Sunday, June 30, 2013

နှစ် ၂၀အတွင်း ရခိုင်ဒေသ ရေငန်ပုစွန်ထွက်နှုန်း လေးပုံသုံးပုံကျဆင်း

Photo: နှစ် ၂၀အတွင်း ရခိုင်ဒေသ ရေငန်ပုစွန်ထွက်နှုန်း လေးပုံသုံးပုံကျဆင်း
Sunday, June 30, 2013

သဘာဝအတိုင်း မွေးမြူသော ရခိုင်ပြည်နယ် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းသည် ၁၉၉၀ ပြည့်နှစ်မှ လက်ရှိအချိန်ထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပုစွန်ထွက်နှုန်း ငါးဆခန့် ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ် ငါးမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက The Voice သို့ ပြောကြားသည်။

ယင်းကဲ့သို့ ဆယ်စုနှစ် နှစ်စုအတွင်း ပုစွန်ထွက်နှုန်း ကျဆင်းခြင်းသည် ပင်လယ်ပြင်အတွင်း သဘာဝအလျောက် ဒီရေတောများ ပြုန်းတီးလာပြီး ငါးသယံဇာတ ရှားပါးလာခြင်းနှင့် ခေတ်မီကိရိယာများ သုံး၍ ငါး ၊ ပုစွန် အလွန်အကျွံ ဖမ်းဆီးမှုများကြောင့် ဖြစ်ကာ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်ခန့်က သဘာဝနည်းဖြင့် ရေငန်ပုစွန် တစ်ဧကမွေးမြူလျှင် ပုစွန်အထွက်နှုန်း ၂၀ ကီလိုဂရမ်မှ ၄၀ ကီလိုဂရမ်ခန့် ရရှိခဲ့ရာမှ လက်ရှိတွင် ၄ ကီလိုဂရမ်မှ အများဆုံး ၁၀ ကီလိုဂရမ်ခန့်သာ ထွက်ရှိတော့သည်ဟု ၎င်းကဆိုသည်။

သဘာဝအတိုင်း ရေငန်ပုစွန် မွေးမြူသည့်နည်းမှာ ပင်လယ်ရေ တက်ချိန်တွင် ပင်လယ်ရေအတွင်း ပါရှိလာသည့် ပုစွန်များကို ရေကျချိန်တွင် ပြန်ပါမသွားစေရန် တားဆီးမွေးမြူသော နည်းစနစ် ဖြစ်ပြီး အစာအတွက် ရင်းနှီးမြှုပ်နှံမှု မပြုဘဲ သဘာဝ အစာဖြင့်သာ မွေးမြူသည့် လုပ်ငန်း ဖြစ်သည်ဟု ဒေသခံ ရေငန် ပုစွန် မွေးမြရေးလုပ်ငန်းရှင်များက ဆိုသည်။

အဆိုပါ ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းများကို ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ရမ်းဗြဲနှင့် ကျောက်ဖြူမြို့တို့တွင် မွေးမြူလျက် ရှိသည်ဟု ဒေသခံ မွေးမြူရေး လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

“ပုစွန်မွေးတဲ့ ကန်တွေက နှစ်တွေကြာလာတော့ ပြန်ပြင်ဖို့ လိုနေပြီ။ မွေးမြူရေး လုပ်ငန်းရှင်တွေက အရင်းအနှီးနဲ့ နည်းပညာ လိုအပ်နေတယ်” ဟု စစ်တွေမြို့တွင် ရေငန်ပုစွန်ကို သဘာဝအတိုင်း မွေးမြူနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝတရား ပြောင်းလဲလာမှုများကြောင့် ပင်လယ်ပြင်အတွင်း ပုစွန်သားပေါက်များ ရှားပါးလျက် ရှိပြီး သဘာဝနည်းဖြင့် ရေငန်ပုစွန် မွေးမြူသည့် လုပ်ငန်းများလည်း အထွက်နှုန်းများ သိသာစွာ ကျဆင်းလာလျက် ရှိကြောင်း ရေငန်ပုစွန် မွေးမြူရေး ပညာရှင် ဒေါက်တာ ကျော်ထွန်းမြင့်က ပြောကြားသည်။

