Monday, June 17, 2013

ရခိုင်ပြည်တွင် ရခိုင်လူမျိုးများရှိနေသမျှ ဘင်္ဂလီများက ဘယ်တော့မှ ကျူးကျော်သိမ်းပိုက်၍မရဟု ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ မိန့်ဆို

ရခိုင်ပြည်တွင် ရခိုင်လူမျိုးများရှိနေသမျှ ဘင်္ဂလီများက ဘယ်တော့မှ ကျူးကျော်သိမ်းပိုက်၍မရဟု ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ မိန့်ဆို
Monday, June 17, 2013

ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများရှိနေသမျှ ကာလပတ်လုံး ဘင်္ဂလီလူမျိုးများ၏ အဓိက မဟာဗျူဟာ ပန်းတိုင်ဖြစ်သော ရခိုင်ပြည်နှင့် ရခိုင်လူမျိုးကို သိမ်းပိုက်ဝါးမျိုရေး အစီအစဉ်သည် ဘယ်ဘော့မှ အထမြောက် အောင်မြင်လာလိမ့်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင် ခေမာစာရက မိန့်ဆိုလိုက်သည်။

ဇွန်လ ၁၆ ရက် တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီခန့် အချိန်တွင် အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ် (Iowa State) မာရှဲလ်တောင်း (Marshalltown) မြို့ရှိ ရခိုင်အမျိုးသား အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲ တက်ရောက်လာသူများက ဘင်္ဂလီ-ရခိုင် ပဋိပက္ခနဲ့ ပတ်သက်၍ မေးမြန်းရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင် ခေမာစာရက ထိုသို့ မိန့်ဆိုလိုက်ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ် (Iowa State) မာရှဲလ်တောင်း (Marshalltown) မြို့ရှိ ရခိုင်အမျိုးသား အင်အားစုများနှင့် အရှင် ခေမာစာရ တွေ့ဆုံဆွေးနွေးမှုမှာ ပထမအကြိမ်ဖြစ်ပြီး ရခိုင်အမျိုးသားများ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘင်္ဂလီလူမျိုးများအနေဖြင့် ရိုဟင်ဂျာဆိုသည့် လူမျိုးအမည်သစ် မှည့်တွင်ပြောင်းလဲသည့်ကိစ္စမှာ ရခိုင်လူမျိုးများ၏ ဆန့်ကျင်ဘက်မဟုတ်ကြောင်း၊ မည်သည့်လူမျိုးမဆို အမည်သစ်ကိုမှည့်တွင်ခေါ်ဝေါ်၍ရကြောင်း၊ သို့သော် ရခိုင်ပထ၀ီ၊ ရခိုင်မြေ၊ ရခိုင်လူမျိုးများ၏ အကျိုးစီးပွား မှန်သမျှကို ထိခိုက်လာသည်မှာ ဆန့်ကျင်မှုဖြစ်ကြောင်း အရှင် ခေမာစာရက ယခုလို မိန့်ကြားသည်။

“ ဘင်္ဂလီလူမျိုးတွေအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်သစ် မှည့်တွင်ပြောင်းလဲတာက ဦးဇင်းတို့ ရခိုင်လူမျိုးတွေရဲ့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး၊ ဘယ်လိုမျိုးမဆို နာမည်သစ် ပြောင်းလဲ မှည့်ခေါ်လို့ရပါတယ်၊ ဒါပေမယ့် ရခိုင်လူမျိုးတွေရဲ့ နယ်မြေနှင့် အကျိုးစီးပွားမှန်သမျှကို ထိခိုက်လာတာကတော့ ဆန့်ကျင်မှုဘဲ ဖြစ်ပါတယ်။ ရခိုင်မြေမှာ နှစ်ပေါင်းများစွာကတည်းက လယ်ယာ ကိုင်းကျွန်းလုပ်ဖို့ ၀င်ရောက်လာပြီး နောက်ပိုင်းမှာ အခြေချနေထိုင်ခဲ့တဲ့ ဘင်္ဂလီအချို့ ရှိတယ်ဆိုတာကိုလည်း ဦးဇင်းတို့ သိပါတယ်။ ” ဟု မိန့်ဆိုသည်။

ဘင်္ဂလီလူမျိုးများက ရိုဟင်ဂျာဆိုသည်မှာ ရခိုင်လူမျိုး၊ ရခိုင်လူမျိုးဆိုသည်မှာ ယနေ့ ခေါ်ဆိုနေသည့် ရခိုင်လူမျိုးမဟုတ်ဘဲ ရိုဟင်ဂျာလူမျိုးကို ခေါ်ဆိုခြင်းသာဖြစ်သည်ဟု ကမ္ဘာက လက်ခံလာအောင် နည်းမျိုးစုံဖြင့် လိမ်ညာရေးသား လုပ်ဆောင်နေကြပြီး ၄င်းတို့အထဲတွင် မြန်မာကျောင်းသားတချို့လည်း ပါဝင်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ ဘင်္ဂလီလူမျိုးတွေက ရိုဟင်ဂျာဆိုတာဟာ ရခိုင်လူမျိုးဆိုပြီး လိမ်ညာရေးသား လုပ်ဆောင် အကောင်ထည်ဖော်နေကြတဲ့အထဲမှာ မြန်မာကျောင်းသား တချို့ပါဝင်နေကြပြီး ဒီလူတွေဟာ ဘင်္ဂလီ- ရခိုင် ပဋိပက္ခကို အဓိကဖန်တီးသူတွေအဖြစ် တရားခံစာရင်းတွေထဲမှာ ပါဝင်ကြတယ်။ ” ဟု အရှင် ခေမာစာရက မိန့်ကြားသည်။

