Tuesday, May 21, 2013

ကျောင်းအပ်ချိန် အလှူငွေကောက်ခံပါက ရာထူးမှ ထုတ်ပယ်မည်

Photo: ကျောင်းအပ်ချိန် အလှူငွေကောက်ခံပါက ရာထူးမှ ထုတ်ပယ်မည်

အစိုးရသစ်လက်ထက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးစီမံချက်များ ကြောင့် ယခုပညာသင်နှစ် ကျောင်းအပ်ချိန်တွင် သက်ဆိုင်ရာကျောင်းအုပ်က ကျောင်းသားမိဘများ ထံမှ အကြောင်းအမျိုးမျိုးဖြင့် အလှူငွေ ကောက်ခံသည်ကို စစ်ဆေးတွေ့ရှိလျှင် ရာထူးမှ ထုတ်ပယ်သည် အထိ အရေးယူ အပြစ်ပေးသွားမည်ဖြစ် ကြောင်း တိုင်းပညာရေးမှူး တစ်ဦးက The Voice သို့ပြောကြားသည်။

"ဒီ ၂ နှစ်အတွင်းကို ပိုတင်းကျပ်လာတာ။ ဘာကြောင့်ပဲယူယူ စစ်ဆေးလို့ ကောက်ခံထားတာ တွေ့တာနဲ့ ရာထူးက တစ်ခါတည်း အနားပေးလိုက်တယ်" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

ယခင်အစိုးရလက်ထက်က ကျောင်းအပ်ချိန် အလှူငွေကောက်ခံကြောင်း တိုင်ကြားစာရရှိလျှင် ပညာရေးဝန်ကြီးဌာနမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့က စစ်ဆေးပြီးတွေ့ရှိပါက အပြစ်အနည်းအများအလိုက် ပြောင်းရွှေ့ပြစ်ဒဏ် သာချမှတ်ခဲ့ဖူးကြောင်း အဆိုပါ ပညာရေးမှူးက ပြောဆိုသည်။

"အခုက တအား ဖိအားပေးခံနေရတယ်။ ကျောင်းဆောင်တွေကတော့ ပေးတဲ့ အသုံးစရိတ်လောက်နဲ့ ရသလောက်ပဲ ပြုပြင်သွားမှာပဲ" ဟု ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ်ဆရာ တစ်ဦးက The Voice သို့ ပြောဆိုသည်။

နှစ်စဉ် ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ချိန် အလှူငွေကောက်ခံခြင်း၊ ကျောင်းပိုင်ပစ္စည်းများ ရောင်းချခြင်းတို့ကို တားမြစ် ထားသော်လည်း အချို့အခြေခံ ပညာကျောင်းများတွင် အလှူငွေ ကောက်ခံမှုများ ရှိနေသေးကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးနေ့ များကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီး ဇွန်လ ၃ ရက် နေ့တွင် တစ်နိုင်ငံလုံး အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

The Voice Weekly News
အစိုးရသစ်လက်ထက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးစီမံချက်များ ကြောင့် ယခုပညာ သင်နှစ် ကျောင်းအပ်ချိန်တွင် သက်ဆိုင်ရာကျောင်းအုပ်က ကျောင်းသားမိဘများထံမှ အကြောင်း အမျိုးမျိုးဖြင့် အလှူငွေ ကောက်ခံသည်ကို စစ်ဆေးတွေ့ရှိလျှင် ရာထူးမှ ထုတ်ပယ်သည် အထိ အရေးယူ အပြစ်ပေးသွားမည်ဖြစ် ကြောင်း တိုင်းပညာရေးမှူး တစ်ဦးက The Voice သို့ပြောကြားသည်။
"ဒီ ၂ နှစ်အတွင်းကို ပိုတင်းကျပ်လာတာ။ ဘာကြောင့်ပဲယူယူ စစ်ဆေးလို့ ကောက်ခံထားတာ တွေ့တာနဲ့ ရာထူးက တစ်ခါတည်း အနားပေးလိုက်တယ်" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

ယခင်အစိုးရလက်ထက်က ကျောင်းအပ်ချိန် အလှူငွေကောက်ခံကြောင်း တိုင်ကြားစာရရှိလျှင် ပညာရေး ဝန်ကြီး ဌာနမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့က စစ်ဆေးပြီးတွေ့ရှိပါက အပြစ်အနည်းအများ အလိုက် ပြောင်းရွှေ့ပြစ်ဒဏ် သာချမှတ်ခဲ့ဖူးကြောင်း အဆိုပါ ပညာရေးမှူးက ပြောဆိုသည်။

"အခုက တအား ဖိအားပေးခံနေရတယ်။ ကျောင်းဆောင်တွေကတော့ ပေးတဲ့ အသုံးစရိတ်လောက်နဲ့ ရသလောက်ပဲ ပြုပြင်သွားမှာပဲ" ဟု ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ်ဆရာ တစ်ဦးက The Voice သို့ ပြော ဆိုသည်။

နှစ်စဉ် ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ချိန် အလှူငွေကောက်ခံခြင်း ၊ ကျောင်းပိုင် ပစ္စည်းများ ရောင်း ချခြင်းတို့ကို တားမြစ် ထားသော်လည်း အချို့အခြေခံ ပညာကျောင်းများတွင် အလှူငွေ ကောက်ခံမှုများ ရှိနေသေးကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးနေ့ များကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီး ဇွန်လ ၃ ရက် နေ့တွင် တစ်နိုင်ငံလုံး အခြေခံပညာ ကျောင်း များ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

The Voice Weekly News

No comments:

Post a Comment