Wednesday, May 8, 2013

မူးယစ်ဆေးဝါးရောင်းဝယ်သူများ နောက်ကွယ်တွင် အာဖရိကနှင့် အီရန်မူးယစ်ဂိုဏ်းများပါဝင်နေဟုဆို

Photo: မူးယစ်ဆေးဝါးရောင်းဝယ်သူများ နောက်ကွယ်တွင် အာဖရိကနှင့် အီရန်မူးယစ်ဂိုဏ်းများပါဝင်နေဟုဆို
Wednesday,May08,2013

နိုင်ငံတွင်းမူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများတွင် အာဖရိကနှင့် အီရန် နိုင်ငံသားဂိုဏ်းဖွဲ့ ကျူးလွန်သူများက လုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းကပြောသည်။

မေလ ၆ ရက်က ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင်ပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးထိန်းချုပ်ရေး အစည်းအဝေး၌ အထက်ပါ ပုဂ္ဂိုလ်က
ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ် ဖောက်ကားမှုတွင် နိုင်ငံတကာဂိုဏ်းဖွဲ့ကျူးလွန်သူများ ပါဝင်ပတ်သက်နေပြီး
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာလည်း၂၀၀၇ ခုနှစ်မှစ၍ ပြန်လည်မြင့်တက် လာခဲ့သည်ဟု ၎င်းကဆက်လက်ပြောသည်။ ထို့အပြင် Methamphe tamine ဆေးဝါးပြဿနာမှာ စိုးရိမ်ရေမှတ်အထိ တိုးမြင့်နေပြီး စိတ်ကိုပြောင်းလဲ စေသောဆေးဝါးသစ်များပေါ်ထွက်လာမှုမှာအနာဂတ်မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများကိုခြိမ်းခြောက်နေသည်ဟု ၎င်းက ဆက်လက်ပြောကြား သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ငါးနှစ်အတွင်း မူးယစ်ဆေးဝါး အပြီးသတ်ပပျောက်ရေးစီမံကိန်းမှာ မူလရည်မှန်းထားသည့်ထက် နှေးကွေးနေကြောင်း၎င်းကဆိုသည်။

“မူးယစ်ဂိုဏ်းတွေက တစ်နိုင်ငံ တည်းမှာ အခြေပြုတာမဟုတ်ဘူး။ တချို့ကထိုင်းမှာ ၊တချို့က လာအိုမှာရှိကြတယ်။ နောက်ကွယ်က
ဂိုဏ်းတွေကြီးကြီးမားမားမိထားတာရှိပါ တယ်။ အထူးသဖြင့် တခြားနိုင်ငံတွေ နဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မိတာ
များပါတယ်”ဟု ဒုရဲမှူးကြီး ဦးမြင့်သိန်းကလည်း ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများက ဒေသခံလူငယ်များ၊ အထူးသဖြင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ပစ်မှတ်ထား၍မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းချမှုတို့ကို လုပ်ဆောင်လာကြောင်း ၎င်းတို့ကဆိုသည်။ ထို့ကြောင့်ဒေသ ခံမူးယစ်တပ်ဖွဲ့များက
ယခုနှစ် ဧပြီ ၁ ရက်မှစ၍ စီမံချက်ဖြင့် ပညာပေး လုပ်ငန်းများလုပ်ဆောင်နေရကြောင်းသိရသည်။

ဘိန်းစိုက်ပျိုးမှုများကို ပြန်လည် လျှော့ချရေးနှင့် စိတ်ကြရူး သွပ်ဆေးဝါးအန္တရာယ်လျှော့ချရေးအတွက် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့အနေဖြင့်မူးယစ် ဆေးဝါးပပျောက်ရေး စီမံချက်ကို ၂၀၁၉ ခုနှစ်အထိ သက်တမ်းတိုးလိုက်ကြောင်း နိုင်ငံ ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် ဒုရဲချုပ် ဇော်ဝင်းက ပြောကြားသည်။

ယခင်မြန်မာအစိုးရက သတ်မှတ်ထားသည့် နှစ်မှာ ၂၀၁၄ ဖြစ်သည်။

7Day News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ 
 နိုင်ငံတွင်းမူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများတွင် အာဖရိကနှင့် အီရန် နိုင်ငံ သားဂိုဏ်းဖွဲ့ ကျူးလွန်သူများက လုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းကပြောသည်။ မေလ ၆ ရက်က ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင်ပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးထိန်းချုပ်ရေး အစည်းအဝေး၌ အထက်ပါ ပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ် ဖောက်ကား မှုတွင် နိုင်ငံတကာ ဂိုဏ်းဖွဲ့ကျူးလွန်သူများ ပါဝင်ပတ်သက်နေပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာလည်း၂၀၀၇ ခုနှစ်မှ စ၍ ပြန်လည်မြင့်တက် လာခဲ့သည်ဟု ၎င်းကဆက်လက်ပြောသည်။ ထို့အပြင် Methamphe tamine ဆေးဝါးပြဿနာမှာ စိုးရိမ်ရေမှတ်အထိ တိုးမြင့်နေပြီး စိတ်ကိုပြောင်းလဲ စေသောဆေးဝါး သစ်များပေါ်ထွက်လာမှုမှာအနာဂတ်မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများကိုခြိမ်းခြောက်နေသည်ဟု ၎င်းက ဆက်လက်ပြောကြား သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ငါးနှစ်အတွင်း မူးယစ်ဆေးဝါး အပြီးသတ်ပပျောက်ရေးစီမံကိန်းမှာ မူလရည်မှန်းထားသည့်ထက် နှေးကွေးနေကြောင်း၎င်းကဆိုသည်။

“မူးယစ်ဂိုဏ်းတွေက တစ်နိုင်ငံ တည်းမှာ အခြေပြုတာမဟုတ်ဘူး။ တချို့ကထိုင်းမှာ ၊တချို့က လာအိုမှာ ရှိကြတယ်။ နောက်ကွယ်က ဂိုဏ်းတွေကြီးကြီးမားမားမိထားတာရှိပါ တယ်။ အထူးသဖြင့် တခြားနိုင်ငံတွေ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မိတာ များပါတယ်”ဟု ဒုရဲမှူးကြီး ဦးမြင့်သိန်းကလည်း ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများက ဒေသခံလူငယ်များ၊ အထူးသဖြင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ပစ်မှတ်ထား၍ မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းချမှုတို့ကို လုပ်ဆောင်လာကြောင်း ၎င်းတို့ကဆိုသည်။ ထို့ကြောင့်ဒေသ ခံမူးယစ်တပ်ဖွဲ့များက ယခုနှစ် ဧပြီ ၁ ရက်မှစ၍ စီမံချက်ဖြင့် ပညာပေး လုပ်ငန်းများ လုပ်ဆောင်နေရကြောင်းသိရသည်။

ဘိန်းစိုက်ပျိုးမှုများကို ပြန်လည်လျှော့ချရေးနှင့် စိတ်ကြရူးသွပ်ဆေးဝါး အန္တရာယ်လျှော့ချရေး အတွက် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့အနေဖြင့်မူးယစ် ဆေးဝါးပပျောက်ရေး စီမံချက်ကို ၂၀၁၉ ခုနှစ်အထိ သက်တမ်းတိုးလိုက်ကြောင်း နိုင်ငံ ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် ဒုရဲချုပ် ဇော်ဝင်း က ပြောကြားသည်။

ယခင်မြန်မာအစိုးရက သတ်မှတ်ထားသည့် နှစ်မှာ ၂၀၁၄ ဖြစ်သည်။

7Day News

No comments:

Post a Comment