Monday, May 13, 2013

ဗိုလ် ချုပ် အောင် ဆန်း ဈေးကြီး အ ကြီး စား ပြင် ဆင် မည်

Photo: ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီး အကြီးစား ပြင်ဆင်မည်
Monday, May 13, 2013

ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ရှိ ဈေး ၁၆၈ ဈေး အနက် (က)အုပ်စုဝင် ဈေးတစ်ဈေး ဖြစ်သကဲ့သို့ ပန်းဘဲတန်း မြို့နယ်၏ ရှေး ဟောင်း အဆောက်အအုံ ၂၁ ခုအနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးကို ယခု ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် ဗဟို ဈေးရုံကြီးကို အကြီးစား ပြင်ဆင် ဆောင်ရွက်နိုင်ရန် မေ ၇ ရက်က စစ်ဆေးရေး အဖွဲ့မှ သွားရောက် စစ်ဆေး ကြကြောင်း သိရသည်။

ရှေးဟောင်း သမိုင်းဝင် ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးကို ၁၉၂၆ ခုနှစ် က တည်ဆောက်ခဲ့ပြီး မြန်မာ့ အနုပညာ လက်ရာမြောက် ပန်းချီ ပန်းပုနှင့်မြန်မာ့ ယွန်းထည် ပစ္စည်းများ၊ မြန်မာ့တွင်း ထွက် ကျောက်မျက် ရတနာများ၊ ရွှေ၊ ငွေ၊ ကြေးစသည့် လက်ဝတ် ရတနာ ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဝတ်အထည်များ၊ ရှေးဟောင်း အနုပညာ လက်ရာနှင့် ရုပ်သေးရုပ်များ အပါအဝင် မြန်မာ့ လက်မှု အနုပညာ ပစ္စည်းများ စုစည်း ရောင်းချလျက် ရှိသည်။ 

ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် နှစ်ပေါင်း(၈၄)နှစ်တိုင် တည်ရှိ နေသည်မှ နောင်နှစ်ပေါင်း များစွာ ရေရှည် တည်တံ့စွာ ထိန်းသိမ်းနိုင်ရန် အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဈေးများ ဌာနက ရှေးမူမပျက် အကြီးစား ပြင်ဆင်တော့ မည် ဖြစ်ကြောင်း ဈေးများဌာန ဈေးအင်ဂျင်နီယာ ဦးသန်းထွန်းထံမှ သိရသည်။

မြ၀တီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ရှိ ဈေး ၁၆၈ ဈေး အနက် (က)အုပ်စုဝင် ဈေးတစ်ဈေးဖြစ်သကဲ့သို့ ပန်းဘဲတန်းမြို့နယ်၏ ရှေးဟောင်း အဆောက်အအုံ ၂၁ ခု အနက် တစ်ခု အပါအဝင် ဖြစ်သည်။ 
ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးကို ယခု ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် ဗဟို ဈေးရုံကြီးကို အကြီးစား ပြင်ဆင် ဆောင်ရွက်နိုင်ရန် မေ ၇ ရက်က စစ်ဆေးရေးအဖွဲ့မှ သွားရောက်စစ်ဆေး ကြကြောင်း သိရသည်။

ရှေးဟောင်း သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်း ဈေးကြီးကို ၁၉၂၆ ခုနှစ် က တည်ဆောက်ခဲ့ပြီး မြန်မာ့ အနုပညာ လက်ရာမြောက် ပန်းချီပန်းပုနှင့်မြန်မာ့ယွန်းထည်ပစ္စည်းများ၊ မြန်မာ့တွင်းထွက်ကျောက်မျက် ရတနာများ၊ ရွှေ၊ ငွေ၊ ကြေးစသည့် လက်ဝတ် ရတနာ ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဝတ်အထည်များ၊ ရှေးဟောင်း အနုပညာ လက်ရာနှင့် ရုပ်သေးရုပ်များ အပါအဝင် မြန်မာ့ လက်မှု အနုပညာ ပစ္စည်းများ စုစည်း ရောင်းချလျက် ရှိသည်။

ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် နှစ်ပေါင်း(၈၄)နှစ်တိုင် တည်ရှိ နေသည်မှ နောင်နှစ်ပေါင်း များစွာ ရေရှည်တည်တံ့စွာထိန်းသိမ်းနိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေး များဌာနက ရှေးမူမပျက်အကြီးစားပြင်ဆင်တော့မည်ဖြစ်ကြောင်း ဈေးများဌာန ဈေးအင်ဂျင်နီယာ ဦးသန်းထွန်းထံမှ သိရသည်။

မြ၀တီ

No comments:

Post a Comment