Sunday, May 26, 2013

သိမ်းဆည်းမြေ ပြန်ရအောင် လုပ်ပေးမည်ဟု ပြောပြီး ငွေတောင်းခံသည့် ဂျာနယ် သတင်းထောက်

Photo: သိမ်းဆည်းမြေ ပြန်ရအောင် လုပ်ပေးမည်ဟု ပြောပြီး ငွေတောင်းခံသည့် ဂျာနယ် သတင်းထောက် 

သိမ်းယူထားသည့် မြေယာများအား ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောပြီး ဒီလှိုင်း ဂျာနယ် သတင်းထောက် ဆိုသူမှ ငွေကျပ် (၁၄) သိန်း တောင်းခံရယူသွား ခဲ့သည့် ဖြစ်ရပ်တစ်ခု မြိတ်ခရိုင် ပုလောမြို့နယ် ပလောက် မြို့နယ်ခွဲ အင်းမ ကျေးရွာတွင် ၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ (၂၀) ရက်နေ့ နံနက် (၀၈၀၀) အချိန် ဖြစ်ပွား ခဲ့ကြောာင်း သိရှိရသည်။ 

၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ ညနေ (၃) နာရီ အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ဝေသည့် ဒီလှိုင်း ဂျာနယ် သတင်းထောက်ဖြစ်သူ ဦးခင်ဇော် အပါအ၀င် (၂) ဦးတို့သည် ထားဝယ်မြို့မှ တဆင့် ပလောက်မြို့နယ်ခွဲရှိ အင်းမ ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာ သင်းအုပ်ဆရာတော် ဦးဘဥာဏ် နေအိမ်တွင် တည်းခိုကာ မတ်လ (၂၀) ရက်နေ့ (၈) နာရီအချိန်တွင် ၄င်းနေအိမ်၌ ကျေးရွာသူ / သား (၄၇) ဦးနှင့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

အစည်းအဝေးတွင် ဒီလှိုင်း ဂျာနယ် သတင်းထောက် ဦးခင်ဇော်က အစိုးရမှ သိမ်းယူထားသည့် မြေများအား ရွာသားများလက်သို့ ပြန်လည် ရရှိရေးအတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြန်မရလျှင် ၄င်းမှ နှစ်ဆ ပြန်လျှော်မည်ဟု ပြောဆိုပြီး အစည်းအဝေး တက်ရောက်သူ (၄၇) ဦးထံမှ တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်း ဖြင့် ငွေကျပ် (၁၄) သိန်းကျော် တောင်းခံ ရယူသွားကြောင်း သတင်းရရှိ ပါသည်။

Posted From မြိတ်ပုလဲမြေ http://myeiknews.blogspot.com

Posted From မြိတ်ပုလဲမြေ http://myeiknews.blogspot.com/

No comments:

Post a Comment