Tuesday, June 25, 2013

မြန်မာ၏ ကံကောင်းခြင်း နိမိတ်ကို ယူလို၍ ဆင်ဖြူတော်ကို ထိုင်းက ဌားရမ်းခြင်းဟုဆို

Photo: မြန်မာ၏ ကံကောင်းခြင်း နိမိတ်ကို ယူလို၍ ဆင်ဖြူတော်ကို ထိုင်းက ဌားရမ်းခြင်းဟုဆို
Tuesday, June 25, 2013

ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ငှားရမ်းခြင်းသည် မြန်မာ နိုင်ငံ မှ ကောင်းသောနိမိတ်ကို ရယူ လိုသဖြင့် ငှားရမ်းခြင်းဖြစ်နိုင် ဖွယ်ရှိကြောင်း ဝါရင့်ဗေဒင်နက္ခတ် ပညာရှင်များက ထုတ်ဖော် ပြောဆိုလိုက်သည်။    နာမည်ကျော် ဆရာမင်းသိင်္ခ၏တပည့် ဆရာဇင်ယော်နီ က ''ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ ဆင်ဖြူတော်ကို ငှားတယ်ဆိုတာ က သူတို့က ကောင်းတဲ့နိမိတ်ကို ယူချင်လို့ ငှားရမ်းတယ်လို့ ထင် တယ်။ ဆင်ဖြူ ဆိုတာက ငှားလို့ ကောင်းတဲ့ ပစ္စည်းမဟုတ်ဘူး။ ငှား လိုက်ရင် မြန်မာနိုင်ငံအတွက် ဆိုးကျိုး မရှိရင်တောင်မှ ကောင်းကျိုး ဖြစ်လာစရာ မရှိနိုင်ဘူး။ လက်ရှိ သူတို့ငှားတယ်ဆိုတာက မြန်မာ ပြည်ထက် ဘုန်းကံနိမ့်တယ်လို့  ယူဆ နေပုံရတယ်။ အဲဒါကြောင့် ဆင်ဖြူကို ငှားတယ်လို့ထင်တယ်'' ဟု သုံးသပ်ပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများသည် လက် ရှိတွင်ပေါ်ထွန်းနေသည့် ဆင်ဖြူ တော်များ၏ အကျိုးသက်ရောက် မှု တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည် ဟု နက္ခတ်သိပ္ပံကျောင်းမှ အမှု ဆောင် ဒါရိုက်တာ ဦးဇေယျာကို က သုံးသပ်ပြောသည်။ ဦးဇေယျာကိုက ''အဓိကက တော့ မြန်မာ့သမိုင်းတွေမှာ ဆင် ဖြူတော်နဲ့ပတ်သက်ပြီး ပိုင်ဆိုင် တဲ့ဘုရင်တွေက ဘုန်းကြီးတယ်။ ကံကြီးတယ်။ တိုင်းပြည်အေးချမ်း သာယာတယ်။ အနော်ရထာမင်း နဲ့ အလောင်းစည်သူမင်းလက် ထက်မှာတုန်းက  ဆင်ဖြူတော် အစီး ၃ဝလောက် ပိုင်ဆိုင်တယ် ဆိုတာတွေ ရှိခဲ့ဖူးတယ်။ အခု လက်ရှိ ဒီမိုကရေစီနိုင်ငံမှာလဲ တိုင်းပြည်အေးချမ်းမှုနဲ့ စီးပွားရေး အလားအလာ ကောင်းတွေ က ဆင်ဖြူတော်တွေ ပိုင်ဆိုင်မှုရဲ့ အကျိုးသက်ရောက်မှု တစ်စိတ် တစ်ပိုင်းဖြစ်တယ်လို့ သတ်မှတ် လို့ရတယ်''ဟု သုံးသပ်ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအစိုး ရမှ မြန်မာ-ထိုင်း သံတမန်ဆက် ဆံရေး (၆၅)နှစ်မြောက်အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံမှဆင် ဖြူတော်တစ်စီးကို ငှားရမ်းခဲ့သော် လည်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ ငြင်းဆိုခဲ့ကြောင်းသိရသည်။ ဆင်ဖြူတော် များနှင့်ပတ် သက်၍ မြန်မာ့သမိုင်းအထောက် အထားများအရ  မြန်မာဘုရင် တစ်ပါးဖြစ်သည့် ဘုရင့်နောင်ကျော် ထင်နော်ရထာ လက်ထက်တွင် ထိုင်းနိုင်ငံမှဆင်ဖြူတော်ကို လက် ဆောင်ပဏ္ဍာအဖြစ် ဆက်သရန် တောင်းခံရာမှ ဆင်ဖြူတော်စစ် ပွဲဖြစ်ပွားခဲ့ကြောင်း သမိုင်းအ ထောက်အထားများအရ သိရ သည်။

