Friday, May 31, 2013

ရဲတပ်ဖွဲ့များ ပထမအကြိမ် တိုက်ခိုက် ခံရခြင်း

ရဲတပ်ဖွဲ့များ ပထမအကြိမ် တိုက်ခိုက် ခံရခြင်း
Friday, May 31, 2013

တအာင်း (ပလောင်) ဒေသ တခုဖြစ်သည့်  ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ တာဝါ လျှပ်စစ် တာဝါတိုင်စောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၃) ဦး ယမာန်နေ့က ပစ်သတ် ခံရသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အတွင်းရေးမှူး (၁) က ဆိုပါသည်။

“ အခု အဲဒီရဲ (၃) ယောက်ကို မန်တုံဆေးရုံမှာပဲ ရင်ခွဲ စစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလား မသိဘူး၊ ဒီနေ့မနက် မန်တုံပြည်သူ့စစ်တွေရော ရဲတွေရော သွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့ ပုံစံနဲ့သေဆုံးခဲ့တယ်လို့ ပြောတယ်” ဟု တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သူ မိုင်းမျိုးအောင်မှ ဆိုပါသည်။

အပစ်ခံရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း (တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒု-တပ်ကြပ်တစ်ဦး) တို့ဖြစ်ကြပြီး မည်သူ့ လက်ချက်ဖြစ်သည်ကို လောလောဆယ် မသိရသေးကြောင်း ဆိုပါသည်။ ၄င်းတို့သည် လကုန်ရက်ဖြစ်၍ တာဝန် ကျရာ ရွှေလီ တာဝါလျှပ်စစ် တာဝါတိုင်မှ မန်တုံတို့ လာရောက်စဉ် မန်တုံ-နမ္မတူလမ်း၇-မိုင်တံတား အရောက်တွင် ပစ်သတ် ခံရခြင်း ဖြစ်ကြောင်း ဆိုပါသည်။

မန်တုံ ရဲမှာမူ ယခု ပစ်ခတ်မှုသည် ဤဒေသတွင် လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်ဖြစ်နိုင်သည်ဟု စွပ်စွဲ ထားပါသည်။ သို့သော် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်TNLA မှာမူ ၄င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုပါသည်။

၎င်းမန်တုံဒေသတွင် ကချင် လွတ်လပ်ရေး တပ်မတော် တပ်မဟာ (၄) ဒေသ တပ်ဖွဲ့၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီနှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် လက်နက်ကိုင် အဖွဲ့တို့ လှုပ် ရှားနေကြသည့်နေရာဖြစ်သည်။

မန်တုံဒေသ၌ ဖြစ်ခဲ့သော တိုက်ခိုက် မှုများသည်  အများအားဖြင့် တပ်မတော် တပ်ဖွဲ့များနှင့်သာ တိုက်ခိုက် ခဲ့ကြသော်လည်းယခု ရဲများ တိုက်ခိုက်မှုသည် ပထမဆုံး အကြိမ် ဖြစ်သည်ဟုလည်း တအာင်းကျောင်းသားနှင့် လူငယ်အစည်း အရုံး၏သတင်းနှင့် လူ့အခွင့်အရေးဌာနမှ ယနေ့ ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားပါသည်။

ရွှေဟင်္သာသတင်းဌာန
တအာင်း (ပလောင်) ဒေသတခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ တာဝါ လျှပ်စစ်တာဝါတိုင်စောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၃) ဦး ယမာန်နေ့က ပစ်သတ် ခံရသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ အတွင်းရေးမှူး (၁) က ဆိုပါသည်။
“ အခု အဲဒီရဲ (၃) ယောက်ကို မန်တုံဆေးရုံမှာပဲ ရင်ခွဲစစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလား မသိဘူး၊ ဒီနေ့မနက် မန်တုံပြည်သူ့စစ်တွေရော ရဲတွေရော သွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့ ပုံစံနဲ့သေဆုံးခဲ့ တယ်လို့ ပြောတယ်” ဟု တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သူ မိုင်းမျိုးအောင်မှ ဆိုပါသည်။

အပစ်ခံရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း (တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒု-တပ်ကြပ် တစ်ဦး) တို့ဖြစ်ကြပြီး မည်သူ့ လက်ချက်ဖြစ်သည်ကို လောလောဆယ် မသိရသေးကြောင်း ဆိုပါသည်။ ၄င်းတို့သည် လကုန်ရက်ဖြစ်၍ တာဝန်ကျရာ ရွှေလီတာဝါလျှပ်စစ် တာဝါတိုင်မှ မန်တုံတို့ လာရောက်စဉ် မန်တုံ-နမ္မတူလမ်း၇-မိုင်တံတား အရောက်တွင် ပစ်သတ် ခံရခြင်း ဖြစ်ကြောင်း ဆိုပါသည်။

မန်တုံ ရဲမှာမူ ယခု ပစ်ခတ်မှုသည် ဤဒေသတွင် လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်ဖြစ်နိုင်သည်ဟု စွပ်စွဲ ထားပါသည်။ သို့သော် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA  မှာမူ ၄င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုပါသည်။

၎င်းမန်တုံဒေသတွင် ကချင် လွတ်လပ်ရေး တပ်မတော် တပ်မဟာ (၄) ဒေသ တပ်ဖွဲ့၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် လက်နက် ကိုင် အဖွဲ့တို့ လှုပ်ရှားနေကြသည့်နေရာဖြစ်သည်။

မန်တုံဒေသ၌ ဖြစ်ခဲ့သော တိုက်ခိုက် မှုများသည် အများအားဖြင့် တပ်မတော် တပ်ဖွဲ့များနှင့်သာ တိုက်ခိုက် ခဲ့ကြသော်လည်းယခု ရဲများတိုက်ခိုက်မှုသည် ပထမဆုံး အကြိမ် ဖြစ်သည်ဟုလည်း တအာင်းကျောင်း သားနှင့် လူငယ်အစည်း အရုံး၏သတင်းနှင့် လူ့အခွင့်အရေးဌာနမှ ယနေ့ ထုတ်ပြန်သည့် ကြေငြာ ချက်၌ ဖော်ပြထားပါသည်။

ရွှေဟင်္သာသတင်းဌာန

No comments:

Post a Comment