Saturday, May 4, 2013

ရန်ကုန်တိုင်း စုပေါင်း ရုံးကြီး ကြယ်ငါးပွင့်ဟိုတယ်ဘ၀ကို ပြောင်းမယ်

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီးနောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားတွေ ၀င်လာမှုက မြင့်တက်လာခဲ့ပါတယ်။
ကောင်းကင်ကမြင်တွေ့ရတဲ့ ရန်ကုန်တိုင်း စုပေါင်းရုံး ဒါပေမယ့် ကမ္ဘာလှည့်ခရီးသွားတွေအတွက် တည်းခိုဖို့ ဟိုတယ်မလုံလောက်မှုတွေလည်း ရင်ဆိုင်နေရတာ ပါ။

ဒါကြောင့် အစိုးရက ဟိုတယ်လုပ်ငန်းတွေ ချဲ့ထွင်ဖို့ လုပ်ကိုင်နေပါတယ်။ အခုအချိန်မှာ ကြယ်ငါးပွင့် ဟိုတယ်ကြီးတခု အသစ်ထပ်တိုးဖို့ ရှိနေပါပြီ။

ဒါကတော့ မြန်မာနိုင်ငံရဲ့ ကိုလိုနီခေတ် လက်ရာ ရှေးဟောင်းအဆောက်အဦးတခုဖြစ်တဲ့ ရန်ကုန်တိုင်း စုပေါင်းရုံးကြီးကို နိုင်ငံတကာ ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ်ကြီးအဖြစ် The State House အမည် နာမနဲ့ ၂ နှစ် အတွင်း တည်ဆောက်သွားမှာဖြစ်ပါတယ်တဲ့။

ဧပြီလ ၃၀ ရက်နေ့က Park Royal Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်း စုပေါင်းရုံး အဆောက်အဦးနဲ့ ပတ်သက်ပြီး အများပြည်သူများသို့ တင်ပြခြင်း အခမ်းအနားမှ သိရတယ်လို့ MRTV4 သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

စုပေါင်းရုံးဆိုတဲ့ အဆောက်အဦးကို ဗြိတိသျှ ကိုလိုနီခေတ် ၁၉၂၇ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၁၉၃၁ ခုနှစ် မှာ တည်ဆောက် ပြီးစီးခဲ့တဲ့ ရှေးဟောင်းအဆောက်အဦး ဖြစ်ပါတယ်။

မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ Flying Tiger Engineering Co.Ltd က တည်ဆောက် မယ့် ရန်ကုန်တိုင်း စုပေါင်းရုံး တဖြစ်လဲ The State House ဟိုတယ်ကြီးမှာတော့ အခန်းပေါင်း ၂၃၉ ခန်း၊
ရေကူး ကန်၊ Spa စတာ တွေထည့်သွင်းတည်ဆောက်သွားဖို့ စင်္ကာပူက ဗိသုကာပညာရှင်တွေနဲ့ ဒီဇိုင်း
ရေးဆွဲထားပေမယ့် ရှေးမူမပျက် ဖန်တီး တည်ဆောက်သွားမယ့် ကြယ်ငါးပွင် ဟိုတယ်ကြီးဖြစ်လာမှာလို့ MRTV 4 က ဆိုပါတယ်။

ကုန်ကျစရိတ်ကတော့ အမေရိကန် ဒေါ်လာသန်းပေါင်း ၅၀ လောက် ကုန်မယ်လို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

No comments:

Post a Comment