Saturday, June 1, 2013

စတုတ္ထတန်းနှင့် အဋ္ဌမတန်းများကို အတန်းတင်စာမေးပွဲ စနစ်ပြောင်းမည်

Photo: စတုတ္ထတန်းနှင့် အဋ္ဌမတန်းများကို အတန်းတင်စာမေးပွဲ စနစ်ပြောင်းမည်

ဇွန်လ ၁ ရက် ၂၀၁၃

အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းများတွင် ကျောင်းတွင်း စစ်ဆေးမှု စာမေးပွဲစနစ် ကျင့်သုံးရာမှ ကျောင်းမိသားစုနှင့် မြို့နယ်ခရိုင်အလိုက် အတန်းတင်စာမေးပွဲ များအဖြစ် ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောကြားသည်။
အဆိုပါစနစ်ကို အခြေခံပညာ ကျောင်းများနှင့် သက်ဆိုင်ရာပညာရေး ဝန်ထမ်းများထံ အကြောင်းမကြား ထားသေးသည့် အတွက် ယခုပညာသင်နှစ် စတင် ဖြစ် မဖြစ် မသေချာကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

အခြေခံပညာ အဆင့်အတန်း အသီးသီး၏ မေးခွန်းများသည် အလွတ်ကျက်မှတ် ဖြေဆိုရသော မေးခွန်းပုံစံ ဖြစ်သောကြောင့် ကလေးများ၏ စဉ်းစားတွေးခေါ်မှု စွမ်းရည် အားနည်းစေခြင်းတို့ကို လေ့လာ တွေ့ရှိရကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းအဆင့် ၁ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကျောင်းသားများအတွက် ကျောင်းပေါင်းစုံ သို့မဟုတ် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အလိုက် နှစ်ဆုံးစာမေးပွဲ ကျင်းပကာ တတ်မြောက်မှု စစ်ဆေးသင့်ကြောင်း ထပ်မံ အကြံပြုထားသည်။
"ကျောင်းသားတွေက အားထုတ်မှုတွေ အားနည်းကြတယ်။ အချိန်တန် အောင်မှာပေါ့ ဆိုတဲ့ စိတ်ပဲရှိတယ်" ဟု မူလတန်း လွန် ကျောင်းအုပ်ဆရာကြီးတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းကြောင့် အဆိုပါစာမေးပွဲစနစ်ကို ပြင်ဆင်မည်ဆိုပါက အခြေခံပညာရေးအတွက် သင့်တော်ပြီး ရာခိုင်နှုန်းပြည့် အောင်ချက်များ လျော့နည်းကာ အရည်အသွေးပိုင်း မြင့်မားလာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိအခြေခံပညာရေး စနစ်တွင် မူလတန်းမှ အလယ်တန်းအဆင့်ထိ အတန်းတိုင်းတွင် ရာခိုင်နှုန်းပြည့် အောင်ချက်များကြောင့် ပညာရေးစနစ် အားနည်းချက်များ ဖြစ်ပေါ်ကာ အဆင့်မြင့်ပညာရေးကဏ္ဍအထိ ထိခိုက်မှုများ ရှိလာသည့်အတွက် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွင် အခြေခံပညာရေးပိုင်းကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။

The Voice
အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းများတွင် ကျောင်းတွင်း စစ်ဆေးမှု စာမေးပွဲစနစ် ကျင့်သုံးရာမှ ကျောင်းမိသားစုနှင့် မြို့နယ်ခရိုင်အလိုက် အတန်းတင်စာမေးပွဲ များအဖြစ် ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောကြားသည်။

အဆိုပါစနစ်ကို အခြေခံပညာ ကျောင်းများနှင့် သက်ဆိုင်ရာပညာရေး ဝန်ထမ်းများထံ အကြောင်းမကြား ထားသေးသည့် အတွက် ယခုပညာသင်နှစ် စတင် ဖြစ် မဖြစ် မသေချာကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

အခြေခံပညာ အဆင့်အတန်း အသီးသီး၏ မေးခွန်းများသည် အလွတ်ကျက်မှတ် ဖြေဆိုရသော မေးခွန်း ပုံစံ ဖြစ်သောကြောင့် ကလေးများ၏ စဉ်းစားတွေးခေါ်မှု စွမ်းရည် အားနည်းစေခြင်း တို့ကို လေ့လာ တွေ့ရှိ ရကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းအဆင့် ၁ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကျောင်းသားများအတွက် ကျောင်းပေါင်းစုံ သို့မဟုတ် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အလိုက် နှစ်ဆုံးစာမေးပွဲ ကျင်းပကာ တတ်မြောက်မှု စစ်ဆေးသင့်ကြောင်း ထပ်မံ အကြံပြုထားသည်။
"ကျောင်းသားတွေက အားထုတ်မှုတွေ အားနည်းကြတယ်။ အချိန်တန် အောင်မှာပေါ့ ဆိုတဲ့ စိတ်ပဲရှိတယ်" ဟု မူလတန်း လွန် ကျောင်းအုပ်ဆရာကြီးတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းကြောင့် အဆိုပါစာမေးပွဲစနစ်ကို ပြင်ဆင်မည်ဆိုပါက အခြေခံပညာရေးအတွက် သင့်တော်ပြီး ရာခိုင်နှုန်းပြည့် အောင်ချက်များ လျော့နည်းကာ အရည်အသွေးပိုင်း မြင့်မားလာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိအခြေခံပညာရေး စနစ်တွင် မူလတန်းမှ အလယ်တန်းအဆင့်ထိ အတန်းတိုင်းတွင် ရာခိုင်နှုန်းပြည့် အောင်ချက်များကြောင့် ပညာရေးစနစ် အားနည်းချက်များ ဖြစ်ပေါ်ကာ အဆင့်မြင့်ပညာရေးကဏ္ဍအထိ ထိခိုက်မှုများ ရှိလာသည့်အတွက် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွင် အခြေခံပညာရေးပိုင်းကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။

The Voice

No comments:

Post a Comment