Sunday, June 16, 2013

မြန်မာ့လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ရရှိ

ယခုနှစ် ဧပြီ၊ မေနှစ်လအတွင်း မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း
၄၀၀ နီးပါး ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ သိရသည်။
ဆန်နှင့် ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ နှစ်ရှည်သီးနှံ၊ သစ်သီးဝလံ၊ မီးဖိုချောင်အုပ်စုဝင် သီးနှံများ အစရှိသည့် မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုမှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၃၉၀ ဒသမ ၇၁၀ သန်းရှိကြောင်း သိရသည်။
အဆိုပါ နှစ်လတာ ကာလအတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၇၈၆၂၉ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၉ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ ပဲမျိုးစုံတန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅၆ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
ယခင် ဘဏ္ဍာရေးနှစ် (၂၀၁၂-၁၃) တစ်နှစ်လုံးတွင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း တန်ချိန် ၄၂ သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၂၄၀၀ ကျော် ရရှိခဲ့ကြောင်းလည်း သိရသည်။

From....Eleven  

No comments:

Post a Comment