ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိ နေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၆ ရက် ဒေသ စံတော်ချိန် ညနေ ၄ နာရီ တွင် မော်စကိုမြို့၊ လီနင်ဂရက် ဘူတာသို့ ရောက်ရှိလာရာ မြန်မာနိုင်ငံ စစ်သံရုံးမှ အမှုထမ်းများ၊ သံရုံး မိသားစု ဝင်များမှ ခရီးဦး ကြိုဆို နှုတ်ဆက်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် ၄ နာရီ ၃ဝ မိနစ်တွင် လီနင် ဂရက် ဘူတာမှ Sapsam ရထားဖြင့် ထွက်ခွာလာရာ စိန့်ပီတာ စဘတ်မြို့ရှိ မော်စကို ဘူတာ သို့ ဒေသ စံတော်ချိန် ည ၈ နာရီ ၄ဝ မိနစ်တွင် ရောက်ရှိသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အနောက်ပိုင်း စစ်ဒေသမှ ဒုစစ်ဒေသမှူး Major General Mareinyuk V.Oနှင့် တာဝန်ရှိသူများက ခရီးဦး ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခေတ္တ တည်းခိုမည့် Ambassador ဟိုတယ်သို့ ညပိုင်း တွင် ရောက်ရှိ ခဲ့ကြောင်း သတင်းရရှိသည်။
မြ၀တီ
No comments:
Post a Comment