Wednesday, May 8, 2013

လယ်ယာမြေပြဿနာများ ရန်ကုန်တိုင်းအစိုးရ ကိုင်တွယ်ဖြေရှင်းရာမှာ အားနည်း

Photo: လယ်ယာမြေပြဿနာများ ရန်ကုန်တိုင်းအစိုးရ ကိုင်တွယ်ဖြေရှင်းရာမှာ အားနည်း 
Wednesday,May08,2013

ရန်ကုန် (မဇ္ဈိ)။   ။ ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေပြဿနာများ တိုင်းအစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်းရာတွင်
အားနည်းမှုများ ရှိနေကြောင်း တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော် က ပြောသည်။

“တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြလို့ အစိုးရအဖွဲ့က လာဖြေရင် တိကျတဲ့အဖြေမျိုး ပေးမသွားဘူး။ အစိုးရအဖွဲ့ကို စာတင်ပြီး တင်ပြတာတောင် ဖြေရှင်းပေးမှုမျိုး လုပ်ပေးတာ မတွေ့ရသေးဘူး” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဒဂုံမြိုသစ် မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် ဆိပ်ကမ်းမြို့နယ်များ၊ ထန်းတပင်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ ကျောက်တန်းနှင့် သန်လျင်မြို့နယ်များတွင် လယ်ယာ သိမ်းဆည်း ခံရမှုများ ဖြစ်ပေါ်နေသည်။

ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေ သိမ်းဆည်းခံရခြင်းမှာ လက်ရှိတွင် ဧကပေါင်း ၁ သိန်း ၆ သောင်းကျော် ရှိကြောင်း လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။

သိမ်းဆည်းခံထားသော လယ်ယာမြေများကို တိုင်းအစိုးရအဖွဲ့မှ ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပြုခြင်းကြောင့်
ပြဿနာ ပိုမိုခက်ခဲနေခြင်း ဖြစ်သည်။

“လယ်ယာမြေပြဿနာတွေက ယခင်အစိုးရလက်ထက်က လုပ်ခဲ့တာတွေ ဖြစ်တယ်။

အစိုးရသစ် လက်ထက်မှာ လယ်ယာမြေ ပြဿနာက ပိုကြီးထွားလာတယ်” ဟု ရန်ကုန်တိုင်း စိုက်ပျိုး
မွေးမြူရေး ဝန်ကြီး ဦးစိုးမင်း က ပြောသည်။

ထိုသို့ သိမ်းဆည်းခံရမှုများကြောင့် လယ်သမားများ လယ်ယာလုပ်ကိုင်ခွင့် အခွင့်အလမ်း ဆုံးရှုံးနေရသည်။

စုံစမ်းစစ်ရေး ကော်မရှင်ကို နေပြည်တော်ရှိ လွှတ်တော် နှစ်ရပ်မှ လွှတ်တော်အမတ် ၆၄ ဦးဖြင့် အဖွဲ့ခွဲ ၁၀ ခုခွဲ၍ ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် လိုက်လံ စစ်ဆေးလျက်ရှိသည်။

မြေအသိမ်းခံရမှုများအတွက် မြေပြန်လည်ရရှိရေး၊ ထိုက်တန်သည့် လျော်ကြေးရရှိရေးတို့ အပါအဝင် နစ်နာမှုများအား ထုတ်ဖော်ဆန္ဒပြပွဲများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ 

Mizzima News

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရန်ကုန် (မဇ္ဈိ)။ ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေပြဿနာများ တိုင်းအစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်း ရာတွင် အားနည်းမှုများရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော် က ပြောသည်။ “တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြလို့ အစိုးရအဖွဲ့က လာဖြေရင် တိကျတဲ့အဖြေမျိုး ပေးမသွားဘူး။ အစိုးရအဖွဲ့ကို စာတင်ပြီး တင်ပြတာတောင် ဖြေရှင်းပေးမှုမျိုး လုပ်ပေးတာ မတွေ့ရသေးဘူး” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဒဂုံမြိုသစ်မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် ဆိပ်ကမ်းမြို့နယ်များ၊ ထန်းတပင်၊ မင်္ဂလာဒုံ ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ ကျောက်တန်းနှင့် သန်လျင်မြို့နယ်များတွင် လယ်ယာ သိမ်းဆည်းခံရမှုများ ဖြစ်ပေါ်နေသည်။

ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေသိမ်းဆည်းခံရခြင်းမှာ လက်ရှိတွင် ဧကပေါင်း ၁ သိန်း ၆ သောင်း   ကျော် ရှိကြောင်း လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။

သိမ်းဆည်းခံထားသော လယ်ယာမြေများကို တိုင်းအစိုးရအဖွဲ့မှ ကုမ္ပဏီများကို လုပ်ကိုင် ခွင့် ပြုခြင်းကြောင့် ပြဿနာ ပိုမိုခက်ခဲနေခြင်း ဖြစ်သည်။

“လယ်ယာမြေပြဿနာတွေက ယခင်အစိုးရလက်ထက်က လုပ်ခဲ့တာတွေ ဖြစ်တယ်။

အစိုးရသစ် လက်ထက်မှာ လယ်ယာမြေ ပြဿနာက ပိုကြီးထွားလာတယ်” ဟု ရန်ကုန်တိုင်း စိုက်ပျိုး
မွေးမြူရေး ဝန်ကြီး ဦးစိုးမင်း က ပြောသည်။

ထိုသို့ သိမ်းဆည်းခံရမှုများကြောင့် လယ်သမားများ လယ်ယာလုပ်ကိုင်ခွင့် အခွင့်အလမ်း ဆုံးရှုံးနေ ရသည်။

စုံစမ်းစစ်ရေး ကော်မရှင်ကို နေပြည်တော်ရှိ လွှတ်တော် နှစ်ရပ်မှ လွှတ်တော်အမတ် ၆၄ ဦးဖြင့် အဖွဲ့ခွဲ ၁၀ ခုခွဲ၍ ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် လိုက်လံ စစ်ဆေးလျက်ရှိသည်။

မြေအသိမ်းခံရမှုများအတွက် မြေပြန်လည်ရရှိရေး၊ ထိုက်တန်သည့် လျော်ကြေးရရှိရေးတို့ အပါအဝင် နစ်နာမှုများအား ထုတ်ဖော်ဆန္ဒပြပွဲများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

Mizzima News

No comments:

Post a Comment