ဦးဇေယျာကိုက ''ဆင်ဖြူ တော်တွေရှိနေတာက တိုင်းပြည် မှာ မင်္ဂလာရှိနေတာတွေနဲ့ တိုက် ဆိုင်နေတယ်။ ထိုင်းက ငှားရမ်း ပေမယ့် နိုင်ငံတော်အကြီးအကဲ တွေဘက်က ငှားဝံ့မယ်လို့မထင် ဘူး။ ငှားလိုက်လို့မှ  အကြောင်း တစ်စုံတစ်ရာ ဖြစ်သွားရင် နှစ် နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင် တယ်။ ထိုင်းတွေက မြန်မာတွေ ထက် ဗေဒင်လက္ခဏာကို ပိုယုံ ကြည်ကြတယ်။ ခေတ္တငှားလို့ရ ရင် သူတို့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး တွေ တည်ငြိမ်လာမယ်။ ရင်လတ် အစိုးရရဲ့ ရာထူးတည်မြဲရေး အ တွက် ငှားတယ်လို့ ယူဆတယ်။ ဆင်ဖြူတော် ရောက်ရှိရင် သူတို့ ရဲ့စီးပွားရေးတွေ ပြန်ပြီးမြင့်တက် လာနိုင်မယ်ဆိုပြီး ယူဆထားပုံရ တယ်''ဟု သုံးသပ်ပြောသည်။

ဆရာဇင်ယော်နီက ''ဆင် ဖြူတော်ဆိုတာက အိမ်နီးချင်း နိုင်ငံတွေမှာ အုပ်ချုပ်ရေးတွေ ပြည်သူတွေရဲ့ အရေးတွေနဲ့ပတ် သက်တယ်လို့ ယူဆကြတယ်။ အ ရှင်တောင်မကဘူး။ ဆင်ဖြူ တော် အသေကိုတောင် ရူးခဲ့ကြ တယ်။ ဆင်ဖြူ တော် ဆိုတာကောင်း တဲ့ နိမိတ်ဆိုပြီး ယုံကြည်တဲ့အ တွက် ထိုင်းနိုင်ငံကလဲ ငှားရမ်းတာ ဖြစ်နိုင်ပါတယ်''ဟု ပြောသည်။ ၁၉၆၂ခုနှစ် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီးနေဝင်းလက်ထက်တွင် ဆင် ဖြူတော် တစ်စီး ပေါ်ထွက်လာ ခဲ့ပြီး ယင်းဆင်ဖြူတော်သေဆုံး ပြီးနောက်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလည်း ကျဆုံးခဲ့ကာ ယင်းဆင်ဖြူတော် သေဆုံးခဲ့ခြင်း ကို ပြည်သူများအား အသိပေး ခြင်းမရှိခဲ့ကြောင်း သိရသည်။  လက်ရှိ မြန်မာ နိုင်ငံ တွင် ဆင်ဖြူတော်များ ပေါ်ထွက်နေ ခြင်းမှာ နက္ခတ္တဗေဒသဘောတရား များအရ အင်္ဂါဂြိုလ်ထိပ်ဆုံးတွင် ရောက်ရှိနေခြင်းကြောင့်ဖြစ် ကြောင်း၊ လာမည့် ဇွန် ၂၃ရက် နောက်ပိုင်းတွင် အင်္ဂါဂြိုလ်မှာ အညံ့ပိုင်း တွင်ရှိ နေပြီး  ပြည်တွင်း ၌ နိုင်ငံရေးဆိုင်ရာအခက်အခဲ များကို ဖြစ်ပေါ်သောကြောင့် ထိုင်းနိုင်ငံသို့ တခြားရိုးရိုးဆင် တစ်စီးကို လက်ဆောင်အဖြစ်ပေး သင့်ကြောင်း ယင်းကထပ်မံပြော သည်။