ဘင်္ဂလီများနှင့် ဘင်္ဂလီဘက်တော်သားများ ရေးသား ထုတ်ဝေ ဖြန့်ချိထားသော ရိုဟင်ဂျာဆိုသည်နဲ့ ပတ်သက်သော စာအုပ်စာတန်းများသည် တခုနဲ့တခု ညီညွတ်တူညီမှုမရှိ၊ သမိုင်းဆိုင်ရာ အချက်အလက်များသည်လည်း အကွဲအလွဲများစွာရှိပြီး မည်သည့် စာအုပ်စာတန်းသမိုင်းကို အတည်ပြုရမှန်း မသိကြောင်းနှင့် ဘင်္ဂလီများ၏ မဟာဗျူဟာများကို ပြည်တွင်းပြည်ပ ရခိုင်များသာမက မြန်မာတိုင်းရင်းသားများနှင့် ကမ္ဘာကပါ သိရှိနားလည်ထားပြီ ဖြစ်ကြောင်းကို အရှင် ခေမာစာရက မိန့်ဆိုသည်။

“ ဘင်္ဂလီတွေနှင့် သူတို့ရဲ့ဘက်တော်သားတွေ ရေးသားထုတ်ဝေဖြန့်ချိထားတဲ့ ရိုဟင်ဂျာဆိုတဲ့ စာအုပ်စာတန်းတွေကို ဦးဇင်း သေသေချာချာ လေ့လာဖူးပါတယ်၊ တခုနဲ့တခုက ညီညွတ်မှုမရှိဘူး၊ သမိုင်းဆိုင်ရာ အချက်အလက်တွေဟာလဲ တော်တော်များများ ကွဲလွဲနေတာကို တွေ့ရပါတယ်၊ ဘင်္ဂလီတွေရဲ့ မဟာပျူဟာ ရည်မှန်းချက် ပန်းတိုင်က ဘာလဲဆိုတာကိုလည်း ဦးဇင်းတို့ ပြည်တွင်းပြည်ပ ရခိုင်တွေသာမက မြန်မာတိုင်းရင်းတွေ အားလုံးနဲ့ ကမ္ဘာကသိနေပါပြီ။ ” ဟု မိန့်ဆိုသွားခဲ့သည်။

Arakan Times
ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများရှိနေသမျှ ကာလပတ်လုံး ဘင်္ဂလီလူမျိုးများ၏ အဓိက မဟာဗျူဟာ
ပန်းတိုင်ဖြစ်သော ရခိုင်ပြည်နှင့် ရခိုင်လူမျိုးကို သိမ်းပိုက်ဝါးမျိုရေး အစီအစဉ်သည် ဘယ်ဘော့မှ အထမြောက် အောင်မြင်လာလိမ့်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင် ခေမာစာရက မိန့်ဆိုလိုက်သည်။

ဇွန်လ ၁၆ ရက် တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီခန့် အချိန်တွင် အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည် နယ် (Iowa State) မာရှဲလ်တောင်း (Marshalltown) မြို့ရှိ ရခိုင်အမျိုးသား အင်အားစု များနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲ တက်ရောက်လာသူများက ဘင်္ဂလီ-ရခိုင် ပဋိပက္ခနဲ့ ပတ်သက်၍ မေးမြန်းရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင် ခေမာစာရက ထိုသို့ မိန့်ဆိုလိုက်ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ် (Iowa State) မာရှဲလ်တောင်း (Marshalltown) မြို့ရှိ ရခိုင်အမျိုးသား အင်အားစုများနှင့် အရှင် ခေမာစာရ တွေ့ဆုံဆွေးနွေးမှုမှာ ပထမအကြိမ်ဖြစ်ပြီး ရခိုင်အမျိုးသားများ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘင်္ဂလီလူမျိုးများအနေဖြင့် ရိုဟင်ဂျာဆိုသည့် လူမျိုးအမည်သစ် မှည့်တွင်ပြောင်းလဲသည့်ကိစ္စမှာ ရခိုင် လူမျိုးများ၏ ဆန့်ကျင်ဘက်မဟုတ်ကြောင်း၊ မည်သည့်လူမျိုးမဆို အမည်သစ်ကိုမှည့်တွင်ခေါ်ဝေါ်၍ရကြောင်း၊ သို့သော် ရခိုင်ပထ၀ီ၊ ရခိုင်မြေ၊ ရခိုင်လူမျိုးများ၏ အကျိုးစီးပွား မှန်သမျှကို ထိခိုက်လာသည်မှာ ဆန့်ကျင်မှုဖြစ်ကြောင်း အရှင် ခေမာစာရက ယခုလို မိန့်ကြားသည်။

