အန်္ဒိယနိုင်ငံမြောက်ပိုင်း၊ ပန်ဂျပ်ပြည်နယ်၊လူဒီယားနားမြို့မှ အသက် ၄၇ နှစ်အရွယ်ရှိ ဖာ ရောက်ခန် အား မွေးကင်းစမြေး ဖြစ်သူအား ရောင်းချမှုဖြင့် ရဲများကဖမ်းဆီးခဲ့သည်။
ဖာရောက်ခန်သည်သမီးဖြစ် သူတက်ရောက်မီးဖွားခဲ့သော ဆေးရုံမှ ယာယီဝန်ထမ်းနှစ်ဦး၏ အကူ အညီဖြင့် မွေးကင်းစမြေး ယောက်ျားလေးအားခိုးယူပြီး ဖေ့စ်ဘွတ်ခ်တွင်ရူးပီးလေးသောင်း ငါး ထောင်ဖြင့်ရောင်း ချရန်စီစဉ်ခဲ့သည်။
ကလေးရောင်းချမှုတွင်ပါဝင် ပတ်သက်နေသူအားလုံးအားဖမ်း ဆီးထားပြီး ကလေးအားဝယ်ယူ သည့် လုပ်ငန်းရှင်တစ်ဦးအားလည်း စစ်ကြောမေးမြန်းမှုများပြုလုပ်နေ ကြောင်း လူဒီယားနားရဲစခန်းမှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားလိုက်သည်။
ကလေးအားရဲများက ကယ်တင်လိုက်ပြီး အိမ်ထောင်နှင့် ကွဲကွာနေသည့် မိခင်ဖြစ်သူ နိုရီခန်၏ လက်သို့ပြန်လည်အပ်နှံခဲ့ သည်။ နိုရီခန်သည် ကလေး ပျောက်ဆုံးမှု အတွက် ဖခင်ဖြစ်သူအား တိုင်ကြား ခဲ့သူလည်းခဲ့သူ လည်းဖြစ်သည်။
ကလေးခိုးယူရာတွင်ပါဝင် ပတ်သက်သူ (၃) ဦးအား တရား စွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက ၎င်းတို့ အနေနှင့် ထောင်ဒဏ် (၇) နှစ်ထိပြစ်ဒဏ်ကျခံရဖွယ်ရှိသည်။
၂၀၁၁ ခုနှစ်အတွင်းက လူပေါင်း ၅၀၀၀ကျော်ပါဝင်သော ကလေးခိုးဂိုဏ်း ၈၁၅ ဂိုဏ်းတို့က ကလေး များအားခိုးယူပြီးပြည့်တန် ဆာအဖြစ်သော်လည်းကောင်း၊ သူတောင်းစားများအဖြစ်သော်လည်းကောင်း အိန်္ဒိယနိုင်ငံ တစ်ဝှမ်းတွင် ခိုင်းစေခဲ့ကြောင်း ရဲတပ်ဖွဲ့ကတရားရုံးတွင်သက်သေ ခံခဲ့သည်။
Source: DailyChilli
ဥက်္ကာအောင်
HotNewsWeekly
No comments:
Post a Comment