Tuesday, May 7, 2013

ရန်ကုန်တိုင်းအတွင်း စက်မှုဇုံများ ၂၄နာရီ လျှပ်စစ်ဓါတ်အားဖြတ်တောက်

ပြည်သူလူထုကို မီးပိုပေးနိုင်ရေးရည်ရွယ်ပြီး ရန်ကုန်တိုင်းအတွင်းကစက်မှုဇုံအားလုံးကို မေလ ၆ ရက်နေ့ကစ လျှပ်စစ်ဓာတ်အားပေးတာ လုံးဝရပ်ဆိုင်းထားလိုက်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး အဖွဲ့မှူး ဗိုလ်မှူး(ငြိမ်း) ကျော်ထွေးမြင့်က ဒီဗွီဘီ ကို အတည်ပြုပြေဆိုပါတယ်။
ယာယီအားဖြင့် စက်မှုဇုံအားလုံးကို ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြတ်တောက် ထားပေမယ့် ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေမှာ ရေရပြီး လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်တာနဲ့ ဓာတ်အား ပြန်ပေး မယ်လို့ သူက ရှင်းပြပါတယ်။ ပြည်သူလူထုကို ဓာတ်အား ပေးရာမှာလည်း အသုံးများလွန်းပြီး ဓာတ်အားပေး စနစ်တစ်ခုလုံး ရပ်ဆိုင်းနိုင်တဲ့ အနေအထားမျိုးမှာ ခေတ္တ ဖြတ်တောက်တာ၊ ရာသီဥတုကြောင့် သစ်ပင်ပြို လဲပြီး ဓာတ်အားပြတ်တောက်တာ၊မြေအောက်လိုင်း ပေါက်တာတွေကြောင့်လည်း ယာယီ မီးပြတ်တောက်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။ လောလောဆယ် ရန်ကုန်ဧရိယာမှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၈၀၀ ကနေ ၉၀၀ အထိ လိုအပ်တယ်လို့ သိရပါတယ်။

DVB TV News

No comments:

Post a Comment