Tuesday, May 7, 2013

ကျောက်တူးဖော်ရေးနေသူများKIA ကိုကြောက်လန့်နေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မချီဒေသတွင် ကျောက်တူးဖော်ရေး လုပ်ကိုင်သူများ အနေနဲ့ နမ္မချီ ကျောက်မှော်မှာ KIA အဖွဲ့တွေရောက်လာသည့်အတွက် အလုပ်လုပ်ကိုင်ရာမှာ စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ကြောက်လန့်နေရ ကြောင်းသိရှိရပါသည်။ 

ကုမ္ပဏီတွေအနေနဲ့ ခွင့်ပြုမိန့်ရထားပြီး လုပ်ကိုင်ခြင်း မရှိသေးတဲ့လုပ်ကွက်များမှာ KIA အဖွဲ့များက ၀င်ရောက် လုပ်ကိုင်လျက် ရှိနေပါသည်။ အချို့သောရွာသားများကိုလည်း သူတို့ရဲ့လုပ်ကွက်များမှာ လုပ်သား အဖြစ် ခေါ်ယူ ခိုင်းစေပြီး အခကြေးငွေမပေးဘဲ အတင်းအဓမ္မ ခိုင်း စေလျက် ရှိနေကြောင်း သိရှိ ရပါသည်။
KIA တပ်ဖွဲ့များအနေနဲ့  ကုမ္ပဏီများ၏ လုပ်ကွက်တွေမှာ ၀င်ရောက်လုပ်ကိုင်နေရုံ သာမကဘဲ ကုမ္ပဏီတွေ ရဲ့ မော်တော် ယာဉ်တွေကို အခမဲ့အသုံးပြုနေကြောင်း၊ KIAတပ်ဖွဲ့တွေရဲ့ စားသောက်ရေး ကိုလည်း ရှာဖွေ ဖြည့်ဆည်းပေးနေရကြောင်း ရေမဆေးကျောက် ရှာဖွေနေတဲ့လူငယ်များ ကိုလည်း KIAမှာ စစ်မှုထမ်းဖို့ အတင်း အကြပ်ခေါ်ယူမှုတွေရှိနေကြောင်း သိရှိရပါသည်။ ဒါကြောင့်လည်း နမ္မချီကျောက်မှော် မှာ အလုပ် လုပ်ကိုင်နေသူများ၊ ကုမ္ပဏီပိုင်ရှင်များအနေနဲ့ KIA အဖွဲ့များကို အထူးပဲကြောက် လန့် နေ ကြကြောင်း နမ္မချီ မှ ရေမဆေးကျောက်ရှာဖွေနေသည့် ကို ၀င်းသန်းမှပြောပြခဲ့သည်။
 
From...ကချင်နေ့စဉ်သတင်း

No comments:

Post a Comment