Monday, May 27, 2013

လစာအများဆုံး နည်းပြအဖြစ် မော်ရင်ဟို ချဲလ်ဆီး ပြန်လာမည်

လစာအများဆုံး နည်းပြအဖြစ် မော်ရင်ဟို ချဲလ်ဆီး ပြန်လာမည်
=====================================
 27 May 2013  | By ရိုးရာလေး 

လစာအများဆုံးနည်းပြအဖြစ် မော်ရင်ဟို ချဲလ်ဆီးပြန်လာမည်ရာသီကုန်တွင် ရီးရဲလ်မှထွက်ခွာမည့် နည်းပြမော်ရင်ဟိုမှာ ချဲလ်ဆီးနှင့် ၄နှစ် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း

Sunday Times သတင်းစာမှ
ဖော်ပြထားသည်။ ယခုချုပ်ဆိုခဲ့သော စာချုပ်အရ မော်ရင်ဟိုအနေဖြင့် အခွန်ဆောင်ပြီး တစ်နှစ်လုပ်ခ ပေါင် ၈.၅ သန်း ရရှိမည်ဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လစာအများဆုံးရသည့် နည်းပြတစ်ဦး ဖြစ်လာခဲ့သည်။

ရီးရဲလ်တွင် ၃နှစ်ကြာ နည်းပြခဲ့သော မော်ရင်ဟိုမှာ လာလီဂါဖလားနှင့် စပိန်ဘုရင့်ဖလား ၂လုံးသာ ရရှိခဲ့ပြီး အသင်းတာဝန်ရှိသူများ၏ လွှမ်းမိုးမှုများ၊ ကစားသမားများနှင့်
ပြဿနာဖြစ်ပွားမှုများကြောင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ချဲလ်ဆီးတွင် ပထမအကြိမ် နည်းပြခဲ့စဉ်က မော်ရင်ဟိုမှာ အသင်းအတွက် ပရီးမီးယားလိဂ်ဖလား ၂လုံး၊ အက်ဖ်အေဖလား ၁လုံးနှင့် Capital One ဖလား ၂လုံး ရယူပေးနိုင်ခဲ့ပြီး တစ်ကျော့ပြန် ချဲလ်ဆီးနည်းပြဘ၀တွင် အလားတူ အောင်မြင်မှုများ ရရှိရန် ချဲလ်ဆီးက မျှော်လင့်နေကာ အသင်းသားများအားလုံးကလည်း မော်ရင်ဟို ပြန်လာသည့်အတွက်
 ပျော်ရွင်နေကြကြောင်း သိရှိရသည်။
လစာအများဆုံးနည်းပြအဖြစ် မော်ရင်ဟို ချဲလ်ဆီးပြန်လာမည်ရာသီကုန်တွင် ရီးရဲလ်မှထွက်ခွာမည့် နည်းပြမော်ရင်ဟိုမှာ ချဲလ်ဆီးနှင့် ၄နှစ် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း Sunday Times သတင်းစာမှဖော်ပြထားသည်။ ယခုချုပ်ဆိုခဲ့သော စာချုပ်အရ မော်ရင်ဟိုအနေဖြင့် အခွန်ဆောင်ပြီး တစ်နှစ်လုပ်ခ ပေါင် ၈.၅ သန်း ရရှိမည်ဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လစာ အများဆုံး ရသည့် နည်းပြတစ်ဦး ဖြစ်လာခဲ့သည်။

ရီးရဲလ်တွင် ၃နှစ်ကြာ နည်းပြခဲ့သော မော်ရင်ဟိုမှာ လာလီဂါဖလားနှင့် စပိန်ဘုရင့်ဖလား ၂လုံးသာ ရရှိ ခဲ့ပြီး အသင်းတာဝန်ရှိသူများ၏ လွှမ်းမိုးမှုများ၊ ကစားသမားများနှင့်ပြဿနာဖြစ်ပွားမှုများကြောင့် လမ်းခွဲ ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ချဲလ်ဆီးတွင် ပထမအကြိမ် နည်းပြခဲ့စဉ်က မော်ရင်ဟိုမှာ အသင်း အတွက် ပရီးမီးယားလိဂ်ဖလား ၂လုံး၊ အက်ဖ်အေဖလား ၁လုံးနှင့် Capital One ဖလား ၂လုံး ရယူပေးနိုင်ခဲ့ပြီး တစ်ကျော့ပြန် ချဲလ်ဆီးနည်းပြဘ၀တွင် အလားတူ အောင်မြင်မှုများ ရရှိရန် ချဲလ်ဆီးက မျှော်လင့်နေကာ အသင်းသားများအားလုံးကလည်း မော်ရင်ဟို ပြန်လာသည့်အတွက်ပျော်ရွင်နေကြကြောင်း သိရှိရသည်။
From...By ရိုးရာလေး
 

No comments:

Post a Comment