Thursday, May 16, 2013

နိုင်ငံတကာနည်းတူ ၁၂ တန်း ဖြစ်ဖို့ စီစဉ်နေ

Photo: နိုင်ငံတကာနည်းတူ ၁၂ တန်း ဖြစ်ဖို့ စီစဉ်နေ

မေလ ၁၆ ရက် ၂၀၁၃ 

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ စတင်ပြီး အစိုးရကျောင်းများတွင် ၁၂ တန်းအထိ ရှိသော စနစ်သို့ပြောင်းလဲရန် စီစဉ်နေကြောင်း ပညာရေးဌာနက ပြောသည်။

“အခု ဆွေးနွေးပြီး မူကြိုတန်း တတန်း ထပ်တိုးဖို့ လုပ်နေပါတယ်။ အခြေအနေပေါ် မူတည်ပြီးတော့ ၂ဝ၁၄ မှာ တိုးဖို့ ရည်ရွယ်ထားပါတယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာထွေးကပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက ထို၁၂တန်းစနစ်သို့ပြောင်းလဲ ကျင့်သုံးရေးနှင့်ပတ်သက်၍   မန္တလေး နှင့် ရန်ကုန်တွင် ဆွေးနွေးပွဲပြုလုပ်မည်ဟု ဆိုသည်။

သူငယ်တန်းရှေ့တွင် မူကြိုတန်း တတန်းဖြည့်လိုက်ပါက နိုင်ငံတကာပညာရေးစနစ်ကဲ့သို့ ၁၂တန်းဖြစ်သွားမည်။

မူလတန်းအဆင့်တွင် မူကြိုမှ စတုတ္ထတန်းထိ စုစုပေါင်း ၆ တန်း၊
အလယ်တန်းအဆင့်တွင် ပဉ္စမတန်းမှအဌမတန်းထိ စုစုပေါင်း ၄ တန်း၊
အထက်တန်းအဆင့်တွင် နဝမတန်းနှင့်ဒသမတန်း စုစုပေါင်း ၅ တန်းဖြင့် ၆-၄-၂ စနစ် ဖြစ်သည်။

၆-၄-၂ ရဲ့ အားနည်းချက်
၆-၄-၂ စနစ်တွင် အားနည်းချက်များရှိနိုင်ပြီး ထိုစနစ်သည် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန်ခက်ခဲကြောင်း NLD ပညာရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်က သုံးသပ်သည်။

“အဲဒီစနစ်ကို သဘောမကျပါဘူး။ ဒီစနစ်ကို ကျင့်သုံးရင် ကျောင်းအဆောက်အအုံတွေ တိုးချဲ့ရမယ်။ တစ်နိုင်ငံလုံးဖြစ်နိုင်မလား။ ဝန်ကြီးဌာနအနေနဲ့ ပေါ်လစီရှင်းလင်းဖို့ လိုတယ်။
ခေါင်းဆောင်တစ်ယောက်တက် စနစ်တစ်ခုပြောင်းပြီး ပညာရေးစမ်းသပ်တာတွေ မဖြစ်သင့်တော့ဘူး။ ပညာရှင်တွေနဲ့ တိုင်ပင်လုပ်ဆောင်သင့်တယ်” ဟု ဒေါက်တာသိန်းလွင်က ဆိုသည်။

၅-၄-၃စနစ်ကို ပိုမိုဖြစ်စေချင်ကြောင်း  ဒေါက်တာသိန်းလွင်က ဆက်လက်ပြောကြားသည်။

ဘက ကျောင်း ဆရာတော်ရဲ့ အယူအဆ

အစိုးရကျောင်းများတွင် မူလတန်းအဆင့် ၁တန်းထပ်တိုးပါက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင်ပါ ထပ်တိုး သင်ကြားရမည်ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မန္တလေးတိုင်း၊ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်အထက်တန်းကျောင်းမှ ဆရာတော်ဦးနာယက၏ မိန့်ကြားချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

“၂ဝ၁၄ မှာ သင်ရမယ်လို့တော့  ညွှန်ကြားထားတာ မရှိသေးဘူး။ ဘုန်းဘုန်းတို့လည်း လိုက်လုပ်ရမှာပေါ့။ ဦးဉ္စင်းတို့ ကိုယ်တိုင် ၁၂ တန်း ဖြစ်စေချင်ပါတယ်။
ဒါပေမဲ့ မူလတန်းတိုးမှာထက်စာရင် အထက်တန်းဆို ပိုအဆင်ပြေတာပေါ့။ လွယ်လွယ်ကူကူ ၁၂တန်းအဖြစ် ပြောင်းလို့ရသွားတာပေါ့”

