
မန်ချက်စတာယူနိုက်တက်အသင်း ဂန္တ၀င်ကစားသမား ဖြစ်သည့် တောင်ပံကစားသမား ရွိင်ယန်ဂစ် သည် လာမည့် ရာသီတွင် မန်ယူအသင်းမှာ နည်းပြအဖြစ် ဆက်လက် မြင်တွေ့ရဖွယ် ရှိနေကြောင်းသိရသည်။
မန်ယူအသင်း၏ နည်းပြသစ် ဖြစ်လာသည် မိုရက်စ်သည်အသင်းမှ ၀ါရင့်ကစားသမား ရွိင်ယန်ဂစ်အား အသင်းမှာဆက်လက်ရှိနေချင်ပြီး သူ၏အတွေ့အကြုံများကိုအသင်းအတွက် ဆက်လက်ကူညီပေးရန် အတွက်သူ့အား ကစားသမား ၊ နည်းပြအဖြစ်အသင်းမှာ ဆက်ရှိရန် စီမံ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။ ရွိင်ယန်ဂစ်ကလည်းအသင်းတွင်နည်းပြအဖြစ်ရပ်တည်ရန်စိတ်ဝင်စားမှု ရှိပြီး မန်ယူအသင်း၏ အသင်းကြီးနှင့် လူငယ် အသင်းတို့အား ကိုင်တွယ်သွားမည် ဖြစ်ကြောင်း သိရသည်။
တစ်ချိန်တည်းမှာ နည်းပြ တစ်ဦး လိုအပ်သည့် သင်တန်းများတွင် ရွိုင်ယန်ဂစ် သည် တက်ရောက်ထားပြီး မကြာခင်မှာ နည်းပြလိုင်စင်ရရှိတော့မှာ ဖြစ်ကြောင်း သိရှိရသည်။ သူသည် အဆိုပါသင်တန်းကို ကစား သမားဘ၀တွင် အသင်းအတွက်ကစားပေးလျက် တက်ရောက်ခဲ့တာ ဖြစ်ပြီးနည်းပြ လေ့ကျင့်ခန်း များကို ကစားသမားအဖြစ် လေ့ကျင့်ခန်းများ ပြုလုပ်ပြီးချိန်မှာလုပ်ခဲ့ရကြောင်း သူက ဆိုခဲ့သည်။ ထို့ကြောင့်လာ မည့် ရာသီတွင် မန်ယူအသင်းမှာ နည်းပြသစ်မိုရက်စ်နှင့်အတူ နည်းပြအဖွဲ့ဝင်အဖြစ် ရွိင်ယန်ဂစ် အား မြင်ေ တွ့ ရတော့မှာ ဖြစ်သည်။
From...မြ၀တီ
No comments:
Post a Comment