Friday, May 17, 2013

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် တစ်ခုထဲတွင် ငါးလ အတွင်း လူပျောက်မှု ၂၄ မှု ဖြစ်ပွားခဲ့

ပုံပါ မိန်းကလေးမှာ ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်နေ မသက်ဝေလွင် ၊အသက်၁၈နှစ် (၁/မကန (နိုင်) ၁၈၁၅၃၅) (ဖုန်း-09420784496) ဖြစ်ပြီး 15.5.2013 တွင် အလုပ်သွား၇ာ မှအိမ် သိုပြန်ေ ၇ာက်လာခြင်းမရှိသည့် အတွက်သက်ဆိုင်၇ာရဲစခန်းတွင် လူပျောက်တိုင်ကြားထားပြီးဖြစ်ရာ သွေးေ ဆာင်ခြင်း၊ လက်ခံထားခြင်းစသည့် မသမာမှု တစ်စုံတရာတွေရှိက ထိရောက်စွာအရေးယူ မည်ဖြစ်ေ ကြာင်း မိဘဆွေမျိုးများမှထံမှသိရသည်။
တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် ပုံတွင်ပါ မိန်းကလေးကိုတွေ့ရှိပါက (095160243, 0949577200, 095320372, 0949344959) သို့ဆက်သွယ်ပေးစေလိုပါကြောင်း အကူအ ညီတောင်း ခံထား ပါသည်။
=====================================
ရန်ကုန် ဆင်ခြေဖုံး မြို့နယ် တစ်ခုဖြစ် သော ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဇန်နဝါရီလမှ မေလ ၁၄ ရက်နေ့ အထိ ငါးလအတွင်း လူပျောက်ဆုံးမှု ၂၄ မှု ဖြစ်ပွား ခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်း ထံမှ သိရသည်။ အဆိုပါ လူပျောက်ဆုံးမှု များတွင် ဆယ်ကျော်သက် အရွယ်မှ အသက် ၅၀ အရွယ်ရှိ သူများ ပျောက်ဆုံးခဲ့ခြင်း ဖြစ်ပြီး ပျောက်ဆုံးသူထက်ဝက်ခန့်ကို ပြန်လည် တွေ့ရှိခဲ့ကြောင်း ယင်းရဲစခန်း ထံမှ စုံစမ်း သိရှိရသည်။

မေလ ၆ ရက်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၇) တိုးချဲ့ ရပ်ကွက်တွင် နေထိုင် သူ ဒေါ်အိအိထွန်းသည် မင်္ဂလာဈေးအနီး အထည်ချုပ် လုပ်ငန်းတွင် အလုပ်လုပ်ရန် သွားရာမှ ပျောက် ဆုံးခဲ့သဖြင့် မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ကြောင်း မေလ ၁၄ ရက်နေ့ အထိရှစ်ရက် ကြာ သော် လည်း ပြန်မတွေ့သေးကြောင်း ပျောက်ဆုံး နေသူအမျိုးသမီး၏ ယောက္ခမ တော်စပ် သူ ဒေါ်အေး က ပြော ကြားသည်။

"ရဲစခန်း ကတော့ ဓာတ်ပုံခြောက်ပုံ တောင်းတယ်၊ ဖြန့်ပေးမယ် လို့တော့ ပြော တယ်၊ မိသားစုတွေရော၊ အလုပ် ရှင်ပါ စိတ်ပူနေကြတယ်"ဟု ၄င်းကဆိုသည်။ ပျောက်ဆုံး နေသူ အမျိုးသမီးသည် သားသမီးသုံးဦး ရှိပြီး၊ အလုပ်ကိစ္စမှ လွဲ၍ အပြင်သို့ တစ်ဦးတည်း ထွက်လေ့မရှိ ကြောင်း ဒေါ်အေးက ထပ်မံပြော ကြားသည်။

အချို့ ပျောက်ဆုံးသူ များသည် လူမှုရေး ကိစ္စများကြောင့် ဖြစ်ပြီး အချို့ ပျောက်ဆုံးမှု များသည် အသိအိမ် အလည်သွားသည်ကို မိသားစုဝင်များကမသိရှိ၍ စိတ်ပူကာတိုင်ကြားခြင်းများလည်းရှိကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ မိသားစုဝင် တစ်ဦးဦး အိမ်ပြန် မလာပါက သွားနိုင်သော နေ ရာများစုံစမ်းခြင်း၊ မြို့နယ် ရဲစခန်းတွင်တိုင်ကြားအမှုဖွင့်ခြင်းတို့သာမက ဆေးရုံများတွင်လည်း စုံစမ်း မေးမြန်းသင့်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သူမီးသတ်အရာရှိ တစ်ဦး က ပြော ကြားသည်။ 

Ref: The Voice Journal

No comments:

Post a Comment