ယင်းအခြေအနေ များကြောင့် ရေငန်ပုစွန် မွေးမြူရေး နည်းစနစ်ကို ပြောင်းလဲရန် လိုအပ်လျက်ရှိပြီး ပုစွန်ထွက်နှုန်း မြင့်တက်လာစေရန်အတွက် ခေတ်မီ နည်းပညာများဖြင့် မွေးမြူရန် လိုအပ်လျက် ရှိသည်ဟု ရေငန်ပုစွန် မွေးမြူရေးပညာရှင် ဒေါက်တာကျော်ထွန်းမြင့်က ပြောကြားသည်။

“သဘာဝအတိုင်း မွေးတဲ့ကန်တွေက ဧက ၁၀၀ ၊ ၁၅၀ လောက် ကျယ်တယ်။ ခေတ်မီနည်းနဲ့ မွေးတဲ့ ကန်တွေရဲ့ အကျယ်က နှစ်ဧက ဝန်းကျင်လောက်ရှိပြီး တစ်ဧကကို ပုစွန်အထွက်နှုန်းက သုံးတန်ခွဲနီးပါးလောက် ထွက်တယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ပင်လယ်ပြင် ငါးသယံဇာတ ရှားပါးလာမှုနှင့် ရေငန်ပုစွန် မွေးမြူရေးတွင် အထွက်နှုန်း ကျဆင်းလာမှုကြောင့် စစ်တွေမြို့ရှိ ရေထွက်ပို့ကုန် ပြုပြင်ထုတ်လုပ်သည့် အအေးခန်း စက်ရုံအချို့ကို ပိတ်ထားရလျက် ရှိပြီး ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ရေငန်ပုစွန် မွေးမြူရေး ဧက တစ်သိန်း နီးပါးခန့် ရှိကြောင်း ရခိုင်ပြည်နယ်ငါး လုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

The Voice Weekly
သဘာဝအတိုင်း မွေးမြူသော ရခိုင်ပြည်နယ် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းသည် ၁၉၉၀ ပြည့်နှစ်မှ လက်ရှိအချိန်ထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပုစွန်ထွက်နှုန်း ငါးဆခန့် ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ် ငါးမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက The Voice သို့ ပြောကြားသည်။ ယင်းကဲ့သို့ ဆယ်စုနှစ် နှစ်စုအတွင်း ပုစွန်ထွက်နှုန်း ကျဆင်းခြင်းသည် ပင်လယ်ပြင်အတွင်း သဘာဝအလျောက် ဒီရေတောများ ပြုန်းတီးလာပြီး ငါးသယံဇာတ ရှားပါးလာခြင်းနှင့် ခေတ်မီကိရိယာများ သုံး၍ ငါး ၊ ပုစွန် အလွန်အကျွံ ဖမ်းဆီးမှုများကြောင့် ဖြစ်ကာ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်ခန့်က သဘာဝနည်းဖြင့် ရေငန်ပုစွန် တစ်ဧကမွေးမြူလျှင် ပုစွန်အထွက်နှုန်း ၂၀ ကီလိုဂရမ်မှ ၄၀ ကီလိုဂရမ်ခန့် ရရှိခဲ့ရာမှ လက်ရှိတွင် ၄ ကီလိုဂရမ်မှ အများဆုံး ၁၀ ကီလိုဂရမ်ခန့်သာ ထွက်ရှိတော့သည်ဟု ၎င်းကဆိုသည်။

