Thursday, June 13, 2013

ခိုးမှုပြစ်ချက်ဟောင်းရှိသူနှင့် မသင်္ကာသူတို့အားစစ်ဆေးရာမှ ခိုးမှု(၃)မှု ဖေါ်ထုတ်နိုင်

Photo: ခိုးမှုပြစ်ချက်ဟောင်းရှိသူနှင့် မသင်္ကာသူတို့အားစစ်ဆေးရာမှ ခိုးမှု(၃)မှု ဖေါ်ထုတ်နိုင်
Thursday, June 13, 2013

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် ၅.၆.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ခိုးမှုပြစ်ချက်ဟောင်းရှိသူ စိုင်းသိန်းစိုး(ခ) ဖိုးသား ၊ ၂၁နှစ်၊ (ဘ) ဦးလွန်းကျော်၊ မရမ်းကုန်းမြို့နယ်နေသူအား မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်အတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး အခြားခိုးမှုများဖြင့် တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၃ခုနှစ်၊ မေလအတွင်း ၈ မိုင် လမ်းဆုံ အနီးရှိ တိုက်ရှေ့မှ သော့မခတ်ဘဲ ရပ်ထားသည့် စက်ဘီး(၁)စီးနှင့် ကားမှတ်တိုင် အနီးမှ NOKIA X2 07 အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ ဖုန်းထည့်သည့် အနက်ရောင် အိတ်(၁)လုံး၊ HUAWEI Y210 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း(၁)လုံးတို့အားလည်းကောင်း၊ န၀ဒေလမ်းဆုံ အနီးမှဆောက် လုပ်ရေး လုပ် ငန်းသုံး အုပ်ဖောက်စက်(၂)လုံး၊ အ၀ါ ရောင်ကျောက်ဖြတ် စက် (၁)လုံး၊ ရွေပေါ်စက်(၁)လုံးတို့ အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် မရမ်းကုန်းမြို့မရဲစခန်း (ပ)၂၆၀/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄နှင့် (ပ)၂၆၁/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄တို့ဖြင့် အရေးယူထားရှိပါသည်။

၎င်းအပြင် ခိုးမှုများကျူးလွန်ထားရှိကြောင်း မသင်္ကာသူ ချစ်စံထွန်း(ခ) အီးတီ၊ (၁၆)နှစ်၊ (ဘ)ဦးသက်နိုင်၊ မင်္ဂလာဒုံမြို့နယ်နေသူအား ၈-၆-၂၀၁၃ ရက်နေ့ ၁၉၀၀အချိန် နေအိမ်မှဖမ်းဆီးရမိပြီး စစ်ဆေးခဲ့ရာ ၄င်းသည်၇-၆-၂၀၁၃ရက်နေ့ ၁၂၀၀အချိန် အင်းစိန်မြို့နယ် စောဘွားကြီးကုန်းဝင်း အတွင်း ကြယ်(၅) လုံး ကြွေပြားဆိုင်ရှေ့တွင် ကုန်ပစ္စည်းများတင်နေသည့် တံခါးသော့မခတ်ဘဲရပ်ထား သော ကုန်တင် ယာဉ်ရှေ့ခေါင်းခန်းမှ ဖင်ထိုင်ခုံ(၂)လုံးကြား ရှိ အမျိုးသမီးကိုင်လက်ဆွဲအိတ်အား ခိုးယူ ခဲ့ပြီး ၄င်းအိတ် အတွင်းမှ စုစုပေါင်းငွေကျပ်(၁၂)သိန်းကျော်ရရှိခဲ့ကာ အဆိုပါငွေများဖြင့် Hanbo အမျိုးအစား ဆိုင်ကယ်(၁)စီး ၀ယ်ယူခဲ့ပြီး ကျန်ငွေများထဲမှ ငွေကျပ် (၄၀၀၀၀၀)အား သုံးစွဲခဲ့ကာ ငွေ(၄၅၀၀၀၀) ကျန်ရှိကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် အင်းစိန်မြို့မ ရဲစခန်း(ပ)၆၂၆/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် အရေးယူထားရှိပါသည်။

Yangon Police
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် ၅.၆.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ခိုးမှုပြစ်ချက်ဟောင်းရှိသူ စိုင်းသိန်းစိုး(ခ) ဖိုးသား ၊ ၂၁နှစ်၊
(ဘ)ဦးလွန်းကျော်၊ မရမ်းကုန်းမြို့နယ်နေသူအား မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်အတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး အခြားခိုးမှုများဖြင့် တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၃ခုနှစ်၊ မေလအတွင်း ၈ မိုင် လမ်းဆုံ အနီးရှိ တိုက်ရှေ့မှ သော့မခတ်ဘဲ ရပ်ထားသည့် စက်ဘီး(၁)စီးနှင့် ကားမှတ်တိုင်အနီးမှ NOKIA X2 07 အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ ဖုန်းထည့်သည့် အနက်ရောင် အိတ်(၁)လုံး၊ HUAWEI Y210 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံးတို့အားလည်းကောင်း၊ န၀ဒေလမ်းဆုံ အနီးမှဆောက် လုပ်ရေး လုပ် ငန်းသုံး အုပ်ဖောက်စက်(၂)လုံး၊အ၀ါ ရောင်ကျောက်ဖြတ်စက် (၁)လုံး၊ ရွေပေါ်စက်(၁)လုံးတို့ အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် မရမ်းကုန်းမြို့မရဲစခန်း (ပ)၂၆၀/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄နှင့် (ပ)၂၆၁/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄တို့ဖြင့် အရေးယူထားရှိပါသည်။
၎င်းအပြင် ခိုးမှုများကျူးလွန်ထားရှိကြောင်း မသင်္ကာသူ ချစ်စံထွန်း(ခ)အီးတီ၊ (၁၆)နှစ်၊ (ဘ)ဦးသက်နိုင်၊ မင်္ဂလာဒုံမြို့နယ်နေသူအား ၈-၆-၂၀၁၃ရက်နေ့ ၁၉၀၀အချိန် နေအိမ်မှဖမ်းဆီးရမိပြီး စစ်ဆေးခဲ့ရာ ၄င်းသည်၇-၆-၂၀၁၃ရက်နေ့ ၁၂၀၀အချိန် အင်းစိန်မြို့နယ် စောဘွားကြီးကုန်းဝင်း အတွင်း ကြယ်(၅) လုံး ကြွေပြားဆိုင်ရှေ့တွင် ကုန်ပစ္စည်းများတင်နေသည့် တံခါးသော့မခတ်ဘဲရပ်ထား သော ကုန်တင် ယာဉ်ရှေ့ခေါင်းခန်းမှ ဖင်ထိုင်ခုံ(၂)လုံးကြားရှိ အမျိုးသမီးကိုင်လက်ဆွဲအိတ်အား ခိုးယူ ခဲ့ပြီး ၄င်းအိတ် အတွင်းမှ စုစုပေါင်းငွေကျပ်(၁၂)သိန်းကျော်ရရှိခဲ့ကာ အဆိုပါငွေများဖြင့် Hanbo အမျိုးအစား ဆိုင်ကယ်(၁)စီး ၀ယ်ယူခဲ့ပြီး ကျန်ငွေများထဲမှ ငွေကျပ် (၄၀၀၀၀၀)အား သုံးစွဲခဲ့ကာ ငွေ(၄၅၀၀၀၀) ကျန်ရှိကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် အင်းစိန်မြို့မရဲစခန်း(ပ)၆၂၆/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် အရေးယူထားရှိပါသည်။
Yangon Police

No comments:

Post a Comment