Monday, June 17, 2013

မန္တလေး-ရှမ်းပြည်နယ် လမ်းပိုင်းများတွင် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းများ သယ်ဆောင်မှု ရှိကြောင်း ရှမ်းပြည်နယ် ၀န်ကြီးချုပ် ပြောကြား

မန္တလေး-ရှမ်းပြည်နယ် လမ်းပိုင်းများတွင် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းများ သယ်ဆောင်မှု ရှိကြောင်း ရှမ်းပြည်နယ် ၀န်ကြီးချုပ်
ပြောကြား
Monday, June 17, 2013

မန္တလေးနှင့် ရှမ်းပြည်နယ် လမ်းပိုင်းများတွင် ဆိုင်ကယ်များဖြင့် မူးယစ်ဆေးဝါးများ၊ လက်နက်ပစ္စည်း အစိတ်အပိုင်းများ သယ်ဆောင်မှု ရှိသဖြင့် (mobile team) အဖွဲ့များ အနေဖြင့် ဆိုင်ကယ်ကယ်ရီများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစိုင်းအောင်မြတ်က ပြောကြားသည်။

ဇွန် ၁၄ ရက်တွင် ရှမ်းပြည်နယ် နောင်ချိုမြို့တွင် ပြုလုပ်သော မန္တလေး-မူဆယ် လမ်းကြောင်း စားသုံးသူ အကာအကွယ်ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး (mobile team) အဖွဲ့(၁)မှ ရှမ်းပြည်နယ် ဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းသော (mobile team) အဖွဲ့သို့ လုပ်ငန်းတာဝန်များ လွှဲပြောင်း ပေးအပ်ရာတွင် ၀န်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစိုင်းအောင်မြတ်က ''အထူးသဖြင့်တော့ ဆိုင်ကယ်ကယ်ရီတွေ သတိထားပေးဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရှမ်းမြောက်မှာ လုပ်တုန်းကဆိုရင် လက်နက်အစိတ်အပိုင်းတွေ သယ်တာရှိတယ်။ မူးယစ်ဆေးဝါးတွေ သယ်တာရှိတယ်။ နောက် ဂိုဏ်းဆန်ဆန် ဖြစ်လာတာတွေရှိလို့ ဒါတွေကို ကြပ်ကြပ်မတ်မတ် စစ်ဆေး ဖော်ထုတ်ပေးဖို့ လိုပါတယ်'' ဟု ပြောကြားသည်။

လက်ရှိတွင် ဆိုင်ကယ်မှောင်ခိုသွင်းမှု ရှိနေသေးပြီး ဆိုင်ကယ်အပြင် အခြားပစ္စည်းများပါ တရားမ၀င် သယ်ယူမှု ရှိနေကြောင်း၊ ''သူတို့က သာမန်အားဖြင့် ရောင်းဝယ်တာထက်ကို တရားမ၀င်ပစ္စည်း သယ်ဆောင်တာမျိုးက ပိုများနေလို့ ဆိုင်ကယ်ကယ်ရီနဲ့ ပတ်သက်ပြီး သေသေချာချာ ဆောင်ရွက်သင့်ပါတယ်'' ဟု ၀န်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

တရားမ၀င် ကုန်သွယ်မှုများကို mobile team များ ဖွဲ့စည်းဆောင်ရွက်
နေသဖြင့် ကုန်သွယ်မှုများ တိုးတက်လာသော်လည်း တရားမ၀င် ကုန်သွယ်မှုများ ရှိနေသေးကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