“ ဘင်္ဂလီလူမျိုးတွေအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်သစ် မှည့်တွင်ပြောင်းလဲတာက ဦးဇင်းတို့ ရခိုင် လူမျိုးတွေရဲ့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး၊ ဘယ်လိုမျိုးမဆို နာမည်သစ် ပြောင်းလဲ မှည့်ခေါ်လို့ရ ပါတယ်၊ ဒါပေမယ့် ရခိုင်လူမျိုးတွေရဲ့ နယ်မြေနှင့် အကျိုးစီးပွားမှန်သမျှကို ထိခိုက်လာတာကတော့ ဆန့်ကျင် မှုဘဲ ဖြစ်ပါတယ်။ ရခိုင်မြေမှာ နှစ်ပေါင်းများစွာကတည်းက လယ်ယာ ကိုင်းကျွန်းလုပ်ဖို့ ၀င်ရောက် လာပြီး နောက်ပိုင်းမှာ အခြေချနေထိုင်ခဲ့တဲ့ ဘင်္ဂလီအချို့ ရှိတယ်ဆိုတာကိုလည်း ဦးဇင်းတို့ သိပါတယ်။ ” ဟု မိန့်ဆိုသည်။

ဘင်္ဂလီလူမျိုးများက ရိုဟင်ဂျာဆိုသည်မှာ ရခိုင်လူမျိုး၊ ရခိုင်လူမျိုးဆိုသည်မှာ ယနေ့ ခေါ်ဆိုနေသည့် ရခိုင်လူမျိုးမဟုတ်ဘဲ ရိုဟင်ဂျာလူမျိုးကို ခေါ်ဆိုခြင်းသာဖြစ်သည်ဟု ကမ္ဘာက လက်ခံလာအောင် နည်းမျိုးစုံဖြင့် လိမ်ညာရေးသား လုပ်ဆောင်နေကြပြီး ၄င်းတို့အထဲတွင် မြန်မာကျောင်းသားတချို့လည်း ပါဝင်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ ဘင်္ဂလီလူမျိုးတွေက ရိုဟင်ဂျာဆိုတာဟာ ရခိုင်လူမျိုးဆိုပြီး လိမ်ညာရေးသား လုပ်ဆောင် အကောင်ထည်ဖော်နေကြတဲ့အထဲမှာ မြန်မာကျောင်းသား တချို့ပါဝင်နေကြပြီး ဒီလူတွေဟာ ဘင်္ဂလီ- ရခိုင် ပဋိပက္ခကို အဓိကဖန်တီးသူတွေအဖြစ် တရားခံစာရင်းတွေထဲမှာ ပါဝင်ကြတယ်။ ” ဟု အရှင် ခေမာစာရက မိန့်ကြားသည်။

ဘင်္ဂလီများနှင့် ဘင်္ဂလီဘက်တော်သားများ ရေးသား ထုတ်ဝေ ဖြန့်ချိထားသော ရိုဟင်ဂျာဆိုသည်နဲ့ ပတ်သက်သော စာအုပ်စာတန်းများသည် တခုနဲ့တခု ညီညွတ်တူညီမှုမရှိ၊ သမိုင်းဆိုင်ရာ အချက်အလက် များသည်လည်း အကွဲအလွဲများစွာရှိပြီး မည်သည့် စာအုပ်စာတန်းသမိုင်းကို အတည်ပြုရမှန်း မသိကြောင်းနှင့် ဘင်္ဂလီများ၏ မဟာဗျူဟာများကို ပြည်တွင်းပြည်ပ ရခိုင်များသာမက မြန်မာ တိုင်းရင်းသားများနှင့် ကမ္ဘာကပါ သိရှိနားလည်ထားပြီ ဖြစ်ကြောင်းကို အရှင် ခေမာစာရက မိန့်ဆိုသည်။

“ ဘင်္ဂလီတွေနှင့် သူတို့ရဲ့ဘက်တော်သားတွေ ရေးသားထုတ်ဝေဖြန့်ချိထားတဲ့ ရိုဟင်ဂျာဆိုတဲ့ စာအုပ်စာတန်းတွေကို ဦးဇင်း သေသေချာချာ လေ့လာဖူးပါတယ်၊ တခုနဲ့တခုက ညီညွတ်မှုမရှိဘူး၊ သမိုင်းဆိုင်ရာ အချက်အလက်တွေဟာလဲ တော်တော်များများ ကွဲလွဲနေတာကို တွေ့ရပါတယ်၊ ဘင်္ဂလီတွေရဲ့ မဟာပျူဟာ ရည်မှန်းချက် ပန်းတိုင်က ဘာလဲဆိုတာကိုလည်း ဦးဇင်းတို့ ပြည်တွင်းပြည်ပ ရခိုင်တွေသာမက မြန်မာတိုင်းရင်းတွေ အားလုံးနဲ့ ကမ္ဘာကသိနေပါပြီ။ ” ဟု မိန့်ဆိုသွားခဲ့သည်။

Arakan Times

No comments:

Post a Comment