သန်းနိုင်ဦး ၊ ဝေဝေနှင်း
YMG
ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ငှားရမ်းခြင်းသည် မြန်မာ နိုင်ငံ မှ ကောင်းသောနိမိတ်ကို ရယူ လိုသဖြင့် ငှားရမ်းခြင်းဖြစ်နိုင် ဖွယ်ရှိကြောင်း ဝါရင့်ဗေဒင်နက္ခတ် ပညာရှင်များက ထုတ်ဖော် ပြောဆို လိုက်
သည်။ နာမည်ကျော် ဆရာမင်းသိင်္ခ၏တပည့် ဆရာဇင်ယော်နီ က ''ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ ဆင်ဖြူတော်ကို ငှားတယ်ဆိုတာ က သူတို့က ကောင်းတဲ့နိမိတ်ကို ယူချင်လို့ ငှားရမ်းတယ်လို့ ထင် တယ်။ ဆင်ဖြူ ဆိုတာက ငှားလို့ ကောင်းတဲ့ ပစ္စည်းမဟုတ်ဘူး။ ငှား လိုက်ရင် မြန်မာနိုင်ငံအတွက် ဆိုးကျိုး မရှိရင်တောင်မှ ကောင်းကျိုး ဖြစ်လာစရာ မရှိနိုင်ဘူး။ လက်ရှိ သူတို့ငှားတယ်ဆိုတာက မြန်မာ ပြည်ထက် ဘုန်းကံနိမ့်တယ်လို့ ယူဆ နေပုံရတယ်။ အဲဒါကြောင့် ဆင်ဖြူကို ငှားတယ်လို့ထင်တယ်'' ဟု သုံးသပ်ပြော သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများသည် လက် ရှိတွင်ပေါ်ထွန်းနေသည့် ဆင်ဖြူ တော်များ၏ အကျိုးသက်ရောက်မှုတစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည် ဟု နက္ခတ်သိပ္ပံကျောင်းမှ အမှု ဆောင် ဒါရိုက်တာဦးဇေယျာကိုက သုံးသပ်ပြောသည်။ ဦးဇေယျာကိုက ''အဓိကကတော့ မြန်မာ့သမိုင်းတွေမှာ ဆင် ဖြူတော်နဲ့ပတ်သက်ပြီး ပိုင်ဆိုင် တဲ့ဘုရင်တွေက ဘုန်းကြီးတယ်။ ကံကြီးတယ်။ တိုင်းပြည်အေးချမ်း သာယာတယ်။ အနော်ရထာမင်း နဲ့ အလောင်းစည်သူ မင်းလက် ထက်မှာတုန်းက ဆင်ဖြူတော် အစီး ၃ဝလောက် ပိုင်ဆိုင်တယ် ဆိုတာတွေ ရှိခဲ့ဖူးတယ်။ အခု လက်ရှိ ဒီမိုကရေစီနိုင်ငံမှာလဲ တိုင်းပြည်အေးချမ်းမှုနဲ့ စီးပွားရေး အလားအလာ ကောင်းတွေ က ဆင်ဖြူတော်တွေ ပိုင်ဆိုင်မှုရဲ့အကျိုးသက်ရောက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သတ်မှတ် လို့ရ တယ်''ဟု သုံးသပ်ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအစိုးရမှ မြန်မာ-ထိုင်း သံတမန်ဆက်ဆံရေး (၆၅)နှစ်မြောက်အထိမ်း အမှတ် အဖြစ် မြန်မာနိုင်ငံမှဆင် ဖြူတော်တစ်စီးကို ငှားရမ်းခဲ့သော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ ငြင်းဆို ခဲ့ကြောင်းသိရသည်။ ဆင်ဖြူတော် များနှင့်ပတ်သက်၍ မြန်မာ့သမိုင်းအထောက် အထားများ အရ မြန်မာ ဘုရင် တစ်ပါးဖြစ်သည့် ဘုရင့်နောင်ကျော် ထင်နော်ရထာ လက်ထက်တွင် ထိုင်းနိုင်ငံမှ ဆင်ဖြူတော်ကို လက် ဆောင်ပဏ္ဍာအဖြစ် ဆက်သရန် တောင်းခံရာမှ ဆင်ဖြူတော်စစ် ပွဲဖြစ်ပွားခဲ့ကြောင်း သမိုင်း အ ထောက်အထားများအရ သိရ သည်။

