Monday, May 20, 2013

ပြည်တွင်း ရွှေဈေးနှုန်း အနည်းငယ် ကျဆင်းလာ

အခုရက်ပိုင်း ကမ္ဘာ့ရွှေ ဈေးကွက်မှာ ဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာတာကြောင့် ပြည် တွင်း ရွှေဈေးကွက် ရွှေဈေးနှုန်းများလည်း တဖြည်းဖြည်းကျဆင်းလာတယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရသိရပါတယ်။ ပြည်တွင်းမှာ ရွှေဈေးအနည်းငယ်ကျဆင်း လာတာကြောင့် ရွှေဆိုင်များ မှာလည်း ရွှေအ၀ယ် လိုက်နေတယ်လို့ သိရပါတယ်။
ယခုလက်ရှိ ကမ္ဘာရွှေဈေး ကျဆင်းနေ ပေမယ့်လည်း ပြည်တွင်း ရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးထက် ငွေကျပ် တန်ဖိုးသောင်း ကဏန်းခန့်မြင့်မားနေပြီး အဲ့ဒီလိုဈေးနှုန်းမြင့် နေမှုဟာလည်း ကုန်သည်တွေအတွက် အမြတ်နဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေကြောင့် ဖြစ်တယ် လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့အပတ် တနင်္လာနေ့က ပြည်တွင်း ရွှေဈေးကွက်မှာ ရွှေဈေးနှုန်းအနေနဲ့ အခေါက်ရွှေတစ်ကျပ်သား ကို ငွေကျပ် ၇၁၁၅၀၀ ကျပ် ၀န်းကျင်ခန့်ရှိခဲ့ပြီး  မေလ ၁၈ ရက်နေ့ စနေနေ့ မှာတော့ ငွေကျပ် ခြောက် သိန်းကိုးသောင်းကိုးထောင့်သုံးရာဝန်းကျင်နဲ့၊ ကမ္ဘာ့ရွှေဈေးမှာ အမေရိကန် ဒေါ်လာ ၁၃၅၉ နှုန်း ၀န်းကျင် ရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့်ယခုလို ပြည်တွင်း ရွှေဈေးကွက်မှာ ရွှေဈေးအနည်းငယ်ကျဆင်း လာပေမယ့် လည်း ဒေါ်လာဈေးဟာ ပြည်တွင်းမှာ တဖြည်းဖြည်း မြင့်တက်လျက်ရှိနေတာ ဖြစ်ပါတယ်။
From..MRTV4

No comments:

Post a Comment