Monday, May 13, 2013

ဘယ်သူပိုင်မှန်းမသိတဲ့မြေကို ရောင်းသူကရောင်း ၀ယ်သူက၀ယ်နေကြ

လှိုင်သာယာမြို့နယ်၊ အမှတ်   (၂၀) ရပ်ကွက်ဝေပုလ္လလမ်းဘေး မြသီရိလမ်းကျွန်းသာယာလမ်း၊ မင်းရာဇာ လမ်းနှင့် ရွှေလင်ပန်း ချောင်းအနီးရှိ ဧက (၄၀) ခန့်ရှိ သော မြေကွက်ပေါ်တွင် အိမ်ကွက်များ ဖော် ၍ရောင်းချမှုများရှိနေပြီး  ရောင်းချရာတွင်အချို့မှာ လိမ်လည်ရောင်းချနေရကြောင်း သတင်းရရှိသည်။
အဆိုပါမြေကွက်သည် လှိုင်သာယာမြို့စတည်စဉ်ကတည်းက နိုင်ငံတော်အစိုးရမှ အမှတ် (၂) သင်္ချိုင်း အဖြစ်သတ်မှတ်ထား သည့်မြေကွက်ဖြစ်ကြောင်းသိရသည်။ အဆိုပါမြေကွက်အနီးနေ ထိုင်သူဒေသခံ တစ်ဦးမှ “ကျွန်တော်  မှာ လှိုင်သာယာစတည်ကတည်းက ဒီမှာနေတာ ဒီမြေကွက်ကို အစိုးရက သင်္ချိုင်းမြေအဖြစ်ထားထားတာ အဲဒီအချိန်တုန်းက ထိန်ပင်သုဿာန်မပေါ်သေးတော့ ဒီမှာပဲမြှုပ်ကြ တယ်။ ထိန်ပင် သုဿန်လာတော့ ဒီမြေပေါ်မှာ  မမြှုပ်တော့ဘဲ လယ်တွေစိုက်ကြ တယ်။ လယ်တွေစိုက်ပေမယ့် ဒီမြေက စီမံကိန်းနယ်မြေအဖြစ်  ဆက်ရှိနေတယ်လို့တော့သိရတယ်။  အခုတော့ဒီမြေမှာ အိမ် ကွက်တွေ ဖော်ပြီးရောင်းနေတယ်။ ရောင်းတဲ့   သူတွေကတော့ လယ်သမားတွေ ဆီက ပြန် ၀ယ်ပြီးရောင်း တယ်လို့  သိရတယ်။ သူတို့ရောင်းတာက အရေးမကြီးဘူး။ မြေကွက်ဝယ်တဲ့   သူတွေထဲမှာ နားကပ်တွေ ဆွဲကြိုး  တွေရောင်းပြီးဝယ်တဲ့ မရှိဆင်းရဲသားတွေများတယ်။ အစိုးရနဲ့ ပတ်သက်လာမယ် ဆိုရင်တော့ သူတို့အတွက်တော့ရင်မောတယ် ဗျာ”ဟု ၎င်းမှပြောကြားသည်။
၎င်းအဖြင် အဆိုပါမြေကွက် များရောင်းချသူများတွင် နိုင်ငံရေး ပါတီဝင်အချို့မှ ပါတီအမည်အား  အလွဲ သုံးစားပြုလုပ်၍ ရောင်းချ နေကြောင်း မြေကွက်ဝယ်ယူသူ တစ်ဦးဖြစ်သူဦးဇော်ဝင်းမှ “ကျွန်တော့် ကို နိုင်ငံရေးပါတီဝင် တစ်ဦးကမြေကွက်ရောင်းမယ်ဆို ပြီး ဒီမြေကွက်တွေပြုတယ်။ သူက  ဒီမြေကွက်ကို လယ်သမားတွေဆီက ပြန်ဝယ်ပြီးရောင်းတာလို့ပြောတယ်။ ပြီးတော့ ပြေစာ စာရွက် တွေပြ တယ်။ ပြေစာ စာရွက်တွေက ခုနှစ်တော့မပေါ်တော့ဘူး။ အဲဒါနဲ့ ကျွန်တော်တို့သူဆီက ပေ ၇၀x၆၀ ရှိတဲ့မြေကွက် ၀ယ်ဖို့ လုပ်တယ်။ အရောင်းအ၀ယ်စာချုပ်ကို   ရပ်ကွက်ဥက္ကဋ္ဌနဲ့ သွားချုပ်မယ်လို့ ပြောတော့ သူကလက်မခံဘူး ကတိသက်သေခံတွေနဲ့ပဲချုပ်မယ် ဆိုလို့ကျွန်တော်မြေကွက်ကို သိန်း ငါးဆယ်နဲ့ ၀ယ်ပြီး စရံသုံး သိန်းပေး ချေခဲ့တယ်။ နောက်မှဒီမြေကို စီမံကိန်းနယ်မြေမှန်းသိလိုက်ရတဲ့  အခါကြတော့ သူက လိမ်ပြေး သွားပြီ”ဟု ၎င်း၏အဖြစ်ကိုပြောကြား သည်။
