အမေရိကန်နိုင်ငံ၊ ဆန်ဖရန် ဆစ္စကိုတွင် ဇိမ်ခံကားကြီးတစ်စင်း မီးလောင်မှု ဖြစ်ပွားရာ အသစ်စက်စက် သတို့ သမီး အပါအဝင် လူ(၅)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ မင်္ဂလာဦး အကြိုအဖြစ် ပါတီပွဲ ကျင်းပခဲ့သည့် သတို့သမီးနှင့်အတူ အခြား(၄)ဦးတို့သည် ဇိမ်ခံမော်တော်ကားကြီး မီးလောင်မှုအတွင်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကအတည်ပြုခဲ့သည်။
အဆိုပါ မော်တော်ကားကြီးသည် ဆန်ဖရန်စ္စကို၏ နယ်နိမိတ်အတွင်း တံတားကြီးတစ်ခုကို ဖြတ်သန်းစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
သေဆုံးသွားသည့် သတို့သမီး၏အမည်ကို ရဲကမကြေညာခဲ့ဘဲ သူမသည် ပူပူနွေးနွေးလက်ထပ်ပွဲ ဆင်နွှဲ ထားပြီး သူငယ်ချင်းများနှင့်အတူ ပါတီကျင်းပပြီးနောက် သေဆုံးသွားခြင်းဟု သူမ၏ ညီမဖြစ်သူက ပြောဆို သွားသည်။
From...Planet Myanmar Network

No comments:
Post a Comment