Saturday, June 8, 2013

ပထမဆုံး ချစ်ကြည်ရေး မြန်မာ့ရေတပ် သဘောင်္ စစ်တကောင်း ဆိပ်ကမ်းသို့ ရောက်ရှိ

Myanmar-ship-arrives-on-4-day-goodwill-visit-Bangladesh
စစ်တကောင်းဆိပ်ကမ်းသော ရောက်ရှိလာသော မဟာ သီဟသူရ စစ်သင်္ဘော ( ဓါတ်ပုံ- ISPR)
လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အနေဖြင့်  မြန်မာ့ စစ်သင်္ဘော UMS မဟာ သီဟသူရ စစ်သင်္ဘော သည် ယမန်နေ့က စစ်တကောင်း ဆိပ်ကမ်းသို့ ရောက်ရှိ လာသည်ဟု ဘင်္ဂလာဒေခ်ျ့ အစိုးရက သတင်း ထုတ်ပြန်သည်။


သဘောင်္တွင် မြန်မာ အရာရှိ ၁၅ ဦး အပါအ၀င် သင်္ဘောသား ၁၂၁ ဦး လိုက်ပါ လာသည်ဟု သိရသည်။ ဘင်္ဂလာဒေခ်ျ့ ရေတပ်၏ဖိတ်ကြားချက်အရ မြန်မာရေတပ်သဘောင်္သည် ဘင်္ဂလာဒေခ်ျ့သို့ လာလည် ခြင်း ဖြစ်ပြီး ယခု ပြုလုပ်သော မြန်မာရေတပ်သဘောင်္၏  ချစ်ကြည်ခရီးစဉ်သည် နှစ်နိုင်ငံ အကြား ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုသည်။

မြန်မာ စစ်သင်္ဘောအား စစ်တကောင်း ရေတပ် စစ်ဌာနချုပ် ရေတပ် ဦးစီးမှူး ကပ္ပတိန် Gloam Sadek က ကြိုဆိုလက်ခံခဲ့သည်ဟု ဆိုသည်။

မြန်မာ ရေတပ် သင်္ဘော၏ လေးရက်ကြာ ခရီးစဉ် အတွင်း မြန်မာ ရေတပ် သင်္ဘောသာများ အနေဖြင့် ဘင်္ဂလာဒေခ်ျ့ ရေတပ် သဘောင်္ အများအပြားသို့ သွားရောက် လည်ပတ်ကြမည် ဖြစ်သလို ချစ်ကြည်ရေး အားကစားပြိုင်ပွဲများနှင့် ယဉ်ကျေးမူ ဖလှယ်ရေး အစီအစဉ်များကိုလည်း ပြုလုပ်ကြမည်ဟု သိရသည်။

UMS မဟာသီဟသူရ စစ်သင်္ဘောသည် ဇွန်လ ၁၁ ရက်နေ့တွင် စစ်တကောင်းဆိပ်ကမ်း မှ မြန်မာသို့ ပြန် လည် ထွက်ခွာမည် ဖြစ်သည်။

narinjara

 

No comments:

Post a Comment