မူးယစ်ဆေးဝါးများ တရားမ၀င် သယ်ဆောင်နေမှုများနှင့် ပတ်သက်၍ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသူ တစ်ဦးက ''မန္တလေး-မူဆယ် ယာဉ်လိုင်းတချို့က လမ်းတစ်ဝက်မှာ ဆိုင်ကယ်နဲ့ တရားမ၀င် ပစ္စည်းတွေ တင်တယ်။ သူတို့က စစ်ဆေးရေး လမ်းကြောင်းကို သိပြီးဖြစ်နေလို့ စစ်ဆေးရေးကျော်မှ လာတင်
ကြတာ။ ခရီးသည်တွေလည်း ဘာမှမပြောရဲဘူး'' ဟု ပြောသည်။

eleven media group
မန္တလေးနှင့် ရှမ်းပြည်နယ် လမ်းပိုင်းများတွင် ဆိုင်ကယ်များဖြင့် မူးယစ်ဆေးဝါးများ၊ လက်နက်ပစ္စည်း အစိတ်အပိုင်းများ သယ်ဆောင်မှု ရှိသဖြင့် (mobile team) အဖွဲ့များ အနေဖြင့် ဆိုင်ကယ်ကယ်ရီများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစိုင်းအောင်မြတ်က ပြောကြားသည်။

ဇွန် ၁၄ ရက်တွင် ရှမ်းပြည်နယ် နောင်ချိုမြို့တွင် ပြုလုပ်သော မန္တလေး-မူဆယ် လမ်းကြောင်း စားသုံးသူ အကာအကွယ်ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး (mobile team) အဖွဲ့(၁)မှ ရှမ်းပြည်နယ် ဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းသော (mobile team) အဖွဲ့သို့ လုပ်ငန်းတာဝန်များ လွှဲပြောင်း ပေးအပ်ရာတွင် ၀န်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစိုင်းအောင်မြတ်က ''အထူးသဖြင့်တော့ ဆိုင်ကယ်ကယ်ရီတွေ သတိထားပေး ဖိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရှမ်းမြောက်မှာ လုပ်တုန်းကဆိုရင် လက်နက်အစိတ်အပိုင်းတွေ သယ်တာရှိတယ်။ မူးယစ်ဆေးဝါးတွေ သယ်တာရှိတယ်။ နောက် ဂိုဏ်းဆန်ဆန် ဖြစ်လာတာတွေရှိလို့ ဒါတွေကို ကြပ်ကြပ်မတ်မတ် စစ်ဆေး ဖော်ထုတ်ပေးဖို့ လိုပါတယ်'' ဟု ပြောကြားသည်။

လက်ရှိတွင် ဆိုင်ကယ်မှောင်ခိုသွင်းမှု ရှိနေသေးပြီး ဆိုင်ကယ်အပြင် အခြားပစ္စည်းများပါ တရားမ၀င် သယ်ယူမှု ရှိနေကြောင်း၊ ''သူတို့က သာမန်အားဖြင့် ရောင်းဝယ်တာထက်ကို တရားမ၀င်ပစ္စည်း သယ်ဆောင်တာမျိုးက ပိုများနေလို့ ဆိုင်ကယ်ကယ်ရီနဲ့ ပတ်သက်ပြီး သေသေ ချာချာ ဆောင်ရွက်သင့် ပါတယ်'' ဟု ၀န်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

တရားမ၀င် ကုန်သွယ်မှုများကို mobile team များ ဖွဲ့စည်းဆောင်ရွက်နေသဖြင့် ကုန်သွယ်မှုများ တိုးတက်လာသော်လည်း တရားမ၀င် ကုန်သွယ်မှုများ ရှိနေသေးကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

မူးယစ်ဆေးဝါးများ တရားမ၀င် သယ်ဆောင်နေမှုများနှင့် ပတ်သက်၍ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသူ တစ်ဦး က ''မန္တလေး-မူဆယ် ယာဉ်လိုင်းတချို့က လမ်းတစ်ဝက်မှာ ဆိုင်ကယ်နဲ့ တရားမ၀င် ပစ္စည်းတွေ တင် တယ်။ သူတို့က စစ်ဆေးရေး လမ်းကြောင်းကို သိပြီးဖြစ်နေလို့ စစ်ဆေးရေးကျော်မှ လာတင်ကြတာ။ ခရီးသည်တွေလည်း ဘာမှမပြောရဲဘူး'' ဟု ပြောသည်။

eleven media group

No comments:

Post a Comment