Friday, June 7, 2013

မြစ်ကြီးနားကျောက်မျက်အသင်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသင်းသားလိုင်စင် လိုအပ်လျက်ရှိ

Photo: မြစ်ကြီးနားကျောက်မျက်အသင်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသင်းသားလိုင်စင် လိုအပ်လျက်ရှိ

ဇွန်လ ၇ ရက် ၂၀၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဖွဲ့စည်းထားသည့် ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဖွံ့ဖြိုးတိုးတက်ရန်အ တွက် အဓိကအချက်အဖြစ် အစိုးရအဖွဲ့မှ မြစ်ကြီးနားအသင်းသား လိုင်စင်ချပေးခြင်း မရှိသေးကြောင်းနှင့် မြစ်ကြီးနားမြို့ နယ်ရှိ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အဓိကကတော့ အခုချိန်ထိ မြစ်ကြီးနား ကျောက်မျက်အသင်းသားလိုင်စင် မချပေးသေးတာပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့လဲ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်နယ် ဝန်ကြီးချုပ်ကိုပါ စာတင်ထားတာ လေးငါးကြိမ်လောက်ရှိပါပြီ”ဟု ၎င်းက ပြောကြား သည်။

 ထို့နောက် ယခုမြစ်ကြီးနားမြို့နယ်တွင် အချောထည်ကျောက်မျက်များ ရောင်းဝယ်ရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် ရတနာဈေးတွင် အရောင်းအဝယ် အဆင်ပြေရန် အတွက် ဖားကန့်မြို့နယ်မှ မြစ်ကြီးနားမြို့နယ်သို့ တရားဝင်ကျောက် မျက်သယ်ယူခွင့် မပေးထားသေးကြောင်းနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ စာတင် ထား ပြီးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

 “ပြီးတော့ တခုဆိုးတာက ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင်က မြစ်ကြီးနားမှာ ကျောက်မျက်လုပ်နေတဲ့ လုပ်ငန်းတွေ မရှိဘူး ဆိုတာရယ် ကျောက်မျက် အရောင်းဆိုင်တွေ မရှိဘူးဆိုတာကို လက်ခံနေတုန်းပဲ။ အမှန်က တနိုင်တပိုင် အနေနဲ့ အိမ်တွေ မှာ ကျောက်မျက်ကို ပန်းပုထုတာတို့ ပယင်းကျောက်ကို ပုံဖော်ပြုလုပ်ပြီး တရုတ်ဖက် ကို ရောင်းနေတာတွေ ရှိပါတယ်။ မြို့ပေါ်မှာလဲ ကျောက်မျက်အရောင်းဆိုင် တော်တော်များများ ရှိနေပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်နှင့် နီးစပ်သူတစ်ဦး က ပြောကြားသည်။

 လက်ရှိအချိန်ထိ ကျောက်မျက်များအား ဖားကန့်မှ မြစ်ကြီးနားသို့ တရားမဝင်သာ သယ်ယူပို့ဆောင်လျက်ရှိပြီး လမ်းတွင် အခွန်အခများ အဆမတန် ပေးဆောင်နေရ သည့်အပြင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင်မှ မြစ်ကြီးနားမြို့ပေါ်တွင် ကျောက်မျက်လုပ်ငန်းများ လုပ်ဆောင်နေခြင်းနှင့် ကျောက်များ ရောင်းချသည့်ဆိုင်များ မရှိသေးဆိုသည့် အချက်ကို အဓိက ထားပြောဆိုနေသေးကြောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဖွဲ့စည်းထားသည့် ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိကအချက်အဖြစ် အစိုးရအဖွဲ့မှ မြစ်ကြီးနားအသင်းသား လိုင်စင်ချပေးခြင်း မရှိသေးကြောင်းနှင့် မြစ်ကြီးနားမြို့ နယ်ရှိ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းနှင့် နီးစပ်သူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
“အဓိကကတော့ အခုချိန်ထိ မြစ်ကြီးနား ကျောက်မျက်အသင်းသားလိုင်စင် မချပေးသေးတာပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့လဲ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်နယ် ဝန်ကြီးချုပ်ကိုပါ စာတင်ထားတာ လေးငါး ကြိမ်လောက် ရှိပါပြီ”ဟု ၎င်းက ပြောကြား သည်။

ထို့နောက် ယခုမြစ်ကြီးနားမြို့နယ်တွင် အချောထည်ကျောက်မျက်များ ရောင်းဝယ်ရေးအတွက် ဖွင့်လှစ် လျက်ရှိသည့် ရတနာဈေးတွင် အရောင်းအဝယ် အဆင်ပြေရန်အတွက် ဖားကန့်မြို့နယ်မှ မြစ်ကြီးနား မြို့နယ်သို့ တရားဝင်ကျောက် မျက်သယ်ယူခွင့် မပေးထားသေးကြောင်းနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ စာတင် ထား ပြီးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

“ပြီးတော့ တခုဆိုးတာက ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင်က မြစ်ကြီးနားမှာ ကျောက်မျက်လုပ်နေတဲ့ လုပ်ငန်းတွေမရှိဘူး ဆိုတာရယ် ကျောက်မျက် အရောင်းဆိုင်တွေ မရှိဘူးဆိုတာကို လက်ခံနေတုန်းပဲ။ အမှန်က တနိုင်တပိုင်အနေနဲ့အိမ်တွေမှာ ကျောက်မျက်ကို ပန်းပုထုတာတို့ ပယင်းကျောက်ကို ပုံဖော်ပြုလုပ် ပြီး တရုတ်ဖက်ကို ရောင်းနေတာတွေ ရှိပါတယ်။ မြို့ပေါ်မှာလဲ ကျောက်မျက်အရောင်း ဆိုင် တော်တော်များများ ရှိနေပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်နှင့် နီးစပ်သူတစ်ဦး က ပြောကြားသည်။

လက်ရှိအချိန်ထိ ကျောက်မျက်များအား ဖားကန့်မှ မြစ်ကြီးနားသို့ တရားမဝင်သာ သယ်ယူ ပို့ဆောင်လျက်ရှိပြီး လမ်းတွင် အခွန်အခများ အဆမတန် ပေးဆောင်နေရ သည့်အပြင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင်မှ မြစ်ကြီးနားမြို့ပေါ်တွင် ကျောက်မျက်လုပ်ငန်းများ လုပ်ဆောင်နေခြင်းနှင့် ကျောက် များ ရောင်းချသည့်ဆိုင်များ မရှိသေးဆိုသည့် အချက်ကို အဓိက ထားပြောဆိုနေသေးကြောင်း ပြည်နယ် ဝန်ကြီးချုပ်နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment