Friday, June 14, 2013

ဆီးရီးယားစစ်ကြောင့် သေဆုံးသူ ၉၃၀၀၀ ရှိ


Photo: ဆီးရီးယားစစ်ကြောင့် သေဆုံးသူ ၉၃၀၀၀ ရှိ
Friday, June 14 , 2013

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Navi Pillay ရဲ့အဆိုအရ ဆီးရီးယားနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၉၃၀၀၀ 
သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ကလေးငယ် အယောက်ပေါင်း ၆၀၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဆီး ရီး ယား ပြည်တွင်း စစ်ကြောင့် ပြည်သူ အယောက်ပေါင်း ၃၀၀၀၀ သေဆုံးရပြီးလို့ ကုလသမဂ္ဂက ပြောပြီး နောက် ၅ လအကြာမှာပဲ တစ် သိန်း နီး ပါး သေ ဆုံး ရကြောင်း ပြောဆိုလိုက်တာ
 ဖြစ်ပါတယ်။

ဒီလို သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဆီးရီးယားအစိုးရနဲ့ ဆီးရီးယားသူပုန်တွေ
 နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။

အစိုးရတပ်တွေက မြို့ပြဒေသတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ 
လေယာဉ်ကို အသုံးပြုပြီး တိုက်ခိုက်တာတွေနဲ့ ဗုံးကျဲတာတွေ နေ့နေ့ ညညလုပ်သလို အတိုက်အခံသူပုန်တွေကလည်း ပြည်သူတွေ နေထိုင်တဲ့ 
ဒေသမှာ ပစ်ခတ်မှုတွေ လုက်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ပြည်တွင်းစစ်ကြောင့် သေဆုံးသူတွေ များပြားနေချိန်မှာပဲ ဆီးရီးယားနိုင်ငံရဲ့ မြို့တော် Damascus မြို့မှာ ရှိတဲ့ နိုင်ငံတကာ လေဆိပ်ကို ဆီးရီးယား
သူပုန်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆီးရီးယားအစိုးရက
 ပြောပါတယ်။

ဒီလို ပစ်ခတ်မှုကြောင့် လေယာဉ်တချို့ မဆင်းသက်နိုင်တာတွေ၊ တချို့ အချိန်မှီ မပျံသန်းနိုင်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရအနေနဲ့ လေယာဉ်တွေကို အသုံးမပြုနိုင်အောင် သူပုန်
အဖွဲ့တွေ ကြိုးစားနေတဲ့ လအနည်းငယ်ကြာသွားပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

ABC Radio Australia
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ Navi Pillay ရဲ့အဆိုအရ ဆီးရီးယားနိုင်ငံမှာ ဖြစ်နေ တဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၉၃၀၀၀ သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ကလေးငယ် အယောက်ပေါင်း ၆၀၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဆီးရီးယား ပြည်တွင်း စစ်ကြောင့် ပြည်သူ အယောက်ပေါင်း ၃၀၀၀၀ သေဆုံး ရပြီးလို့ ကုလသမဂ္ဂက ပြောပြီး နောက် ၅ လအကြာမှာပဲ တစ်သိန်း နီး ပါး သေဆုံးရကြောင်း ပြောဆို လိုက်တာဖြစ်ပါတယ်။

ဒီလို သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဆီးရီးယားအစိုးရနဲ့ ဆီးရီးယားသူပုန်တွေနှစ်ဖက်စလုံးမှာ တာဝန်ရှိတယ် လို့လည်း ဆိုပါတယ်။ အစိုးရတပ်တွေက မြို့ပြဒေသတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေယာဉ်ကို အသုံးပြုပြီး တိုက်ခိုက်တာတွေနဲ့ ဗုံးကျဲတာတွေ နေ့နေ့ ညညလုပ်သလို အတိုက်အခံသူပုန်တွေ ကလည်း ပြည်သူတွေ နေထိုင်တဲ့ ဒေသမှာ ပစ်ခတ်မှုတွေ လုက်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ပြည်တွင်းစစ်ကြောင့် သေဆုံးသူတွေ များပြားနေချိန်မှာပဲ ဆီးရီးယားနိုင်ငံရဲ့ မြို့တော် Damascus မြို့မှာ ရှိတဲ့ နိုင်ငံတကာ လေဆိပ်ကိုဆီးရီးယားသူပုန်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆီးရီးယား အစိုးရကပြောပါတယ်။

ဒီလို ပစ်ခတ်မှုကြောင့် လေယာဉ်တချို့ မဆင်းသက်နိုင်တာတွေ၊ တချို့အချိန်မှီ မပျံသန်းနိုင် တာတွေ ဖြစ် ခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရအနေနဲ့ လေယာဉ်တွေကို အသုံးမပြုနိုင်အောင် သူပုန်အဖွဲ့တွေ ကြိုးစားနေတဲ့ လအနည်း ငယ်ကြာသွားပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။
ABC Radio Australia

No comments:

Post a Comment