Friday, June 28, 2013

မွန်ပြည်နယ်၏ ပထမဆုံး ပုဂ္ဂလိကကျောင်း ကျောင်းဝင်ကြေး တစ်နှစ်လျှင် ရှစ်သိန်းရှိနေ

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွက် မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကကျောင်း တစ်ကျောင်း ပထမဆုံးဖွင့်ခွင့် ရရှိခဲ့ပြီး၊လက်ရှိတွင် ကျောင်းသားကျောင်းသူ စုစု ပေါင်း ၇ဝ ကျော် တက်ရောက် ပညာသင်ကြားနေ ပြီ ဖြစ်သည်။
''မွန်ပြည်နယ်မှာ ပုဂ္ဂလိကကျောင်း နှစ်ကျောင်းဖွင့်ဖို့ တင်တယ်။ ပါရမီနဲ့ အောင်သိပ္ပံ နှစ်ကျောင်းပေါ့။ ပါရမီကတော့ ဖွင့်ခွင့်ရတယ်။ အောင်သိပ္ပံကတော့ ပုဂ္ဂလိက ကျောင်းဖွင့်ဖို့ စည်းကမ်းနဲ့ မညီတဲ့အချက်ရှိလို့ ဖွင့်ခွင့်မရတာ'' ဟု မွန်ပြည်နယ် ပညာ ရေးဌာနခွဲ အရာရှိ ဦးမြင့်အောင်က ပြော သည်။

ပါရမီပုဂ္ဂလိက ကျောင်းတွင် ကိုးတန်း၊ ၁ဝ တန်းကျောင်းသားများ သင်ကြားလျက် ရှိနေပြီး လာမည့်နှစ်တွင် ငါးတန်းမှဆယ်တန်းအထိ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်ထား သည်ဟုလည်း ''ပါရမီ'' ပုဂ္ဂလိက ကျောင်း ပိုင်ရှင် ဦးသက်ဝေ (မော်လမြိုင် တက္ကသိုလ် ဓာတုဗေဒဌာန လက်ထောက်ကတိကငြိမ်း) က ပြောသည်။

ကလေးများ ပွင့်ပွင့်လင်းလင်း ပြည့် ပြည့်ဝဝဖြင့် အကျင့်စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်စေလိုသည့် ရည်ရွယ်ချက်နှင့် ပြည်နယ်ပညာရေးဝန်ကြီး၏ တိုက်တွန်းချက်ဖြင့် ပုဂ္ဂလိကကျောင်း ဖွင့်လှစ်ရန် ဆောင်ရွက် ခဲ့သည်ဟုလည်း သူက ပြောသည်။

သင်ကြားမှုအပိုင်းများတွင် ပုဂ္ဂလိက ကျောင်းစည်းမျဉ်း၊ စည်းကမ်းကျောင်းအတိုင်း သင်ကြားသွားမည်
ဖြစ်သော်လည်း အင်္ဂလိပ်စာသင်ကြားမှုအပိုင်းကိုတော့ အားဖြည့်သင်ပေးသွားရန်လည်း စီစဉ်ထားသည်ဟု ဦးသက်ဝေက ပြောသည်။

''ပါရမီ”ပုဂ္ဂလိကကျောင်းတွင် ပညာသင်ကြားလိုသူကျောင်းသူ ကျောင်းသားများ အတွက် ကျောင်းဝင်ကြေး ကို တစ်နှစ်လျှင် ရှစ်သိန်း အရစ်ကျစနစ်ဖြင့် နှစ်လ တစ်ကြိမ်ပေးဆောင်ရန် သတ်မှတ်ထားပြီး အဆောင်နေ ကျောင်းသူ/ သားများ အတွက် ၂၅ သိန်း သတ်မှတ်ထားသည်။

Mizzima News

No comments:

Post a Comment