Thursday, May 16, 2013

မဟာစင်မုန်တိုင်းနှင့် ပတ်သက်သောသတင်းများ၊ မေလ ၁၆ ရက်နေ့၊ မွန်းလွဲ ၄ နာရီ ၅ မိနစ်

ဆိုင်ကလုန်းမဟာစင်၏ ဗဟိုချက် ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဘင်္ဂလေားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှ ကုန်းတွင်း ဖြတ်ကျော်ဝင်ရောက်မည်
ယနေ့ မေလ ၁၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏ ဗဟိုချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
"ကမ်းကို ဖြတ်တဲ့အချိန်မှာ လေတိုက်နှုန်း ကျသွားပါလိမ့်မယ်။ တစ်နာရီကို မိုင် ၅၀ ကနေ ၆၀ အထိ တိုက်ခတ်နိုင်ပါတယ်" ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။
ဆိုင်ကလုန်း မုန်တိုင်းသည် လက်ရှိတွင် မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်မြောက်ဘက် ၈၅ မိုင်ခန့်အကွာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် ၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေသည်။
မုန်တိုင်း၏ လက်ရှိအခြေအနေမှာ အနီရောင်အဆင့်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည်။

မုန်တိုင်းကြောင့် မြင့်တက်နိုင်သော လှိုင်းအမြင့်မှာ မောင်တောမြို့နယ် ကမ်းခြေတွင် ခြောက်ပေမှ ရှစ်ပေ၊ စစ်တွေဒေသ ကမ်းခြေတွင် လေးပေမှ ခြောက်ပေခန့် မြင့်တက်နိုင်သည်ဟု သိရသည်။
From...Eleven

No comments:

Post a Comment