Saturday, June 1, 2013

အာဖဂန် ပဋိပက္ခအရေး ဆွေးနွေးရန် နေတိုး အတွင်းရေးမှူးချုပ် အမေရိကန် သွားမည်

Photo: အာဖဂန် ပဋိပက္ခအရေး ဆွေးနွေးရန် နေတိုး အတွင်းရေးမှူးချုပ် အမေရိကန် သွားမည်
၁-၆-၂၀၁၃

http://themyawadydaily.blogspot.com/2013/05/blog-post_5500.html

နေတိုး အတွင်းရေးမှူးချုပ် အင်ဒါဖို့ ရက်မူဆန် သည် အာဖဂန် နစ္စတန် အရေးကိစ္စ နှင့် ပတ်သက်၍ အမေရိကန် သမ္မတ အိုဘားမား နှင့် တွေ့ဆုံ ဆွေးနွေးရန် အမေရိကန် နိုင်ငံသို့ အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း နေတိုး အဖွဲ့ က မေလ ၃၀ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

အင်ဒါဖို့ ရက်မူဆန် သည် အဆိုပါ ၂ ရက်ကြာ အလည်အပတ် ခရီးတွင် အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ကွန်ဒိုနီလွန် ၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေး သွားမည်ဟု သိရသည်။ သမ္မတ အိုဘားမား သည် အာဖဂန် ပဋိပက္ခအား အင်ဒါဖို့ ရက်မူဆန် နှင့် ဆွေးနွေး တိုင်ပင်ရန် စီစဉ် ခဲ့ကြောင်း အိမ်ဖြူတော် က ယခု ရက်သတ္တပတ် အတွင်းတွင် ပြောကြား ခဲ့သည်။ 

တာလီဘန် နှင့် အယ်လ်ကိုင်ဒါ တို့သည် ၁၀ နှစ်ကျော်ကြာ စစ်ပွဲ ပြီးသည့် နောက်တွင်လည်း ၄င်းတို့၏ ခြိမ်းခြောက်မှုများ ဆက်လက် ရှိနေခဲ့ကြောင်း အိုဘားများ က အမျိုးသား လုံခြုံရေး ဆိုင်ရာ မိန့်ခွန်း တစ်ရပ်တွင် ထည့်သွင်း ပြောကြား ခဲ့သည်။ ပါကစ္စတန် နှင့် နေတိုးအဖွဲ့ တို့သည် စစ်ဘက် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုအား တိုးမြှင့် ခဲ့ကြောင်း နေတိုး တာဝန်ရှိ သူများက ပြောကြား ခဲ့သည်။ အမေရိကန် ၏ မောင်းသူမဲ့ လေယာဉ် တစ်စီး၏ တိုက်ခိုက်မှုကြောင့် ယခု ရက်သတ္တပတ် အတွင်း၌ ပါကစ္စတန်ရှိ တာလီဘန် အဆင့်မြင့် ခေါင်းဆောင် တစ်ဦး သေဆုံး ခဲ့သည်ဟု သိရှိရသည်။

TheMyawadyDaily 

No comments:

Post a Comment