အဆိုပါမြေပေါ်တွင် အမည်မသိသူများမှ အိမ်ကွက်များရိုက်၍ မြေကွက်များရောင်းချစဉ်က တည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး က မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ထွေ/အုပ်  ရုံးများသို့ အကြောင်းကြား၍ မြို့နယ်စည်ပင်မှ မကျူးကျော်ရဆိုင်းဘုတ်  လာကပ်သော်လည်း ရောင်းချသူ နှင့် ၀ယ်ယူသူများမှ နေအိမ်များ ဆောက်လုပ်နေထိုင်နေကြောင်း ကို အမှတ် (၂၀) ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဝင်းဌေး မှ “ဒီမြေကို ဘယ်သူပိုင်လဲ ဘယ် သူနဲ့ဆိုင်လဲတော့ တိတိကျကျမသိ  ဘူး၊ လယ်သမားတွေကတော့ ဘိုးဘွားပိုင်မြေလို့ပြောတယ်။ ဒီမြေကွက်ပေါ်မှာ အိမ်တွေ စဆောက်တော့ ဦးဌာနဆိုင်ရာတွေ  ကိုအကြောင်းကြားတယ်ပြီးတော့ မြန်မာ့ရေနံနဲ့ သဘောဝဓာတ်ငွေ့ လုပ်ငန်း ကိုလည်း အကြောင်းကြား တယ်၊ ဘာလို့ပဲဆိုတော့ သူတို့ ဆောက်လုပ်နေတဲ့ အိမ်တွေ အောက်မှာ ဓာတ်ငွေ့ပိုက် လိုင်းရှိ နေတယ်။ မတော်တဆထိခိုက်မိ ရင်အန္တရာယ်အရမ်းများတယ်။ စည်ပင်ကိုအကြောင်းကြားတုန်းက စည်ပင်ကလာပြောတယ်။ အဲတုန်း  က အိမ်တွေနည်းသေးတယ်။ လာပြောတုန်းကလူတွေသိပ်မရှိ ဘူး။ နောက်တော့အိမ်တွေများလာ တော့ ဦးတို့လည်းသွားတား တာတွေလုပ်တယ်တးတဲ့အခါမှာ အိမ်ဆောက်နေ တဲ့သူတချို့က ရန်ပြုချင်တဲ့ အနေအထားရှိလို့ ဦးတို့လည်းဒီအတိုင်းကြည့်နေရ တယ်။ စည်ပင်ကတော့ ကျူးစရင်း  တင်ထားတယ်လို့သိရတယ်”ဟု ၎င်းမှပြောကြားသည်။
ယခုအခါအဆိုပါမြေပေါ်တွင်  အိမ်မြေ (၈၀) ကျော်ခန့်ရှိပြီး အခိုင်အမာအခြေချနေထိုင်သူများ ရှိနေရာ သက်ဆိုင်ရာတာဝန်ရှိသူ များမှ အိမ်ကွက်များပိုမိုမများပြား မီအဖြေမှန်ဖော် ထုတ်၍စနစ် တကျ  ဆောင် ရွက်ရန်လိုအပ်နေပြီဖြစ် ကြောင်း ဒေသခံအချို့သုံးသပ်ပြော ကြားသည်။


From: The Hot News Weekly Journal

No comments:

Post a Comment