Thursday, May 16, 2013

မောင်တောခရိုင်အတွင်း ဘင်္ဂါလီ လူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနှုန်း ကန့်သတ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်

မောင်တောခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါလီလူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားမှုနှုန်း ကန့်သတ်ပြီး ထိန်းချုပ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်လိုက် ပြီဖြစ်ကြောင်း မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစောနိုင်က မေ ၁၅ ရက်တွင် ပြောကြားသည်။
ဘင်္ဂါလီ လူမျိုးများ နေထိုင်သည့် ကျေးရွာများတွင် လူဦးရေ အဆမတန် တိုးပွားနေပြီး အိမ်ထောင် အများစုတွင် တစ်စုလျှင် အနည်းဆုံး လူဦးရေ ၃၀ မှ ၄၀ အတွင်းရှိပြီး တချို့အိမ်ထောင်တစ်စုတွင် လူဦးရေ ၅၀ မှ ၈၀ အတွင်း ရှိနေကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရှိရသည်။ "ဘင်္ဂါလီ အမျိုးသားတစ်ဦးက ဇနီးတစ်ယောက်၊ ကလေးနှစ်ယောက်ပဲယူရမယ်ဆိုတာကို ဒေသန္တရအမိန့်နဲ့ ထုတ်ပြန်ထားတယ်။ ဒါ့အပြင် ထုတ်ပြန်ထားတဲ့ အမိန့်ကိုလိုက်နာမှုရှိစေဖို့ အမြဲတမ်း ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်နေ တယ်။ အထူးသဖြင့် မိုးရာသီမှာ စစ်ဆေးမှုတွေ တိုးမြင့်ပြီး ဆောင်ရွက်သွားမယ်။ မိုးကုန်ရင် ဆွဲ၊ တင်၊ စစ်လုပ်ဦးမယ်။ ဆွဲတင်စစ်ဆိုတာက လူဦးရေစစ်မယ့် ရွာရဲ့မြေကြီး မြေပုံဆွဲမယ်၊ ရွာမှာရှိတဲ့ အိမ်ထောင်စုတွေကို ဓာတ်ပုံရိုက်ပြီး လူဦးရေ ဘယ်နှဦးရှိတယ် ဆိုတာကို မှတ်တမ်းတင်ထားမယ်။ ပြီးရင်ပြန်ပြီး ဒီဓာတ်ပုံနဲ့ အိမ်ထောင်စု တစ်စုချင်းစီပြန်ပြီး စစ်ဆေးတဲ့အခါမှာ အမျိုးသား တစ်ဦးက နောက်ထပ်မိန်းမတစ်ဦး ထပ်ယူထားတာ တွေ့ရှိရင် တရားမ၀င် ပေါင်းသင်းတဲ့ အမှုနဲ့ အရေး ယူမယ်။ ကလေးတွေတိုးလာရင် တိုးလာတဲ့ကလေးတွေကို Black List သွင်းမယ်" ဟု ပြောကြားခဲ့ သည်။

မောင်တောခရိုင်အတွင်း လူဦးရေ ၈၀၅၀၀၀ ကျော် နေထိုင်ပြီး ရခိုင်လူမျိုးဦးရေမှာ ၁၀ ရာခိုင်နှုန်း သာ နေထိုင်ကြောင်း စုံစမ်းသိရှိရသည်။
From...Eleven

No comments:

Post a Comment