ဦးဇေယျာကိုက ''ဆင်ဖြူ တော်တွေရှိနေတာက တိုင်းပြည်မှာ မင်္ဂလာရှိနေတာတွေနဲ့ တိုက် ဆိုင်နေတယ်။ ထိုင်းက ငှားရမ်း ပေမယ့် နိုင်ငံတော်အကြီးအကဲ တွေဘက်က ငှားဝံ့မယ်လို့မထင် ဘူး။ ငှားလိုက်လို့မှ အကြောင်း တစ်စုံတစ်ရာ ဖြစ်သွားရင် နှစ် နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင် တယ်။ ထိုင်းတွေက မြန်မာတွေ ထက် ဗေဒင်လက္ခဏာကို ပိုယုံ ကြည်ကြတယ်။ ခေတ္တငှားလို့ရ ရင် သူတို့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး တွေ တည်ငြိမ်လာမယ်။ ရင်လတ်အစိုးရရဲ့ ရာထူးတည်မြဲရေးအတွက် ငှားတယ်လို့ယူဆတယ်။ ဆင်ဖြူတော် ရောက်ရှိရင် သူတို့ ရဲ့စီးပွားရေးတွေ ပြန်ပြီးမြင့်တက် လာနိုင်မယ်ဆိုပြီး ယူဆထားပုံရ တယ်''ဟု သုံးသပ်ပြောသည်။

ဆရာဇင်ယော်နီက ''ဆင် ဖြူတော်ဆိုတာက အိမ်နီးချင်းနိုင်ငံတွေမှာ အုပ်ချုပ်ရေးတွေ ပြည်သူတွေရဲ့ အရေးတွေနဲ့ပတ် သက်တယ်လို့ ယူဆကြတယ်။ အရှင်တောင်မကဘူး။ ဆင်ဖြူ တော် အသေကိုတောင် ရူးခဲ့ကြ တယ်။ ဆင်ဖြူတော် ဆိုတာကောင်းတဲ့ နိမိတ်ဆိုပြီး ယုံကြည်တဲ့အ တွက် ထိုင်းနိုင်ငံကလဲ ငှားရမ်းတာ ဖြစ်နိုင်ပါတယ်''ဟု ပြောသည်။ ၁၉၆၂ခုနှစ် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီးနေဝင်းလက်ထက်တွင် ဆင် ဖြူတော်တစ်စီးပေါ်ထွက်လာခဲ့ပြီး ယင်းဆင်ဖြူတော်သေဆုံး ပြီးနောက် တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလည်း ကျဆုံးခဲ့ကာ ယင်းဆင်ဖြူတော် သေဆုံးခဲ့ခြင်း ကို ပြည်သူများအား အသိပေး ခြင်းမရှိခဲ့ကြောင်း သိရသည်။ လက်ရှိ မြန်မာ နိုင်ငံ တွင် ဆင်ဖြူတော် များ ပေါ်ထွက်နေ ခြင်းမှာ နက္ခတ္တဗေဒသဘောတရားများအရ အင်္ဂါဂြိုလ်ထိပ်ဆုံး တွင် ရောက် ရှိနေခြင်းကြောင့်ဖြစ် ကြောင်း၊ လာမည့် ဇွန် ၂၃ရက် နောက်ပိုင်းတွင် အင်္ဂါဂြိုလ်မှာ အညံ့ပိုင်း တွင်ရှိ နေပြီး ပြည်တွင်း၌ နိုင်ငံရေးဆိုင်ရာအခက်အခဲ များကို ဖြစ်ပေါ်သောကြောင့် ထိုင်းနိုင်ငံသို့ တခြား ရိုးရိုးဆင် တစ်စီးကို လက်ဆောင်အဖြစ်ပေး သင့်ကြောင်း ယင်းကထပ်မံပြော သည်။

သန်းနိုင်ဦး ၊ ဝေဝေနှင်း
YMG

No comments:

Post a Comment