Monday, May 27, 2013

တယ်လီဖုန်းသိပ်သည်းဆ တိုးမြှင့်ပြီးပါက အင်တာနက်ကောင်းမွန်မှုကို ဦးစားပေး ဆောင်ရွက်မည်

လက်ရှိဆောင်ရွက်နေသော တယ်လီဖုန်း သိပ်သည်းဆ တိုးမြှင့်ပြီးပါက အင်တာနက်ကောင်းမွန်မှုကို
ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်၏ ပြောကြားချက်အရ သိရသည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တယ်လီဖုန်းသိပ်သည်းဆ ၅၀ ရာခိုင်နှုန်းဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ဆောင်ရွက် ချက်အပြင် အင်တာနက် ကောင်းမွန်ရေးကိုပါ ဦးစားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ “နိုင်ငံတကာမှာ ၅၀ ရာခိုင်နှုန်း လုပ်ဖို့ ငါးနှစ်ကနေ ခုနှစ်နှစ်အထိ ကြာတယ်။ အဲဒါကို မြန်မာနိုင်ငံ မှာ နှစ်နှစ်ခွဲအတွင်းလုပ်ဖို့ မဖြစ်နိုင်ဘူးလားဆိုတော့ တော်တော်လေး ခက်ပါတယ်။ ဗီယက်နမ်နိုင်ငံကို ကြည့်လိုက်တဲ့အခါ သုံးနှစ်သာသာ လေးမှာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ၅၀ ရာခိုင်နှုန်းဖြစ်နိုင်တဲ့ နည်းလမ်း ကို ရှာကြည့်တော့ အကောင်းဆုံး အော်ပရေတာ၊ လုပ်ငန်းခွင်ထဲမှာ အတွေ့အကြုံ အများ ဆုံး အော်ပရေတောကို ခေါ်ရင်ဖြစ်နိုင်တယ်။ ဒါကိုခေါ်ဖို့ ကြိုးစားနေတယ်။ တခြား အင်တာနက် ကိစ္စ၊ လုပ်စရာတွေ အားလုံးက တစ်ပြိုင်တည်း ဖြစ်တော့ ဦးစားပေးတော့ လိုပါတယ်။ အဲဒီတော့ ဦးစားပေး ကတော့ တယ်လီဖုန်း သိပ်သည်းဆအတွက် ကျွန်တော့တို့ ဦးစားပေးလိုက်တယ်။ အင်တာနက် က နောက်တစ်ဆင့် တခြားဆောင်ရွက်ချက်က နောက်တစ်ဆင့် စသဖြင့် သွားမယ်” ဟု ဒုတိယ ဝန်ကြီးက ပြောသည်။ အင်တာနက် ဆောင်ရွက်ချက်များကိုလည်း ကုမ္ပဏီများနှင့် ပူးပေါင်းဆောင် ရွက်ရန် စီစဉ်ခဲ့ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် Internet ဂျာနယ် တွင် ဖော်ပြထားပါသည်။ 

From...ခေတ်လူငယ်

No comments:

Post a Comment