လက်ရှိမြန်မာနိုင်ငံ အခြေခံ ပညာရေးအဆင့်တွင် သူငယ်တန်း(Grade-1)မှ ၁ဝ တန်း (ခေါ်) တက္ကသိုလ်ဝင်တန်း(Grade-11) အထိ  အတန်းခွဲထားသည်။

စာရေးဆရာကြည်မင်းရဲ့ အမြင်

၁၉၆၄ခုနှစ်မတိုင်ခင်အထိ အစိုးရစာသင်ကျောင်းများတွင် ကကြီးတန်း(သူငယ်တန်းလေး)၊ သူငယ်တန်းကြီး၊ ပထမတန်းဟူ၍ အတန်းစဉ်လိုက်ရှိသည်၊
ခရစ်ယာန်သာသနာပြုကျောင်းများတွင် သူငယ်တန်းလေး၊ သူငယ်တန်းလတ်၊ သူငယ်တန်းကြီး ၃ နှစ် တက်ပြီးမှ ပထမတန်းသို့ရောက်ရှိသည်။

၈ တန်း အောင်မြင်သောကျောင်းသားများသည် မတ်ထရစ်တန်းကို ဆက်လက်တက်ရောက်နိုင်ပြီး မတ်ထရစ်တန်းအောင်ပါက တက္ကသိုလ်တက်နိုင်သည်။

ထိုစဉ်က ပညာရေးစနစ်မှာ အရည်အချင်းပြည့်မီပါက အတန်းကျော်တက်ရောက်နိုင်သည်။

 ထိုစနစ်ကိုမီခဲ့သော စာရေးဆရာကြည်မင်းက “ကျောင်းတက်တုန်းက  သူငယ်တန်းလေးမှာ ၁ပတ်ပဲ သင်ခဲ့ရတယ်။ နောက် စာမေးပွဲစစ်တော့ အောင်တော့ အတန်းကျော်တက်ရတယ်။
အဲဒီလို အတန်းကျော်လိုက်တာ ၂တန်းကို၁နှစ်ထဲနဲ့အောင်ခဲ့တယ်။ ၁၉၆၄ မှာ ဦးနေဝင်းက စနစ်သစ်ပညာရေးဆိုပြီး အဲဒီစနစ်ကို ဖျက်သိမ်းလိုက်တယ်။ အခု ၁၂တန်းဖြစ်မယ်ဆိုတော့
နိုင်ငံတကာလို အဆင့်မီအောင်လုပ်စေချင်တယ်။ ဒီအတိုင်းပဲဆိုရင်တော့ အချိန်ကုန်တာပဲ အဖတ်တင်မယ်” ဟုဆိုသည်။

ဧရာဝတီBlog
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ စတင်ပြီး အစိုးရကျောင်းများတွင် ၁၂ တန်းအထိ ရှိသော စနစ်သို့ပြောင်းလဲ ရန် စီစဉ်နေကြောင်း ပညာရေးဌာနက ပြောသည်။“အခု ဆွေးနွေးပြီး မူကြိုတန်းတတန်းထပ်တိုးဖို့လုပ်နေပါတယ်။ အခြေအနေပေါ် မူတည်ပြီးတော့ ၂ဝ၁၄ မှာ တိုးဖို့ရည်ရွယ်ထားပါတယ်”ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာထွေး ကပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက ထို၁၂တန်းစနစ်သို့ပြောင်းလဲ ကျင့်သုံးရေးနှင့်ပတ်သက်၍ မန္တလေး နှင့် ရန်ကုန်တွင် ဆွေးနွေးပွဲပြုလုပ်မည်ဟု ဆိုသည်။

သူငယ်တန်းရှေ့တွင် မူကြိုတန်း တတန်းဖြည့်လိုက်ပါက နိုင်ငံတကာပညာရေးစနစ်ကဲ့သို့ ၁၂တန်းဖြစ်သွား မည်။

မူလတန်းအဆင့်တွင် မူကြိုမှ စတုတ္ထတန်းထိ စုစုပေါင်း ၆ တန်း၊
အလယ်တန်းအဆင့်တွင် ပဉ္စမတန်းမှအဌမတန်းထိ စုစုပေါင်း ၄ တန်း၊
အထက်တန်းအဆင့်တွင် နဝမတန်းနှင့်ဒသမတန်း စုစုပေါင်း ၅ တန်းဖြင့် ၆-၄-၂ စနစ် ဖြစ်သည်။

၆-၄-၂ ရဲ့ အားနည်းချက်
၆-၄-၂ စနစ်တွင် အားနည်းချက်များရှိနိုင်ပြီး ထိုစနစ်သည် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန်ခက်ခဲကြောင်း NLD ပညာရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်က သုံးသပ်သည်။

