Tuesday, June 4, 2013

တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေး အတည်ပြုမည်

တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို ဇွန်လစတုတ္ထပတ်တွင် ပြန်လည်စတင်မည့် လွှတ်တော် အစည်းအဝေးများ၌ ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။


လာမည့်လွှတ်တော် အစည်းအဝေးများတွင် တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အသေးစား၊ အလတ်စား လုပ်ငန်းများကို ကာကွယ်သည့် ဥပဒေ၊ ကုန်အမှတ်တံဆိပ်နှင့် ၀န်ဆောင်မှု အမှတ်တံဆိပ်ဥပဒေ၊ ကွန်ဒိုမီနီယမ်ဥပဒေ (စုပေါင်းပိုင်အဆောက် အအုံဆိုင်ရာဥပဒေ)၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊ အထူးစီးပွားရေးဇုန် ဥပဒေ၊ တီထွင်မှု အမှတ်တံဆိပ်ဥပဒေ၊ စက်မှုဒီဇိုင်းဥပဒေ၊ မူပိုင်ခွင့်ဥပဒေ၊ ဘက်စုံ ပို့ဆောင်ရေးဥပဒေ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ၊ Competation Law၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေတို့ကို ဆွေးနွေး အတည်ပြုမည် ဖြစ်သည်။


ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်မှ စုံစမ်းတွေ့ရှိထားသည့် အချက်အလက်များကိုလည်း လာမည့် လွှတ်တော်တွင် တင်သွင်းမည်...
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''အခုကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဥပဒေကြမ်း ၁၃ ခုကို ဆွေးနွေးအတည်ပြု နိုင်အောင်လုပ်မယ်လို့ သိရပါတယ်။ ဒီထဲက တောင်သူ လယ်သမားဥပဒေ၊ ဆက်သွယ်ရေး ဥပဒေနဲ့ အသေးစား အလတ်စား ဥပဒေတွေက လက်ရှိလိုအပ်နေ တယ်။ အထူးစီးပွားရေးဇုန် ဥပဒေကတော့ နိုင်ငံတော် သမ္မတကြီးက အလျင်အမြန် ပြဋ္ဌာန်းနိုင်ဖို့ တိုက်တွန်းနေတဲ့ ဥပဒေဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ထို့ပြင် ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်မှ စုံစမ်းတွေ့ရှိထားသည့် အချက်အလက်များကိုလည်း လာမည့် လွှတ်တော်တွင် တင်သွင်းမည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လေ့လာသုံးသပ်ရေး ကော်မရှင်ကိုလည်း လာမည့်လွှတ်တော် အစည်းအဝေး ကာလတွင် ဖွဲ့စည်းနိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ELEVEN

No comments:

Post a Comment