သဘာဝအတိုင်း ရေငန်ပုစွန် မွေးမြူသည့်နည်းမှာ ပင်လယ်ရေ တက်ချိန်တွင် ပင်လယ်ရေအတွင်း ပါရှိလာသည့် ပုစွန်များကို ရေကျချိန်တွင် ပြန်ပါမသွားစေရန် တားဆီးမွေးမြူသော နည်းစနစ် ဖြစ်ပြီး အစာအတွက် ရင်းနှီးမြှုပ်နှံမှု မပြုဘဲ သဘာဝ အစာဖြင့်သာ မွေးမြူသည့် လုပ်ငန်း ဖြစ် သည်ဟု ဒေသခံ ရေငန် ပုစွန် မွေးမြရေးလုပ်ငန်းရှင်များက ဆိုသည်။

အဆိုပါ ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းများကို ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ရမ်းဗြဲနှင့် ကျောက်ဖြူမြို့တို့တွင် မွေးမြူလျက် ရှိသည် ဟု ဒေသခံ မွေးမြူရေး လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

“ပုစွန်မွေးတဲ့ ကန်တွေက နှစ်တွေကြာလာတော့ ပြန်ပြင်ဖို့ လိုနေပြီ။ မွေးမြူရေး လုပ်ငန်းရှင်တွေက အရင်းအနှီးနဲ့ နည်းပညာ လိုအပ်နေတယ်” ဟု စစ်တွေမြို့တွင် ရေငန်ပုစွန်ကို သဘာဝ အတိုင်း မွေးမြူနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝတရား ပြောင်းလဲလာမှုများကြောင့် ပင်လယ်ပြင်အတွင်း ပုစွန်သားပေါက် များ ရှားပါးလျက် ရှိပြီး သဘာဝနည်းဖြင့် ရေငန်ပုစွန် မွေးမြူသည့် လုပ်ငန်းများလည်း အထွက်နှုန်းများ သိသာစွာ ကျဆင်းလာလျက် ရှိကြောင်း ရေငန်ပုစွန် မွေးမြူရေး ပညာရှင် ဒေါက်တာ ကျော်ထွန်းမြင့်က ပြောကြားသည်။

ယင်းအခြေအနေ များကြောင့် ရေငန်ပုစွန် မွေးမြူရေး နည်းစနစ်ကို ပြောင်းလဲရန် လိုအပ်လျက်ရှိပြီး ပုစွန်ထွက်နှုန်း မြင့်တက်လာစေရန်အတွက် ခေတ်မီ နည်းပညာများဖြင့် မွေးမြူရန် လိုအပ်လျက် ရှိသည်ဟု ရေငန်ပုစွန် မွေးမြူရေးပညာရှင် ဒေါက်တာကျော်ထွန်းမြင့်က ပြောကြားသည်။

“သဘာဝအတိုင်း မွေးတဲ့ကန်တွေက ဧက ၁၀၀ ၊ ၁၅၀ လောက် ကျယ်တယ်။ ခေတ်မီနည်းနဲ့ မွေးတဲ့ ကန်တွေရဲ့ အကျယ်က နှစ်ဧက ဝန်းကျင်လောက်ရှိပြီး တစ်ဧကကို ပုစွန်အထွက်နှုန်းက သုံးတန်ခွဲနီးပါးလောက် ထွက်တယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ပင်လယ်ပြင် ငါးသယံဇာတ ရှားပါးလာမှုနှင့် ရေငန်ပုစွန် မွေးမြူရေးတွင် အထွက်နှုန်း ကျဆင်းလာမှုကြောင့် စစ်တွေမြို့ရှိ ရေထွက်ပို့ကုန် ပြုပြင်ထုတ်လုပ်သည့် အအေးခန်း စက်ရုံအချို့ကို ပိတ်ထားရလျက် ရှိပြီး ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ရေငန်ပုစွန် မွေးမြူရေး ဧက တစ်သိန်း နီးပါးခန့် ရှိကြောင်း ရခိုင်ပြည်နယ်ငါး လုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment