Monday, May 13, 2013

မုန်တိုင်းသတင်းမေလ၁၃ရက်၊ ၁၅း၃၀နာရီ

Photo: မုန်တိုင်းသတင်း

မေလ၁၃ရက်၊ ၁၅း၃၀နာရီ

မေလ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၁၅၃ဝ နာရီတွင် ရရှိသည့် JTWC မှ လမ်းကြောင်း ပုံဖေါ်ခန့်မှန်းချက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်းမှာ မြောက်ဘက်သို့ ပြန်လည် ရောက်ရှိသွားပြီး မုန်တိုင်းဗဟိုသည် မေလ ၁၆ ရက် ည မြန်မာစံတော်ချိန် ၂၄ဝဝ နာရီခန့်တွင် စစ်တကောင်းမြို့ မြောက်ဘက် ၈.၇၅ မိုင်ခန့် ကွာဝေးသည့် Salimpur မြို့အနီးမှ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ 

ဆိုင်ကလုန်းမုန်တိုင်း၏ အင်အားမှာ ပိုမိုကောင်းမွန်လာခြင်း မရှိပဲ အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ လာမည့် ၄၈ နာရီ(မေလ ၁၅ ရက် နေ့လည် ၁၂၃ဝ နာရီ)အတွင်း ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်းသိရပါသည်။

မုန်တိုင်း ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအကြွင်းအကျန်များသည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ မေလ ၁၈ ရက် နေ့လည် ၁၂၃ဝ နာရီအထိ ဆက်လက် တည်ရှိနိုင်ပြီး၊

 ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့အား ဖြတ်သန်းကာ ကချင်ပြည်နယ် မိုးညှင်းမြို့တောင်ဘက် သို့တိုင် ရောက်ရှိနိုင်ကြောင်း၊ JTWC မှ ကုန်းတွင်း မုန်တိုင်းအဖြစ် လေတိုက်နှုန်း တစ်နာရီ 30 knots ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းပေးထားပါသည်။

See More Here
http://blog.mmweather.com/2013/05/13/cyclone-mahasen-track-update/

Posted From MMweather Page
မေလ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၁၅၃ဝ နာရီတွင် ရရှိသည့် JTWC မှ လမ်းကြောင်း ပုံဖေါ်ခန့်မှန်း ချက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်း မှာ မြောက်ဘက် သို့ ပြန်လည် ရောက်ရှိ သွားပြီး မုန်တိုင်းဗဟိုသည် မေလ ၁၆ ရက် ည မြန်မာစံတော်ချိန် ၂၄ဝဝ နာရီခန့်တွင် စစ်တကောင်း မြို့ မြောက်ဘက် ၈.၇၅ မိုင်ခန့် ကွာဝေးသည့် Salimpur မြို့အနီးမှ ကမ်းခြေအား ဖြတ်ကျော် ဝင်ရောက် မည်ဟု ခန့်မှန်းထားပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ အင်အားမှာ ပိုမိုကောင်းမွန်လာခြင်း မရှိပဲ အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ လာမည့် ၄၈ နာရီ(မေလ ၁၅ ရက် နေ့လည် ၁၂၃ဝ နာရီ) အတွင်း ရောက်ရှိ လာနိုင် မည် ဖြစ်ကြောင်းသိရပါသည်။

မုန်တိုင်း ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအကြွင်းအကျန်များသည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ မေလ ၁၈ ရက် နေ့လည် ၁၂၃ဝ နာရီအထိ ဆက် လက် တည်ရှိနိုင်ပြီး၊ ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့အား ဖြတ်သန်းကာ ကချင်ပြည် နယ် မိုးညှင်းမြို့တောင်ဘက် သို့တိုင် ရောက်ရှိနိုင်ကြောင်း၊ JTWC မှ ကုန်းတွင်း မုန်တိုင်း အဖြစ် လေတိုက်နှုန်း တစ်နာရီ 30 knots ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းပေးထားပါသည်။

Posted From MMweather Page
From...Thit htoo lwin

No comments:

Post a Comment