Tuesday, May 21, 2013

တရုတ်နိုင်ငံတွင် မိုးသက်မုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့

တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်မှာ မိုးသက်မုန်တိုင်း ၀င်ရောက် တိုက်ခတ် ခဲ့ပြီး ရေကြီး မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက်လူ ၃၄ဦးသေဆုံးခဲ့ပြီး ၁၁ဦး ပျောက်ဆုံးလျက်ရှိ တယ်လို့သိရပါတယ်။ Guangdong ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကနေ ကြာသပတေးနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဒေသတွင်းရှိ မြစ် ၂စင်း ဟာလည်း ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။


ဒါ့အပြင် Guangzhou ပြည်နယ်ရှိ ခရိုင် ၂၀၀ကျော်အတွင်းက မြို့ ၉မြို့ဟာလည်း စနေနေ့က တိုက်ခတ် ခဲ့တဲ့ မိုးသက်မုန်တိုင်းဒဏ်ကို ခံစားခဲ့ရပြီး၊ ဒေသခံ ပြည်သူ ကိုးသိန်းရှစ်သောင်းကို ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။  သည်းထန်စွာ ရွာသွန်းခဲ့တဲ့မိုးကြောင့် လူနေအဆောက်အဦ ငါးထောင် ခန့် ပြိုကျပျက်စီးသွားခဲ့ရပြီး လယ်ယာမြေ ဟတ်တာ ခုနှစ်သောင်းကျော်ခန့်လည်း ရေလွှမ်းမိုးခဲ့ရပါတယ်။ အဆိုပါ မိုးသက်မုန်တိုင်း ဒဏ်ကြောင့် ဆုံးရှုံးမှုတန်ဖိုးဟာ ယွမ်ငွေ ၂.၇၄၇ဘီလီယံရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ ရေကြီးမှုအန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရတဲ့ ဒေသခံပြည်သူတွေအတွက် အရေးပေါ် ကယ်ဆယ်ရေးအနေနဲ့ အ၀တ်အထည်၊ အစားအစာ၊ သောက်သုံးရေနဲ့  ယာယီတဲများ ထောက်ပံ့ ကူညီပေးလျက်ရှိကြောင်း သိရပါတယ်။
From...MRTV4

No comments:

Post a Comment