Saturday, June 8, 2013

ရုရှား- ယူကရိန်း ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်

 
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ ပူးပေါင်း၍ ပင်လယ်နက်အတွင်း ပင်လယ်ဓားပြ နှိမ်နင်းရေး ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းအား ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အဆို ပါစစ်ရေး လေ့ကျင့် ခန်း၌ စစ်သင်္ဘော ၁၅ စင်းနှင့် အရန် သင်္ဘောငယ်များစွာ ပါဝင်လေ့ကျင့်သွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံမှ ပင်လယ်နက် ရေယာဉ်စု ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ The Fairway of Peace 2013 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းသည် ဒေသတွင်း ပင်လယ်ဓားပြတို့ ၏ ရန်နှင့် အကြမ်းဖက်သမားတို့၏ခြိမ်း ခြောက်မှုများကို တုံ့ပြန်ရန် အတွက် ပူးတွဲ လေ့ကျင့်ခြင်းဖြစ်သည်။ ထိုလေ့ ကျင့်ခန်းတွင် ရုရှားနိုင်ငံမှ ora ဒုံးကျည်တင် ကုန်းရေနှစ်သွယ်သွား ယာဉ်၊ Muromets ASW ကော်ဗက် တိုက်ရေယာဉ်၊ P-60 ဒုံးကျည်တင် မော်တော်ဘုတ်နှင့် urbinist ရေမြှုပ် မိုင်းရှာဖွေ ရှင်းလင်းရေးယာဉ်များ ပါဝင် မည်ဖြစ်ကြောင်း ပထမတန်း အဆင့်ရှိ ရေတပ်ဗိုလ်ကြီး ဗွီချာဆလဗ်သရူခါး ချဗ်က ပြောကြားခဲ့သည်။

ထို့အပြင် ရုရှားနိုင်ငံမှ Su-24 တိုက်လေယာဉ်၊ Be-12 ASW လေယာဉ်နှင့် Ka-27Ps ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ရဟတ်ယာဉ်တို့လည်း ပါဝင်မည်ဖြစ်သည်။ The Fairway of Peace အမည်ရှိ စစ်ရေး လေ့ကျင့်ခန်းအား ၁၉၉၇ ခုနှစ်မှစတင်ကာ ၂ဝဝ၃ ခုနှစ် အထိနှစ်နှစ်လျှင် တစ်ကြိမ် ပူးတွဲကျင်းပ ခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် နှစ်နိုင်ငံ အကြား ဆက်ဆံရေး တင်းမာမှုများကြောင့် ဆက်လက် မကျင်းပဖြစ်တော့ဘဲ ၂ဝ၁ဝ ပြည့်နှစ်တွင် ကွန်ပျူတာ အသုံးပြု စစ်ရေး လေ့ကျင့်ခန်းအား ပြန်လည် စတင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂ဝ၁၁ ခုနှစ်မှစတင်ကာ အဆိုပါ လေ့ကျင့်ခန်းအား နှစ်စဉ်ပြုလုပ် ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ရေတပ်မှ စစ်သင်္ဘော များနှင့် အခြားယာဉ်များ ပါဝင်လေ့ကျင့် ခဲ့ခြင်းဖြစ်သည်။
မြ၀တီ

No comments:

Post a Comment