Sunday, May 26, 2013

ပြည်သူ့ရေးရာ ကိစ္စတွေဆောင်ရွက်ပေးဖို့လိုဟု လွှတ်တော်အမတ်အချို့ ဆို

Photo: ပြည်သူ့ရေးရာ ကိစ္စတွေဆောင်ရွက်ပေးဖို့လိုဟု လွှတ်တော်အမတ်အချို့ ဆို  
Sunday, May 26, 2013

လတ်တလောတွင် ပြင်ပနိုင်ငံရေး လှုပ်ခြားများတွင် အရပ်ဖက်လူ့ အဖွဲ့အစည်းများ၏ ဆောင်ရွက်မှု အခန်းကဏ္ဍများ အားကောင်းလာသော် လည်း လွှတ်တော်တွင်း နိုင်ငံရေးကို ဖော်ဆောင်လျက်ရှိသော အမတ်များ၏ အခန်းကဏ္ဍသည် ပြည်သူလူထုကြား၌ အားနည်းနေသည်ဟု ဝေဖန်မှုများ ရှိနေခြင်းသည် ကိုယ်စားလှယ်များသည် ပြည်သူလူထု၏ ရေးရာကိစ္စများ ဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

 “ဝန်ကြီးဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာတော့ ကျွန်တော်တို့ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့  ပြည်သူလူထုရဲ့အမြင် ပြည်သူလူထုရဲ့ သဘော ထားတွေကို ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးပေးတယ်။ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ပေးတယ်။ အဓိကကတော့ ပြည်သူလူထုကြားမှာ ရှင်သန်နိုင်ဖို့နဲ့ ပြည်သူ့ရေးရာကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆောင်ရွက်နိုင်ခွင့်နှင့် ပတ်သက်၍ ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများ၏ အခက်အခဲများကို ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှု များ လိုအပ်သော်လည်း ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှုသည် အားနည်းနေသေးကြောင်း ချင်ပြည်နယ် အမှတ်သုံး မဲဆန္ဒနယ်မြေမှ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု အကျိုးဆောင်ရွက်မှုအားနည်းပြီး မှေးမှိန်နေရခြင်းသည် လွှတ်တော်တွင်း၌ ပြည်သူ့အတွက် အဆိုတင်သွင်းနိုင်ခြင်း မရှိသော ကိုယ်စားလှယ်များ များပြားနေခြင်းလည်း ပါဝင်သည်ဟု မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဝေဖန်ပြောကြားလိုက်သည်။

အောင်သိုက်
မြန်မာ့ခေတ်
လတ်တလောတွင် ပြင်ပနိုင်ငံရေး လှုပ်ခြားများတွင် အရပ်ဖက်လူ့ အဖွဲ့အစည်းများ၏ ဆောင်ရွက်မှု အခန်း ကဏ္ဍများ အားကောင်းလာသော်လည်း လွှတ်တော်တွင်း နိုင်ငံရေးကို ဖော်ဆောင်လျက်ရှိသော အမတ်များ ၏ အခန်းကဏ္ဍသည် ပြည်သူလူထုကြား၌ အားနည်းနေသည်ဟု ဝေဖန်မှုများ ရှိနေခြင်းသည် ကိုယ် စားလှယ်များသည် ပြည်သူလူထု၏ ရေးရာကိစ္စများ ဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ဝန်ကြီးဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာတော့ ကျွန်တော်တို့ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြည်သူလူထုရဲ့ အမြင် ပြည်သူလူထုရဲ့ သဘောထားတွေကို ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးပေးတယ်။ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ပေးတယ်။ အဓိကကတော့ ပြည်သူလူထုကြားမှာ ရှင်သန်နိုင်ဖို့နဲ့ ပြည်သူ့ရေးရာ ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆောင်ရွက်နိုင်ခွင့်နှင့် ပတ်သက်၍ ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများ၏ အခက်အခဲများကို ဆောင်ရွက်ရာတွင် ဌာန ဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှု များ လိုအပ်သော်လည်း ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှုသည် အားနည်းနေသေးကြောင်း ချင်ပြည်နယ် အမှတ်သုံး မဲဆန္ဒနယ်မြေမှ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု အကျိုးဆောင်ရွက်မှုအားနည်းပြီး မှေးမှိန်နေရခြင်းသည် လွှတ်တော်တွင်း၌ ပြည်သူ့အတွက် အဆိုတင်သွင်းနိုင်ခြင်း မရှိသော ကိုယ်စားလှယ်များ များပြားနေခြင်း လည်း ပါဝင်သည်ဟု မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဝေဖန်ပြောကြားလိုက်သည်။

အောင်သိုက်
မြန်မာ့ခေတ်

No comments:

Post a Comment