Sunday, June 16, 2013

ပဲခူးမြို့၊ အမှတ် (၁) ရဲစခန်းပိုင် လယ်မြေအား တာဝန်ကျစ ခန်းမှူးတစ်ဦး လွှဲပြောင်းရောင်းချမှု ဖြစ်ပွား

ပဲခူးမြို့၊ အမှတ် (၁) ရဲစခန်းပိုင် ၀န်ထမ်းသက်သာ လယ်မြေခုနစ်ဧကအား တစ်ဧကလျှင် ကျပ် ၃၅
သိန်းနှုန်းဖြင့် တာဝန်ကျစခန်းမှူး တစ်ဦးက ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ဦးအား လွှဲပြောင်းရောင်း ချမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်၊ ဇွန် ၁၄ ရက်၊ နံနက် ၁၀း၀၀ နာရီခန့်တွင် ပဲခူးမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံး၌ စုံစမ်းစစ်မေးမှုများ ပြုလုပ်ခဲ့သည်။ ဤကဲ့သို့ စစ်မေးမှုတွင် ဒေသခံ တောင်သူအချို့ အပါအ၀င် လယ်ယာမြေအား လွှဲပြောင်းရောင်းချရာတွင် ပတ်သက်မှုရှိသူဟု ယူဆရသော လူခြောက်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်မြေအား ရဲတပ်ဖွဲ့ဝင်များ၏ အချိုးကျ စုပေါင်းငွေများဖြင့် တပ်ဖွဲ့ပိုင်အဖြစ် ၀ယ်ယူ ထားခြင်းဖြစ်ကြောင်း သိရသည်။ လယ်မြေမှာ ပဲခူးမြို့၊ မြောက်ဘက်အထွက် ကလိတပ်ကလေး ကျေးရွာ အနီး၊ ကွင်းအမှတ် (၆၅၀)၊ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမဘေးတွင် တည်ရှိကြောင်း သိရသည်။ ထို့ကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ဦးက ၂၀၁၂ ခုနှစ်၊ ပွင့်လင်းရာသီတွင် တစ်ဧကလျှင် ကျပ် ၃၅ သိန်းနှုန်းဖြင့် ဈေးကောင်းပေး၍ ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမဘေးရှိ အချို့လယ်ယာမြေများဆိုလျှင် တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ခန့် ပေါက်ဈေးပေး၍ ၀ယ်ယူမှုများပင် ရှိကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များ၏ အချိုးကျ စုပေါင်းငွေများဖြင့် တပ်ဖွဲ့ပိုင်အဖြစ် ၀ယ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။ လယ်မြေမှာ ပဲခူးမြို့၊ မြောက်ဘက်အထွက် ကလိတပ်ကလေး ကျေးရွာအနီး၊ ကွင်းအမှတ် (၆၅၀)၊ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမဘေးတွင် တည်ရှိ . . . . .
အဆိုပါ လယ်မြေအား ၂၀၀၃ ခုနှစ်ဝန်းကျင်တွင် ပဲခူးမြို့၊ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်း၌ စခန်းမှူးအဖြစ် တာဝန်ကျသော ရဲအုပ်ဦးကျော်လှိုင် လက်ထက်တွင် တပ်ဖွဲ့ပိုင်အဖြစ် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ထိုအချိန် ၀ယ်ယူစဉ်က လယ်ခုနစ်ဧကကို ကျပ် ၁၀၀၀၀၀ ၀န်းကျင် ပေးခဲ့ရကြောင်း သိရသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များ၏ အင်အားဖြင့် ပျိုးခြံအဖြစ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဆက်လက် လုပ်ကိုင်ရန် အခြေအနေ မပေးတော့သဖြင့် ဒေသခံ တစ်ဦးအား သီးစားအဖြစ် လုပ်ကိုင်စေခဲ့ကြောင်း သိရ သည်။
ဤသို့ဖြင့် သီးစားအဖြစ် လုပ်ကိုင်ခဲ့သော ဒေသခံမှာ သီးစားခအဖြစ် တစ်နှစ်လျှင် ကျပ် ၁၂၀၀၀၀ နှုန်းဖြင့် အမှတ် (၁) ရဲစခန်း၏ ရန်ပုံငွေအဖြစ် နှစ်စဉ်ပေးသွင်းခဲ့ရကြောင်း သိရသည်။ အဆိုပါ ဒေသခံမှာ ယခုမရောင်းချမီ အချိန်ထိ သီးစားအဖြစ် ၁၀ နှစ်ကျော်ခန့် ဆက်တိုက်လုပ်ကိုင်ခဲ့ပြီး လယ်မြေ၀ယ်ယူစဉ် ကလည်း အချိုးကျငွေအဖြစ် ငွေကျပ် ၅၀၀၀ ကို ထည့်ဝင်ခဲ့ရကြောင်း သိရသည်။
"ရဲတပ်ဖွဲ့ပိုင်လယ်ကို ရောင်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဇွန်လ ၁၄ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ အဘကို ခေါ်စစ်တယ်၊ အဘနဲ့အတူ မူလလယ်ပိုင်ရှင်လည်း ပါတယ်၊ ပြီးတော့ အခြားလူ ခြောက်ယောက် လည်း ပါတယ်၊ သူတို့ကတော့ လယ်အရောင်းအ၀ယ် လုပ်တဲ့ကိစ္စမှာ ပတ်သက်မှု ရှိတဲ့လူတွေလို့တော့ ထင်တာပဲ၊ အဘကိုတော့ အထွေအထူးတွေ သိပ်ပြီးမမေးပါဘူး၊ အခုလယ်ကို သီးစားအဖြစ် လုပ်လာတာ ဘယ်လောက်ရှိပြီလဲ၊ ဒီလယ်ကို အမှတ် (၁)စခန်းက ငှားပြီးလုပ်တာလား၊ အပိုင်ဝယ်ထားတာလား ဆိုတာတွေကို မေးတယ်၊ အဘကတော့ အမှန်အတိုင်းပဲ ပြောခဲ့တယ်၊ အခုလို တပ်ဖွဲ့ပိုင်လယ် ကို ရောင်းစား တယ်ဆိုတဲ့ ကိစ္စက ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါ" ဟု စစ်မေးမှုတွင် ပါဝင်ခဲ့သူ ဒေသခံ တောင်သူကြီး တစ်ဦးက ပြောကြားခဲ့သည်။

From....Eleven

No comments:

Post a Comment