“အဲဒီစနစ်ကို သဘောမကျပါဘူး။ ဒီစနစ်ကို ကျင့်သုံးရင် ကျောင်းအဆောက်အအုံတွေ တိုးချဲ့ရမယ်။ တစ်နိုင်ငံလုံးဖြစ်နိုင်မလား။ ဝန်ကြီးဌာနအနေနဲ့ ပေါ်လစီရှင်းလင်းဖို့ လိုတယ်။ ခေါင်းဆောင်တစ်ယောက် တက် စနစ် တစ်ခုပြောင်းပြီး ပညာရေးစမ်းသပ်တာတွေ မဖြစ်သင့်တော့ဘူး။ ပညာရှင်တွေနဲ့ တိုင်ပင်လုပ်ဆောင်သင့်တယ်” ဟု ဒေါက်တာသိန်းလွင်က ဆိုသည်။

၅-၄-၃စနစ်ကို ပိုမိုဖြစ်စေချင်ကြောင်း ဒေါက်တာသိန်းလွင်က ဆက်လက်ပြောကြားသည်။

ဘက ကျောင်း ဆရာတော်ရဲ့ အယူအဆ

အစိုးရကျောင်းများတွင် မူလတန်းအဆင့် ၁တန်းထပ်တိုးပါက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ တွင် ပါ ထပ်တိုး သင်ကြားရမည်ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မန္တလေးတိုင်း၊ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်အထက်တန်းကျောင်းမှ ဆရာတော်ဦးနာယက၏ မိန့်ကြားချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

“၂ဝ၁၄ မှာ သင်ရမယ်လို့တော့ ညွှန်ကြားထားတာ မရှိသေးဘူး။ ဘုန်းဘုန်းတို့လည်း လိုက်လုပ်ရမှာပေါ့။ ဦးဉ္စင်းတို့ ကိုယ်တိုင် ၁၂ တန်း ဖြစ်စေချင်ပါတယ်။
ဒါပေမဲ့ မူလတန်းတိုးမှာထက်စာရင် အထက်တန်းဆို ပိုအဆင်ပြေတာပေါ့။ လွယ်လွယ်ကူကူ ၁၂တန်း အဖြစ် ပြောင်းလို့ရသွားတာပေါ့”

လက်ရှိမြန်မာနိုင်ငံ အခြေခံ ပညာရေးအဆင့်တွင် သူငယ်တန်း(Grade-1)မှ ၁ဝ တန်း (ခေါ်) တက္ကသိုလ်ဝင်တန်း(Grade-11) အထိ အတန်းခွဲထားသည်။

စာရေးဆရာကြည်မင်းရဲ့ အမြင်

၁၉၆၄ခုနှစ်မတိုင်ခင်အထိ အစိုးရစာသင်ကျောင်းများတွင် ကကြီးတန်း(သူငယ်တန်းလေး)၊ သူငယ် တန်းကြီး၊ ပထမတန်းဟူ၍ အတန်းစဉ်လိုက်ရှိသည်၊ ခရစ်ယာန်သာသနာပြုကျောင်းများတွင် သူငယ်တန်းလေး၊ သူငယ်တန်းလတ်၊ သူငယ်တန်းကြီး ၃ နှစ် တက်ပြီးမှ ပထမတန်းသို့ရောက်ရှိသည်။

၈ တန်း အောင်မြင်သောကျောင်းသားများသည် မတ်ထရစ်တန်းကို ဆက်လက်တက်ရောက်နိုင်ပြီး မတ်ထရစ်တန်းအောင်ပါက တက္ကသိုလ်တက်နိုင်သည်။

ထိုစဉ်က ပညာရေးစနစ်မှာ အရည်အချင်းပြည့်မီပါက အတန်းကျော်တက်ရောက်နိုင်သည်။

ထိုစနစ်ကိုမီခဲ့သော စာရေးဆရာကြည်မင်းက “ကျောင်းတက်တုန်းက သူငယ်တန်းလေးမှာ ၁ပတ်ပဲ သင်ခဲ့ရတယ်။ နောက် စာမေးပွဲစစ်တော့ အောင်တော့ အတန်းကျော်တက်ရတယ်။
အဲဒီလို အတန်းကျော်လိုက်တာ ၂တန်းကို၁နှစ်ထဲနဲ့အောင်ခဲ့တယ်။ ၁၉၆၄ မှာ ဦးနေဝင်းက စနစ်သစ်ပညာရေးဆိုပြီး အဲဒီစနစ်ကို ဖျက်သိမ်းလိုက်တယ်။ အခု ၁၂တန်းဖြစ်မယ်ဆိုတော့
နိုင်ငံတကာလို အဆင့်မီအောင်လုပ်စေချင်တယ်။ ဒီအတိုင်းပဲဆိုရင်တော့ အချိန်ကုန်တာပဲ အဖတ်တင်မယ်” ဟုဆိုသည်။

ဧရာဝတီBlog

No comments:

Post a Comment