Friday, May 17, 2013

တန်ဖိုးနည်း မိုဘိုင်းဖုန်း အလုံးရေ ခြောက်ထောင်ခန့် သုံးစွဲမှု မရှိသေး

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းများအရ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ပြည်သူတွေ အတွက် CDMA 800 MHz မိုဘိုင်းဖုန်းအလုံးရေသုံးသိန်းခွဲချထားပေး ခဲ့ပါတယ်။ အခုလို CDMA 800 MHz မိုဘိုင်း ဖုန်း တွေကိုအလုံးရေ သုံးသိန်းခွဲချထားပေးခဲ့ကာ သက်ဆိုင်ရာမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးတွေ မှာ လျှောက်လွှာများတင်ကာ မဲစနစ်နဲ့ ပြည်သူတွေကို ရောင်းချ ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ရောင်းချရာမှာလည်း ဧပြီလ ၂၄ ရက်နေ့ကစတင်ရောင်းချတဲ့ CDMA 800 MHz ဖုန်းများဟာ ယခုလ မေလ ၁၃ ရက်နေ့ အထိကို ဖုန်းအလုံးရေ သုံးသိန်း လေးသောင်း လေးထာင် နှစ် လုံးခန့် ရောင်း ချခဲ့တာ ဖြစ်ပြီး ကျန်တဲ့ ဖုန်းအလုံးရေ ခြောက်ထောင် ခန့်မှာ သုံးစွဲခွင့်ပြု ထားခြင်း မရှိသေးဘူးလို့ သိရ ပါတယ်။ ဒါ့အပြင် လာမယ့် မေလ ၂၀ ရက်နေ့ မှာလည်း နောက်ထပ် ဖုန်းအလုံးရေ သုံးသိန်းခွဲကို ထပ်မံချထား ပေးသွားမှာ ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များရဲ့ အစီအစဉ်နဲ့ ရောင်း ချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

From...MRTV4

No comments:

Post a Comment