Tuesday, May 21, 2013

အင်္ဂါဂြိုဟ်သွား တိရစ္ဆာန်များ သေဆုံး

အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် စမ်းသပ်သည့် အနေဖြင့် အာကာသတွင် ပို့ထားခဲ့သည့် တိရစ္ဆာန် များကို မြေပြင် သို့ ပြန်ခေါ်ခဲ့ရာ အားလုံးနီးပါး သေဆုံးကုန်ကြကြောင်း ရုရှား အာကာသ လေ့လာရေး အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ရုရှားရုပ်သံအစီအစဉ်က Bion-M ဟုအမည်ပေးထားသည့် အာကာသ မှ ပြန်လာသော ဒုံးပျံထိပ်ဖူးကို ပြသပြီး၊ ထိုထိပ်ဖူးထဲတွင် မြေပြင်မှ ထည့်ပေးလိုက်သည့် ကြွက် ၄၅ ကောင်၊ ပုတ်သင် ၁၅ ကောင်၊ ခရု၊ အိမ်မြှောင်၊ အပင်များ၊ ပူးများ ပါဝင်ခဲ့သည်။ ယင်းတိရစ္ဆာန်များကို
အာကာသတွင်းသို့ စေလွှတ်ကာ စမ်းသပ်ရခြင်းမှာ အလေးချိန်ဖိအားနည်းပါးသည့် အာကာသအတွင်း သက်ရှိဗီဇတို့၏ ဆဲလ်များတည်ဆောက်ပုံ ပြောင်းလဲခြင်းကို သုတေသနပြုနိုင်ရန် ဖြစ်သည်။ သို့သော် ယခု အာကာသတွင်းမှ ပြန်ခေါ်လာသည့် တိရစ္ဆာန်အားလုံး နီးပါးသည် သေဆုံးကုန်ကြကြောင်း တွေ့ရှိ ခဲ့ရသည်။ ပူးများအားလုံး သေဆုံးကုန်ပြီး ကြွက်နှင့် ပုတ်သင် အနည်းငယ်သာ ကျန်ရှိကြောင်း၊ တိရစ္ဆာန် များ သေဆုံးရခြင်းမှာ သူတို့ကို တပ်ဆင်ပေးလိုက်သည့် ပစ္စည်းများ ပြုတ်ထွက်ကုန်ခြင်း၊ ထိုပစ္စည်းများနှင့် အသားမကျခြင်းများကြောင့် ဖြစ်ရသည်ဟု ရုရှားအာကာသိပ္ပံ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (The Voice Daily)

No comments:

Post a Comment