က သတင်းဓါတ်ပုံကို အင်တာနက်နဲ့ပို့ဖို့ ယူလာတဲ့ Tablet နဲ့ မီးလောင်စက်ရုံ မျက်နှာဝကနေ သတင်းဓါတ်ပုံ ရိုက်ပါတယ်။ ဓါတ်ပုံနှစ်ပုံ ရိုက်ပြီးချိန်မှာ အရပ်ဝတ်နဲ့ အမျိုးသားလေးငါးဦးနဲ့ အမျိုးသမီးတစ်ဦး ကျွန်တော်နားကို ၀ိုင်းလာပါတယ်။ ပြီးတော့ စစ်ဆေး မေးမြန် ပါတယ်။ ဘယ်သူ့ခွင့်ပြုချက်နဲ့ ၀င်လာတာလဲ ရဲနဲ့မင်းကို ဖမ်းမယ်လို့ ပြောတယ်။ အဲဒီချိန် မှာ ရဲနဲ့မီး သတ်က အနားမှာ ရှိနေပေမဲ့ ဘာမှဝင် မပြောသေးပါဘူး။ ထပ်ပြီးတော့ သူတို့တွေက ဓါတ်ပုံရိုက်ခွင့် မရှိကြောင်း၊ သတင်းယူခွင့် မရှိကြောင်း၊ ဘယ်မီဒီယာကလဲ၊ ရဲနဲ့ဖမ်းမှာဖြစ်ကြောင်း လူငါးယောက်ကနေ ခုနှစ်ယောက်က ၀ိုင်းပြီးပြောကြပါတယ်။ အကုန်လုံးက အဲဒီချိန်မှာ အရပ်ဝတ်တွေနဲ့ပါ။ ကျွန်တော့်ရဲ့ တက်ဘလက်ကိုလည်း လူတစ်ယောက်က ကိုင်ပြီး ဓါတ်ပုံတွေကိုဖျက်ဖို့ အမိန့်ပေးပါတယ် ဒါပေမယ့် ကျွန်တော်က ဓါတ်ပုံမရိုက်ရသေးကြောင်း၊ ဓါတ်ပုံတွေကိုလည်း ပြန်မဖျက် တတ်ကြောင်း ပြောလိုက် ပါတယ်။ သူတို့က ဒါကိုလက်မခံဘဲ ကျွန်တော်ကို ဖျက်ပစ်ဖို့ကိုပဲ ဖိအားပေးလာတော့ ခင်ဗျားတို့ ကျွန်တော်ကို မတရားမလုပ်နဲ့၊ Eleven က သတင်းထောက်ပါ၊ သက်ဆိုင်ရာ တာဝန်ရှိသူနဲ့ စကားပြော ပါမယ်လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူတို့တွေရဲ့ ရုံးဘက်ကို ကျွန်တော်ကို ဆွဲခေါ်သွားပါ တယ်။ ဒေါသထွက်နေတဲ့ လူတစ်ချို့ကလည်း ကျွန်တော်ဓါတ်ပုံ ရိုက်နေတာကို မကျေနပ်လို့ ရိုက်မယ်ပုတ်မယ် လုပ်တာကို သူတို့အချင်းချင်း ပြန်တားကြတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ရဲအရာရှိတွေဘက်ကို သွားမလို့ပြင်တာကို လျှပ်စစ်ဝန်ထမ်းတွေ ဆိုသူတွေက တားထားတယ်။ ပြီးတော့ သူတို့တွေ ကြမ်းတမ်းရင့်သီးစွာ ကျွန်တော်သတင်းယူနေတာကို ပြောလို့ Weekly Eleven သတင်းထောက်ဖြစ်ကြောင်း၊ သတင်းယူခြင်း ဖြစ်ကြောင်း ပြောပါတယ်။ သူတို့က အယ်ဒီတာချုပ်ကို ဖုန်းဆက်ဖို့ ပြောတဲ့အခါ ဖုန်းဆက်ဖို့ ပြင်နေစဉ်မှာ ရန်ကုန်တိုင်းလျှပ်စစ်က အကြီးဆုံး ဆိုသူက ရောက် လာပြီး ဒီနေရာက ထွက်သွားဖို့ ပြောပါတယ်။ အဲဒီလို ပြောနေတဲ့အချိန်မှာ အရပ်ဝတ် လူနှစ်ယောက်က ကျွန်တော်ပခုံးအထက်ကို ချုပ်ကိုင်ထားပြီး နောက်နှစ်ယောက်က ဓါတ်ပုံမဖျက်ပေးလို့ဆိုပြီး လက်ထဲက Tablet ကို အတင်းလုယူပါတယ်။ အောက်မှာလည်း ရေတွေနဲ့ ပြီးတော့လွတ်ကျပြီး ကွဲမှာဆိုးလို့ လက်ကိုလွှတ်ပေးလိုက်ပါတယ်။သူတို့က ဆက်ပြီး လက်နှစ်ဖက်ကို ချုပ်ကိုင်းထားပါသေးတယ်။ အဲဒီ့ လူတွေကို ကျွန်တော် သတင်းလာရောက် ယူခြင်းသာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ အဲဒီလို ပြောနေ တုန်းမှာ ထက်အောက်အင်္ကျီ၊ ဘောင်းဘီအပြာ ၀တ်ထားသူနဲ့ အင်္ကျီအဖြူ ကော်လံဂတုံး ၀တ်ထားသူက ထိုးကြိတ်ဖို့လုပ်ပေမယ့် ကျွန်တော်နားမှာ ရှိတဲ့သူတွေက တားဆီးပေးပါတယ်။ အဲဒီချိန်မှာပဲ ကျွန်တော့်ကို ဖမ်းဖို့ဆိုပြီး ရဲသွားခေါ်တဲ့သူတွေ ရဲအရာရှိတွေနဲ့ ရောက်လာပါတယ်။ သုံးပွင့်နဲ့ တစ်ပွင့်နဲ့ ရဲအရာရှိတွေ ရောက်လာတော့ ကျွန်တော် Eleven ကသတင်းထောက် တစ်ယောက်ပါ၊ မီးလောင်မှုကို သတင်းလာယူတာပါလို့ ပြောပြီး ဒီလိုသတင်းယူတာကို သူတို့တွေက ၀ိုင်းဝန်းထိုးကြိတ်ဖို့ရယ် သတင်းထောက်ရဲ့ သတင်းယူပစ္စည်းကို လုယူတယ်လို့ သုံးပွင့်နဲ့ ရဲအရာရှိကို ပြောလိုက်ပါတယ်။ အဲဒီလိုပြောလိုက်တော့ Samsaung Glaxy Tablet ကျွန်တော့်လက်ထဲ ပြန်ရောက်လာတယ်။ ကျွန်တော်နဲ့အတူလာတဲ့ စီနီယာကိုလည်း လူတွေဝိုင်းထားတာကို တွေ့ရတယ်။ ပြီးတော့ ကျွန်တော် တို့ကို အပြင်ထွက်ဖို့နဲ့ ပြီးမှသတင်းယူဖို့ ရဲအရာရှိတစ်ဦးက ပြောပြီး သူတို့ဆီကနေ အပြင်ကို ခေါ်လာ ပါတယ်။ ၁၂ နာရီခွဲလောက်မှာ ကျွန်တော်တို့ ပြန်ထွက်လာတုန်း အဲဒီလျှပ်စစ်စက်ရုံ အတွင်းကနေ ကျယ်လောင်တဲ့ အသံတစ်ခုကြားရလို့ စီနီယာသတင်းထောက်က အတွင်းမှာ ကျန်ခဲ့ပြီး ကျွန်တော်က သတင်းပို့ဖို့ စက်ရုံးဝင်းအပြင်ကို ထွက်လာခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ယခုကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာကောင်စီ အပါအ၀င် သက်ဆိုင်ရာကို အသိပေးပြီး တရားဝင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“အခုအချိန်ဟာ အပြောင်းအလဲ ကာလဖြစ်ပြီး အများပြည်သူသိသင့်တဲ့ အကြောင်းအရာတွေ၊ သတင်းတွေကို မီဒီယာတွေ၊ ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေ အားလုံးက အပြန်အလှန် နားလည်မှု ရှိရှိနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ့် အချိန်ပါ။ ဟိုအရင်ကာလတွေလို အရာရာကို ဖုံးဖိတာ၊ ခြိမ်းခြောက် တားဆီးတာတွေ မလုပ်သင့်တော့ပါဘူး။ အခုကိစ္စကလည်း ပြေပြေလည်လည် ပြောဆိုလုပ်ဆောင်ရင် ရနိုင်ပါလျက် ခေတ်ဟောင်း၊ စနစ်ဟောင်းကလို လူအုပ်စုနဲ့ ကိုယ်ထိလက်ရောက် လုပ်တာတွေက လုံးဝလက်သင့် မခံနိုင်စရာပါ။ ဒီကိစ္စကို သတင်းမီဒီယာ ကောင်စီအပါအ၀င် သက်ဆိုင်ရာကို တရားဝင်ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု Weekly Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
EMG

1 comment:

  1. နေရာတကာမှာ သိပ်လူတွင်ကျယ်မလုပ်ချင်ကြနဲ့ကွာ။ ဌာနတွေမှာ သူ့အကြောင်းနဲ့သူရှိကြပါတယ်။ မင်းတို့က သတင်းထောက်ဆို ဘယ်နေရာမဆိုဝင်ခွင့်ရှိနေတယ်လို့ ယူဆနေကြတာကိုက မင်းတို့ရဲ့အမှားပဲ။ ဒီမိုကရေစီဆိုတာ စည်းကမ်းရှိရတယ်။ ကာယကံရှင်က ခွင့်မပြုရင် မလုပ်နဲ့ပေါ့။ နေရာတိုင်းသာ လုပ်ချင်နေတယ် သတင်းထဲထည့်ချင်နေတယ်ဆိုရင် မင်းတို့ Eleven ကကောင်မတွေ ဖင်ခံနေတဲ့ပုံတွေထည့်ပါလား။ မင်းတို့နှမတွေ အလိုးခံနေတဲ့ပုံတွေထည့်ပါလား။

    ReplyDelete