Friday, June 14, 2013

ရက်ပေါင်း ၄၀ အတွင်း နိုင်ငံသား လုပ်ငန်းရှင်များ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော် ထပ်မံမြှုပ်နှံ

Photo: ရက်ပေါင်း ၄၀ အတွင်း နိုင်ငံသား လုပ်ငန်းရှင်များ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော် ထပ်မံမြှုပ်နှံ
Friday, June 14 , 2013

၂၀၁၃ ခုနှစ် မေ ၁ ရက်မှ ဇွန်လ ၁၀ ရက်အထိ ရက်ပေါင်း ၄၀ အတွင်း မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှာ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော်ပမာဏအထိ ထပ်မံမြှုပ်နှံခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံသား လုပ်ငန်းရှင်များမှ လုပ်ငန်းကိုးခုတွင် ထပ်မံမြှုပ်နှံခြင်းဖြစ်ပြီး အခြားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍနှစ်ခုတွင် မြှုပ်နှံခြင်းဖြစ်ကြောင်း သိရသည်။

ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ရက်ပေါင်း ၄၀ တွင်း ကျပ်သန်းပေါင်း ၁၉၄၈၉ ဒသမ ၁၉ မြှုပ်နှံပြီး အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ကျပ်သန်းပေါင်း ၁၀၄၁၉၅ ကျော် အထိ မြှုပ်နှံခြင်းဖြစ်သည်။

နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် ယခုလပိုင်းများအတွင်း BOT စနစ်ဖြင့် ဆိပ်ခံတံတား တည်ဆောက်ကာ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးသည့် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် အဓိက မြှုပ်နှံခြင်းဖြစ်ကြောင်း သိရသည်။
ယခု နောက်ပိုင်းတွင်မူ BOT စနစ်ဖြင့် နိုင်ငံပိုင်မြေကွက်၊ အဆောက်အအုံ များအား ရယူကာ စီးပွားရေးဆိုင်ရာ အဆောက်အအုံများအား တည်ဆောက် သည့် လုပ်ငန်းများတွင် အများအပြား မြှုပ်နှံလာခြင်း ဖြစ်ကြောင်း...

ထိုသို့ မြှုပ်နှံလာသည့်အတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ တိုင်းရင်းသား လုပ်ငန်းရှင်များ မြှုပ်နှံထားသည့် ပမာဏ စုစုပေါင်းမှာ ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက် အထိ ဆိုပါက ကျပ်သန်းပေါင်း ၃၀၀၀၀၀၀ နီးပါး (ကျပ်ဘီလျံ ၃၀၀၀ နီးပါးအထိ) ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် မြှုပ်နှံရာတွင် ယခင်က လျှပ်စစ်စွမ်းအား ကဏ္ဍတွင် အဓိက မြှုပ်နှံသော်လည်း ယခု နောက်ပိုင်း တွင်မူ BOT စနစ်ဖြင့် နိုင်ငံပိုင်မြေကွက်၊ အဆောက်အအုံများအား ရယူကာ စီးပွားရေးဆိုင်ရာ အဆောက်အအုံများအား တည်ဆောက်သည့် လုပ်ငန်းများတွင် အများအပြား မြှုပ်နှံလာခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံရခြင်း အဓိက အကြောင်း ရင်းမှာ စီမံကိန်းအတွက် တည်ဆောက်ရာတွင် လိုအပ်သည့် ကုန်ကြမ်း များအား အခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်ပမှ တင်သွင်းခွင့် ရရှိသကဲ့သို့ လုပ်ငန်းစတင်သည်မှ ငါးနှစ်အထိ အခွန်ကင်းလွတ်ခွင့်များ ရရှိသည့် အတွက် မြှုပ်နှံကြခြင်း ဖြစ်သည်။

EMG
၂၀၁၃ ခုနှစ် မေ ၁ ရက်မှ ဇွန်လ ၁၀ ရက်အထိ ရက်ပေါင်း ၄၀ အတွင်း မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ မှာ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော်ပမာဏအထိ ထပ်မံမြှုပ်နှံခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန် ချက်များအရ သိရသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံသားလုပ်ငန်းရှင်များမှ လုပ်ငန်းကိုးခုတွင် ထပ်မံမြှုပ်နှံခြင်း   ဖြစ်ပြီး အခြားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍနှစ်ခု တွင် မြှုပ်နှံခြင်းဖြစ်ကြောင်း သိရ သည်။

ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ရက်ပေါင်း ၄၀ တွင်း ကျပ်သန်းပေါင်း ၁၉၄၈၉ ဒသမ ၁၉ မြှုပ်နှံပြီး အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ကျပ်သန်းပေါင်း ၁၀၄၁၉၅ ကျော် အထိ မြှုပ်နှံခြင်းဖြစ်သည်။

နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် ယခုလပိုင်းများအတွင်း BOT စနစ်ဖြင့် ဆိပ်ခံတံတား တည်ဆောက် ကာ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးသည့် ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရန်အတွက် အဓိကမြှုပ်နှံခြင်းဖြစ်   ကြောင်း သိရသည်။ ယခု နောက်ပိုင်းတွင်မူ BOT စနစ်ဖြင့် နိုင်ငံပိုင်မြေကွက်၊ အဆောက်အအုံ များအား ရယူကာ စီးပွားရေးဆိုင်ရာ အဆောက်အအုံများအား တည်ဆောက် သည့် လုပ်ငန်းများတွင် အများအပြား မြှုပ်နှံလာခြင်း ဖြစ်ကြောင်း...

ထိုသို့ မြှုပ်နှံလာသည့်အတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ တိုင်းရင်းသား လုပ်ငန်းရှင် များ မြှုပ်နှံထားသည့် ပမာဏ စုစုပေါင်းမှာ ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက် အထိ ဆိုပါက ကျပ်သန်းပေါင်း ၃၀၀၀၀၀၀ နီးပါး (ကျပ်ဘီလျံ ၃၀၀၀ နီးပါးအထိ) ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် မြှုပ်နှံရာတွင် ယခင်က လျှပ်စစ်စွမ်းအား ကဏ္ဍတွင် အဓိက မြှုပ်နှံသော်လည်း ယခု နောက်ပိုင်း တွင်မူ BOT စနစ်ဖြင့် နိုင်ငံပိုင်မြေကွက်၊ အဆောက်အအုံ များအား ရယူကာ စီးပွားရေးဆိုင်ရာ အဆောက်အအုံများအား တည်ဆောက်သည့် လုပ်ငန်းများတွင် အများအပြား မြှုပ်နှံလာခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံရခြင်း အဓိက အကြောင်း ရင်းမှာ စီမံကိန်းအတွက် တည်ဆောက်ရာတွင် လိုအပ်သည့် ကုန်ကြမ်း များအား အခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်ပမှ တင်သွင်းခွင့် ရရှိသကဲ့သို့ လုပ်ငန်းစတင်သည်မှ ငါးနှစ်အထိ အခွန်ကင်းလွတ်ခွင့်များ ရရှိသည့် အတွက် မြှုပ်နှံ ကြခြင်း ဖြစ်သည်။

EMG

No comments:

Post a Comment