Monday, June 24, 2013

ခုနစ်နှစ် အရွယ် ကလေးအား ကားမောင်း၍ အိမ်လိုက်ပို့ရန် စေခိုင်းသော အရက်သမားအား ရဲတပ်ဖွဲ့ တရားစွဲ

Photo: ခုနစ်နှစ် အရွယ် ကလေးအား ကားမောင်း၍ အိမ်လိုက်ပို့ရန် စေခိုင်းသော အရက်သမားအား ရဲတပ်ဖွဲ့ တရားစွဲ 
Monday, June 24, 2013

သြစတြေးလျ နိုင်ငံ ကွင်းစလန်း ပြည်နယ်၌ ဇွန် ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်က အရက်မူးသမား တစ်ဦးက အသက် ခုနစ်နှစ် အရွယ် ကလေး တစ်ဦးအား ကားမောင်း ခိုင်းကာ ၄င်း၏ နေအိမ်သို့  လိုက်ပို့ခိုင်း ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က  ၄င်းအားဖမ်းဆီး တရားစွဲ ထားကြောင်း သိရသည်။

ကင်းလှည့် ရဲကား တစ်စီးသည်  ဇွန် ၂၁ ရက် အစောပိုင်းက ရှေ့မီးမဖွင့်ဘဲ မောင်းနှင် လာသည့် မသင်္ကာဖွယ်ရာ ၄င်းကားအား ရပ်တန့်စေ၍ စစ်ဆေးခဲ့ရာ ခုနစ်အရွယ် လူငယ် တစ်ဦးအား ယာဉ်မောင်း နေရာတွင်  တွေ့ရပြီး အရက်မူး သမားကိုမူ ခရီးသည် ထိုင်ခုံတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် ၄င်းကလေးငယ်အား ကားမောင်းရန် စေခိုင်းခဲ့သော အရက်မူး သမားအား  ကြီးလေးသော  ယာဉ်စည်းကမ်း ချိုးဖောက်မှုဖြင့်  တရားစွဲဆို ထားသည်။  ဖော်ပြပါ ကလေးငယ်သည် ယခုအခါတွင် ဆွေမျိုးများ၏ စောင့်ရှောက်မှု အောက်တွင် ရှိနေပြီး ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ များစွာ အံ့သြ တုန်လှုပ်မိကြောင်း၊ ကွင်းစလန်း ပြည်နယ် ပို့ဆောင်ရေး ဝန်ကြီး  စကော့ အီမာဆန်က ပြောကြား ထားကြောင်း သိရသည်။   

မြ၀တီ
သြစတြေးလျ နိုင်ငံ ကွင်းစလန်း ပြည်နယ်၌ ဇွန် ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်က အရက်မူး သမား တစ်ဦးက အသက် ခုနစ်နှစ် အရွယ် ကလေး တစ်ဦးအား ကားမောင်း ခိုင်းကာ ၄င်း၏ နေအိမ်သို့
လိုက်ပို့ခိုင်း ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က ၄င်းအားဖမ်းဆီး တရားစွဲ ထားကြောင်း သိရသည်။

ကင်းလှည့် ရဲကား တစ်စီးသည် ဇွန် ၂၁ ရက် အစောပိုင်းက ရှေ့မီးမဖွင့်ဘဲ မောင်းနှင် လာသည့် မသင်္ကာ ဖွယ်ရာ ၄င်းကားအား ရပ်တန့်စေ၍ စစ်ဆေးခဲ့ရာ ခုနစ်အရွယ် လူငယ် တစ်ဦးအား ယာဉ်မောင်း နေရာ တွင် တွေ့ရပြီး အရက်မူး သမားကိုမူ ခရီးသည် ထိုင်ခုံတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် ၄င်းကလေးငယ်အား ကားမောင်းရန် စေခိုင်းခဲ့သော အရက်မူး သမားအား ကြီးလေးသော ယာဉ်စည်းကမ်း ချိုးဖောက်မှုဖြင့် တရားစွဲဆို ထားသည်။ ဖော်ပြပါ ကလေးငယ်သည် ယခုအခါ တွင် ဆွေမျိုး များ၏ စောင့်ရှောက်မှု အောက်တွင် ရှိနေပြီး ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ များစွာ အံ့သြ တုန်လှုပ်မိကြောင်း၊ ကွင်းစလန်း ပြည်နယ် ပို့ဆောင်ရေး ဝန်ကြီး စကော့ အီမာဆန်က ပြောကြား ထားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment