Saturday, May 25, 2013

“ရင်သားကင်ဆာ ဓာတ်ရောင်ခြည်ကုထုံးသစ် ဂျပန်တွင် စမ်းသပ်”

Photo: “ရင်သားကင်ဆာ ဓာတ်ရောင်ခြည်ကုထုံးသစ် ဂျပန်တွင် စမ်းသပ်”

ဂျပန်နိုင်ငံမှ ကင်ဆာရောဂါ အထူးကု ဆရာဝန် တစ်ဦးသည် ရင်သားကင်ဆာအတွက် ထိရောက်မှုရှိပြီး ခွဲစိတ်ကုသမှု မပါဝင်သည့် ရေတို ဓာတ်ရောင်ခြည် ကုထုံးသစ်တစ်ခုကို ပထမဆုံးအကြိမ် စတင် စမ်းသပ်လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဒေါက်တာ ကူမီကို ကာရာဆာဝါက သူမအနေဖြင့် အားပြင်းသည့် ion ဓာတ်ရောင်ခြည် ကုထုံးတစ်ခုကို ဆေးရုံဆေးခန်းတွင် အသုံးပြုသည့် ပထမဆုံး စမ်းသပ်မှုကို လုပ်ဆောင်နေခြင်းဟု ရှင်းပြခဲ့သည်။ အမျိုးသား ဓာတ်ရောင်ခြည် သိပ္ပံဌာနကလည်း အဆိုပါ စမ်းသပ်မှုအတွက် ပါဝင်ကူညီ ပံ့ပိုးပေးခဲ့သည်။

ဟောလီးဝုဒ်မင်းသမီး အန်ဂျလီနာ ဂျိုလီ၏ သားမြတ်ဖြတ်ထုတ် ကုသမှုနှင့်အတူ ကမ္ဘာပေါ်တွင် ရင်သားကင်ဆာ တိုက်ဖျက်ရေး လုပ်ငန်းကို တစ်ကမ္ဘာလုံး စိတ်ဝင်စားမှု မြင့်တက်နေချိန်တွင် ယခုကုထုံးသစ်ကို ကာရာဆာဝါက စမ်းသပ်လာခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21618


ဂျပန်နိုင်ငံမှ ကင်ဆာရောဂါ အထူးကုဆရာဝန် တစ်ဦးသည် ရင်သားကင်ဆာအတွက် ထိရောက်မှုရှိပြီး
ခွဲစိတ်ကုသမှုမပါဝင်သည့် ရေတို ဓာတ်ရောင်ခြည် ကုထုံးသစ်တစ်ခုကို ပထမဆုံးအကြိမ် စတင်စမ်း သပ်လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဒေါက်တာကူမီကို ကာရာဆာဝါက သူမအနေဖြင့်အားပြင်းသည့် ion ဓာတ်ရောင်ခြည် ကုထုံး တစ်ခုကို ဆေးရုံဆေးခန်းတွင် အသုံးပြုသည့် ပထမဆုံးစမ်းသပ်မှုကို လုပ်ဆောင်နေခြင်းဟု ရှင်းပြခဲ့ သည်။ အမျိုးသား ဓာတ်ရောင်ခြည် သိပ္ပံဌာနကလည်း အဆိုပါ စမ်းသပ်မှုအတွက် ပါဝင်ကူညီ ပံ့ပိုးပေး ခဲ့ သည်။

ဟောလီးဝုဒ်မင်းသမီး အန်ဂျလီနာ ဂျိုလီ၏ သားမြတ်ဖြတ်ထုတ် ကုသမှုနှင့်အတူ ကမ္ဘာပေါ်တွင် ရင်သား ကင်ဆာ တိုက်ဖျက်ရေး လုပ်ငန်းကို တစ်ကမ္ဘာလုံး စိတ်ဝင်စားမှု မြင့်တက်နေချိန်တွင် ယခု ကုထုံးသစ် ကို ကာရာဆာဝါက စမ်းသပ်လာခြင်း ဖြစ်သည်။

From...
Planet Myanmar Network

No comments:

Post a Comment